Monday, August 3, 2026

နိုင်ငံတော်အစိုးရက ရှေ့ဆက်လက် ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထောက်ခံဟု...

နိုင်ငံတော်အစိုးရက ရှေ့ဆက်လက် ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထောက်ခံပြီး သ ဘောထားကွဲလွဲမှုများကိုဖြေရှင်းရန်အမြဲလိုက်နာကျင့် သုံးလျက်ရှိသည်ဟု "ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း က ယနေ့ သြဂုတ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီး ချုပ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း၌ တ ရားဝင်ခရီးစဉ်(Official Visit)သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌...

လေးမျက်နှာမြို့နယ်ရေဘေးအတွက် လှူဒါန်းလိုသူများဆက်သွယ်နိုင်မည့်လူပုဂ္ဂိုလ်နှင့် ဖုန်းနံပတ်များကို တိုင်းအစိုးရအဖွဲ့အသိပေး

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင်ဖြစ်ပွားလျက်ရှိသော ရေဘေးဖြစ်စဥ်နှင့်ပတ်သက်၍ ရေဘေးသင့်သူများကိုကူညီရန်အကြောင်းပြကာ လမ်းမများပေါ်၌ မသမာသောနည်းလမ်းများဖြင့် ငွေကြေးလိုက်လံအလှူ ခံနေမှုများအားတွေ့ရှိနေရသည်ဟု ဧရာဝတီတိုင်းအစိုး ရအဖွဲ့က အသိပေးထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ရေဘေးသင့်သူများအတွက် အလှူငွေနှင့်...

ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပေါ်ရှိ တံတားအမှတ် (၂/၆)...

လေးမျက်နှာ၊ သြဂုတ်-၃ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ငဝန်ရေကာတာကျိုးပေါက်မှု၏ အကျိုးဆက်ကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်း ကားလမ်းမပေါ်ရှိ တံတားအမှတ် (၂/၆) သည် ရေတိုက်စားမှုဖြစ်ပေါ်ကာ ရေစီးနောက် မျောပါပျက်စီးသွားကြောင်း...
HomeNewsLocal Newsဆေးဝါးစက်ရုံခွဲ(ရွာသာကြီး)မှ ဖေဖော်ဝါရီလအ တွင်း...

ဆေးဝါးစက်ရုံခွဲ(ရွာသာကြီး)မှ ဖေဖော်ဝါရီလအ တွင်း ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးစမ်းသပ်ထုတ်လုပ်မည်

ဆေးဝါးစက်ရုံခွဲ(ရွာသာကြီး)မှ ဖေဖော်ဝါရီလအ တွင်း ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးစမ်းသပ်ထုတ်လုပ်မည်

ဆေးဝါးစက်ရုံ(အင်းစိန်)၏ စက်ရုံခွဲဖြစ်သည့် ဆေးဝါးစက်ရုံ(ရွာသာကြီး)မှ ဖေဖော်ဝါလအ တွင်း၌ ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးအား စမ်း သပ်ထုတ်လုပ်သွားမည်ဖြစ်ကာ စမ်းသပ်ထုတ် လုပ်မှုပြီးပါက တစ်လလျင် ကာကွယ်ဆေးတစ် သန်းထုတ်လုပ်သွားမည်ဟု မြန်မာ့ဆေးဝါးလုပ် ငန်းမှသိရသည်။

“လက်ရှိအချိန်မှာ ဆေးဝါးစက်ရုံခွဲ(ရွာသာကြီး)မှာ ကိုဗစ်ကာကွယ်ဆေးထုတ်ဖို့ စီစဥ်နေပါပြီ လိုအပ်တဲ့စက်နဲ့စက်ပစ္စည်းတွေ တခြားလိုအပ်တဲ့ အ ထောက်အကူပြုပစ္စည်းတွေကိုလည်းဝယ်ယူဖြည့်တင်းပြီးပါပြီ ဒီဖေဖော်ဝါရီလထဲမှာစမ်းသပ်ထုတ် လုပ်တဲ့အဆင့်ကိုစပါမယ်”ဟု မြန်မာ့ဆေးဝါးလုပ် ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးဦးမျိုးဇာနည်ဝင်းကပြောသည်။

စမ်းသပ်ထုတ်လုပ်သည့်အဆင့်ပြီးပါက တစ်လလျင် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး doses ၁ သန်းထုတ်လုပ်သွားမည်ဖြစ်ကာ စုစုပေါင်း ၁၀ သန်းအထိထုတ်လုပ်သွားမည်ဖြစ်သည်ဟု သိရသည်။

“စျေးနှုန်းသက်သာမယ်ဆိုတာကိုတော့ပြောနိုင်ပါတယ် ဘယ်လောက်အထိသက်သာမယ်ဆိုတာကိုတော့ အခုချိန်ထိပြောလို့မရသေးဘူး”ဟုဦးဆောင်ညွှန်ကြားရေးမှူးဦးမျိုးဇာနည်ဝင်းကဆက်ပြောသည်။

ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထုတ်လုပ်ပြီးပါက ဖြန့်ဖြူးမှုစနစ်အနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနတစ်ခုထဲကိုသာ တိုက်ရိုက်ရောင်းချပေးသွားမည်ဖြစ်ကာ ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ် (၁၉)ရောဂါကာ ကွယ်ဆေးထိုးလုပ်ငန်းများအား ဆက်လက်လုပ်ကိုင်မည်ဖြစ်သည်။

“ကျွန်တော်တို့က ကျန်းမာရေးဝန်ကြီးဌာနရဲ့ လို အပ်ချက်ကိုပဲဖြည့်ဆည်းပေးမှာပါ ၁၀ သန်းအထိထုတ်လုပ်မယ် ကျန်းမာရေးအရ လိုအပ်ချက်ရှိရင်လည်းထပ်ပြီးထုတ်ပေးသွားမှာပါ”ဟုမြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးဦးမျိုးဇာနည်ဝင်းကပြောသည်။

Zaw Gyi

ေဆးဝါးစက္႐ုံခြဲ(႐ြာသာႀကီး)မွ ေဖေဖာ္ဝါရီလအ တြင္း ကိုဗစ္(၁၉)ေရာဂါကာကြယ္ေဆးစမ္းသပ္ထုတ္လုပ္မည္

ေဆးဝါးစက္႐ုံ(အင္းစိန္)၏ စက္႐ုံခြဲျဖစ္သည့္ ေဆးဝါးစက္႐ုံ(႐ြာသာႀကီး)မွ ေဖေဖာ္ဝါလအ တြင္း၌ ကိုဗစ္(၁၉)ေရာဂါကာကြယ္ေဆးအား စမ္း သပ္ထုတ္လုပ္သြားမည္ျဖစ္ကာ စမ္းသပ္ထုတ္ လုပ္မႈၿပီးပါက တစ္လလ်င္ ကာကြယ္ေဆးတစ္ သန္းထုတ္လုပ္သြားမည္ဟု ျမန္မာ့ေဆးဝါးလုပ္ ငန္းမွသိရသည္။

“လက္ရွိအခ်ိန္မွာ ေဆးဝါးစက္႐ုံခြဲ(႐ြာသာႀကီး)မွာ ကိုဗစ္ကာကြယ္ေဆးထုတ္ဖို႔ စီစဥ္ေနပါၿပီ လိုအပ္တဲ့စက္နဲ႔စက္ပစၥည္းေတြ တျခားလိုအပ္တဲ့ အ ေထာက္အကူျပဳပစၥည္းေတြကိုလည္းဝယ္ယူျဖည့္တင္းၿပီးပါၿပီ ဒီေဖေဖာ္ဝါရီလထဲမွာစမ္းသပ္ထုတ္ လုပ္တဲ့အဆင့္ကိုစပါမယ္”ဟု ျမန္မာ့ေဆးဝါးလုပ္ ငန္းမွ ဦးေဆာင္ၫႊန္ၾကားေရးမႉးဦးမ်ိဳးဇာနည္ဝင္းကေျပာသည္။

စမ္းသပ္ထုတ္လုပ္သည့္အဆင့္ၿပီးပါက တစ္လလ်င္ ကိုဗစ္(၁၉)ေရာဂါကာကြယ္ေဆး doses ၁ သန္းထုတ္လုပ္သြားမည္ျဖစ္ကာ စုစုေပါင္း ၁၀ သန္းအထိထုတ္လုပ္သြားမည္ျဖစ္သည္ဟု သိရသည္။

“ေစ်းႏႈန္းသက္သာမယ္ဆိုတာကိုေတာ့ေျပာႏိုင္ပါတယ္ ဘယ္ေလာက္အထိသက္သာမယ္ဆိုတာကိုေတာ့ အခုခ်ိန္ထိေျပာလို႔မရေသးဘူး”ဟုဦးေဆာင္ၫႊန္ၾကားေရးမႉးဦးမ်ိဳးဇာနည္ဝင္းကဆက္ေျပာသည္။

ကိုဗစ္(၁၉)ေရာဂါကာကြယ္ေဆးထုတ္လုပ္ၿပီးပါက ျဖန္႔ျဖဴးမႈစနစ္အေနျဖင့္ က်န္းမာေရးဝန္ႀကီး ဌာနတစ္ခုထဲကိုသာ တိုက္႐ိုက္ေရာင္းခ်ေပးသြားမည္ျဖစ္ကာ က်န္းမာေရးဝန္ႀကီးဌာနမွ ကိုဗစ္ (၁၉)ေရာဂါကာ ကြယ္ေဆးထိုးလုပ္ငန္းမ်ားအား ဆက္လက္လုပ္ကိုင္မည္ျဖစ္သည္။

“ကြၽန္ေတာ္တို႔က က်န္းမာေရးဝန္ႀကီးဌာနရဲ႕ လို အပ္ခ်က္ကိုပဲျဖည့္ဆည္းေပးမွာပါ ၁၀ သန္းအထိထုတ္လုပ္မယ္ က်န္းမာေရးအရ လိုအပ္ခ်က္ရွိရင္လည္းထပ္ၿပီးထုတ္ေပးသြားမွာပါ”ဟုျမန္မာ့ေဆးဝါးလုပ္ငန္း ဦးေဆာင္ၫႊန္ၾကားေရးမႉးဦးမ်ိဳးဇာနည္ဝင္းကေျပာသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071