ဒေလီက္ကသိုလ်၌တက်ရောက်နေသည့် ဆရာတော်၊ သံဃာတော်များအား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ(မိသားစု)မှ ပဋိကသုံးပုံပါဠိတော်(မြန်မာ၊ရိုမန်)အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသော ဆဌသင်္ဂါယနာမူ ပါဠိတော်ကျမ်း(၅၃)ကျမ်း၊ ဦးကုလား မဟာရာဇဝင်ကြီး(ပထမအုပ်နှင့် ဒုတိယအုပ် ၂)တို့ကိုဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ ဆက်ကပ်လှူဒါန်းပွဲကို သြဂုတ် ၁၃ ရက်နံနက် ၁၀ နာရီအချိန်က အိန္ဒိယနိုင်ငံဆိုင်ရာ၊ မြန်မာသံရုံး နယူးဒေလီမြို့၌ကျင်းပရာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်(ကိုယ်စား) မြန်မာသံရုံးတာဝန်ရှိသူများမှ ကျမ်းများနှင့် စာအုပ်များကိုဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့ပြင် နယူးဒေလီမြို့၊ မြန်မာသံရုံးမိသားစု၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကိုလည်း ပူးတွဲကျင်းပရာ ကြွရောက်တော်မူလာကြသည့် သံဃာတော် (၁၄)ပါးနှင့် သီလရှင်(၂)ပါးတို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
