Home Entertainment ဆရာကြီး ဦးမောင်မောင်ခဂုဏ်ပြု ဖျော်ဖြေပွဲ ပြုလုပ်မည်

ဆရာကြီး ဦးမောင်မောင်ခဂုဏ်ပြု ဖျော်ဖြေပွဲ ပြုလုပ်မည်

0
449

ss

ရန်ကုန်တက္ကသိုလ်ကြီးတွင် ပါမောက္ခချုပ်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သောဆရာကြီး ဦးမောင်မောင်ခအား ဂုဏ်ပြုအစီအစဉ် ဖျော်ဖြေပွဲကိုဇန်နဝါရီလအတွင်းတွင်ပြုလုပ်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။ ” ဆရာကြီးကရန်ကုန်တက္ကသိုလ်ရဲ့ ပါမောက္ခချုပ်အဖြစ် နှစ်အကြာရှည် ဆုံးတာဝန်ထမ်းဆောင်ခဲ့တဲ့ဆရာကြီးပါ။ သူကတက္ကသိုလ်ကို အစစအရာရာလှပအောင်အများကြီးစွမ်းဆောင်ခဲ့သူပါ။ ကံ့ကော်တောကြီးကိုလည်းစိုက်ခဲ့တယ်။ အပင်တွေစိုက်၊ အဓိပတိလမ်းကြီးကို ပုံဖော်ပြီး အစစအရာရာကျောင်း ကြီးသာယာဖွံ့ဖြိုးဖို့အတွက် ကြိုးစားခဲ့သူပါ။ ကျွန်တော်တို့လည်း မမီခဲ့ပါဘူး။ သူလုပ်ခဲ့တာတွေကအများကြီးပါပဲ။ အဲ့ဒီဆရာခလို့ခေါ်တဲ့ ဆရာကြီး ဦးမောင်မောင်ခကို ဂုဏ်ပြုမယ့် ဂုဏ်ပြုအစီအစဉ်ရှိပါတယ်။ ဇန်နဝါရီလ ၁၄ ရက်နေ့ အမျိုးသားဇာတ်ရုံမှာပြုလုပ်မှာပါ” ဟုဒီဂုဏ်ပြုပွဲကို အကောင်အထည်ဖော်မယ့် ရွှေစင် Entertainment မှ ကိုစိုးနိုင်ထွန်းက ပြောပါသည်။ ဆရာကြီး ဦးမောင် မောင်ခရဲ့ ဂုဏ်ပြုပွဲမှာတော့ နာမည်ကျော်အဆိုတော် ၇ ဦးက သီချင်းများဖြင့် ဖျော်ဖြေပေးသွားလည်းသိရပါတယ်။

P054

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here