Wednesday, May 6, 2026

ဘားအံမြို့၌ တောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့်စက်သုံးဆီများရောင်းချပေး

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စိုက်ပျိုးတောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့် စက်သုံးဆီများကို ယနေ့ မေ ၆ ရက်နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ ထောင်ဝိကွင်း၌ရောင်းချပေးခဲ့ကြောင်း သိရသည်။ သီးနှံစိုက်ခင်းများရေပြည့်ဝစွာရရှိရေးအတွက်...

လားရှိုးတွင် မိုးရွာသွန်းပြီးလေပြင်းတို-က်် ပျ-က်စီးမှုများဖြစ်ပေါ်

ရှမ်ူပြည်နယ်၊ လားရှိုးမြို့တွင် ယနေ့ မေ ၆ ရက်နေ့လည် ၃ နာရီခန့်က မိုးရွာသွန်းပြီးလေပြင်းတို-က်ခတ်မှုဖြစ်ပေါ်ကာ ပျ-က်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ သစ်ပင်သစ်ကိုင်းများပြိုလဲကျိုးကျခြင်း၊ သွပ်များ၊...

MSMEs ချေးငွေများအား Quick Win...

ပဲခူးတိုင်းအတွင်း၌ MSMEs ချေးငွေများအား Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မေ ၅ ရက်တွင်ပြုလုပ်ခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...

ကုန်တင်ကားရှေ့ဘီးပေါက်ပြီး လမ်းလယ်ကျွန်းပေါ်တိမ်းမှောက်မှု အမြန်လမ်းတွင်ဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ကုန်တင်ကားတစ်စီး ရှေ့ဘီးပေါက်ကာလမ်းလယ်ကျွန်းပေါ်၌တိမ်းမှောက်ခဲ့မှု ယနေ့ မေ ၆ ရက်နံနက် ၆ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့...
HomeArticlesစီးပွားရေးယန္တရားအတွက် မောင်းနှင်အား စက်သုံးဆီဈေးထိန်းချုပ်ထား

စီးပွားရေးယန္တရားအတွက် မောင်းနှင်အား စက်သုံးဆီဈေးထိန်းချုပ်ထား

 

ဒီတစ်ပတ်မှာတော့ စက်သုံးဆီဈေးနှုန်းတွေမြင့်တက်ခြင်းက တိုင်းပြည်စီးပွားရေးအပေါ် ဘယ်လိုသက်ရောက်စေမလဲ၊ ပြည်သူလူထုတို့ရဲ့ လူမှုဘဝအပေါ် ဘယ်လောက်ရိုက်ခတ်လာစေမလဲဆိုတာ ဆက်စပ်ပြီး စက်သုံးဆီဈေးနှုန်း တည်ငြိမ်စေဖို့၊ တည်ဆဲအစိုးရကို အကြံပြုချင်တဲ့ နယ်ပယ်အသီးသီးက စကားသံတွေကိုစုစည်းကာ ‘စီးပွားရေးယန္တရားအတွက် မောင်းနှင်အား စက်သုံးဆီဈေးထိန်းချုပ်ထား’ ဆိုတဲ့ ခေါင်းစဉ်နဲ့ မေးမြန်းစုစည်း ဖော်ပြလိုက်ရပါတယ်။

ဦးသောင်းအေး (ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ်)
ဒါကတော့အားလုံးခံစားနေရ တဲ့ ကိစ္စပဲလေ။ ဒါအမြန်ဆုံး လျော့ကျ အောင်လုပ်ဖို့ ပိုလိုအပ်နေတာပေါ့။ ဦးတို့ကိုယ်တိုင်လည်း ဒီဟာတွေနဲ့ တော်တော်ခံစားနေရတယ်။ ဒီအပေါ် အခြေခံပြီးတော့ ခုနက transport charges တွေရော၊ ကျန်တဲ့ ကုန်ဈေး နှုန်းတွေရော အကုန်တက်နေရင် လူ ထုကတော်တော်လေး ကိုဒုက္ခရောက် လာမှာပေါ့။ ကြာလာရင် အဲဒါတာ လေးက အတိုင်းအတာတစ်ခုထိ မထိန်းနိုင်ဘူးဆိုရင် တခြား Impact တွေဝင်သွားနိုင်တာပေါ့။ ဒါကြောင့် လက်ရှိကိုင်တွယ်နေတဲ့ အစိုးရအနေ နဲ့ ရှေ့အစိုးရအဆက်ဆက် လုပ်ကိုင် ခဲ့တာတွေရှိပါတယ်။ ဒါလည်းပဲ နည်း ယူပြီးမှလုပ်သင့်တာပေါ့။ စက်သုံးဆီ ဈေးကိုမထိန်းချုပ်နိုင်ရင် တိုင်းပြည် စီးပွားရေးက ဘယ်လိုမှ နလံမထူနိုင် ဘူး။ ဒါကြောင့် ကမ္ဘာ့ရေနံဈေးနှုန်း အပြောင်းအလဲကို လိုက်ပြီးကိုယ့်နိုင်ငံ ရဲ့ဆီဈေးနှုန်းကို ထိန်းချုပ်ဖို့အစိုးရမှာ တာဝန်ရှိပါတယ်။

ဦးရန်မျိုးအောင် (MAMDA ရန်ကုန်တိုင်းအတွင်းရေးမှူး)
စက်သုံးဆီကတော်တော်များများ ဆက်စပ်နေတာပေါ့။ ဒီလိုမျိုးဖြစ်လာ တော့ အဝေးပြေးကားတွေကားခ ဈေး တက်မယ်။ သယ်ယူစာရိတ်တွေများ လာမယ်။ အဲဒီနောက်မှာ ဘာဖြစ် မလဲဆိုတော့ ကုန်ပစ္စည်းတွေ ဈေး တက်မှာပေါ့။ စက်ရုံတွေမှာသုံးရတဲ့စက်သုံးဆီဈေးတက်လာတာကြောင့် ထုတ်လုပ်မှုတွေဈေးတင်ရောင်းမယ်။ ဒါကနောက်ဆုံးပြည် သူလူထုကိုပဲ လာရိုက်ခတ်မှာပေါ့။ ဒါကိုအခြေခံ လူ တန်းစားက ပိုခံစားရမယ်။ ဒါကြောင့် လည်း အသံတွေကျယ်လာတယ်ပေါ့။ အစိုးရအနေနဲ့ သေသေချာချာလေးကိုင်တွယ်မှရမယ့်သဘောရှိတယ်။ပြည်ပဈေးနှုန်း မြင့်တက်တာကြောင့် ရောင်းချသူတွေက ဈေးတင်ရောင်း တယ်ဆိုရင် ဒီကိစ္စကိုကိုင်တွယ်ဖြေရှင်း ဖို့နည်းလမ်းတစ်ခုအစိုးရက ရှာရ တော့မှာပါ။ အစိုးရတစ်ခုတည်းအ တွက် ခက်ခဲတယ်ဆိုရင်လည်း သက် ဆိုင်ရာပညာရှင်တွေနဲ့ ပူးပေါင်း ဆွေးနွေးသင့်ပါတယ်။

ဦးမြတ်မင်းချစ် (ကုန်တင် ယာဉ်နှင့် ကားလုပ်ငန်းရှင်)
ကျွန်တော်က ကားလုပ်ငန်းလုပ် ကိုင်သူတစ်ယောက်ဖြစ်တော့ စက်သုံး ဆီကအဓိကလိုဖြစ်နေတယ်။ အသက် သွေးကြောလိုဖြစ်နေတဲ့အခါကျတော့ ဆီဈေးတက်ရင် ကျန်တဲ့ပို့ဆောင်စာရိတ်တွေတက်တယ်ဆိုတာက ပုံသေ နည်းပေါ့။ ပို့ဆောင်ခတက်တော့ ကုန် ဈေးနှုန်းတက်တယ်။ နောက်ဆုံး စား သုံးသူတွေခံရတယ်။ ကားပိုင်ရှိရှိ မရှိ ရှိ စက်သုံးဆီဈေးတက်ရင် နိုင်ငံထဲက လူအကုန်ခံရတယ်။ ဆီဈေးကျရင် အကုန်လုံးအဆင်ပြေတယ်။ ဒါပေမဲ့ တစ်ချက်က လက်ရှိမှာဆီဈေးက ကမ္ဘာ့ရေနံဈေးတက်လို့တက်တာဖြစ် တော့ ကျွန်တော်တို့ဘာမှလုပ်မရဘူး။ အစိုးရလည်း မတက်ပါနဲ့ဆိုပြီး လုပ် ပေးမရဘူး။ အစိုးရအနေနဲ့ အရှုံး ခံပြီးလည်း မရောင်းနိုင်ဘူး။ ဒါကို လက်ခံနားလည်တယ်။ သို့သော် ကမ္ဘာ့ရေနံဈေးက တက်ချည်းနေ တာမဟုတ်တာတော့ အစိုးရက သိ ပါတယ်။ တက်ဈေးရှိသလို ကျဈေး လည်းရှိတယ်။ ခက်တာက ကျွန်တော် တို့ဆီမှာကအတက်ပဲ၊ အကျမရှိဘူး။ ဒါကို အစိုးရက ကြပ်ကြပ်မတ် မတ်ကိုင်တွယ်ရမယ်။ မူဝါဒတွေချပြီး ပြင်ဆင်ရမယ်။ အသင်းအဖွဲ့တွေ လည်း ရှိနေတာဖြစ်လို့ ညှိနှိုင်းပြီး အဖြေထုတ်သင့်ပါတယ်။

ဦးတင်မောင် (တက္ကစီယာဉ်မောင်း)
ဆီဈေးတက်တာကိုအခံရဆုံး လူတန်းစားပါ။ ကားမောင်းတဲ့သူ တွေအတွက် ဆီဈေးတက်နေတာက ပန်းကန်ထဲကထမင်းတွေကို လာနှိုက် နေသလိုပါပဲ။ ဆီဈေးတက်လို့ဆိုပြီး ကားခဈေးပိုတောင်းလို့မရပါဘူး။ ငွေ ၃ဝဝဝ ကျပ်တန်ခရီးက ငွေ ၂၅ဝဝ ကျပ်တန်လောက်နဲ့ လုဆွဲနေ ရချိန်မှာ ကိုယ်ကပိုတောင်းရင် ကိုယ် ပဲထမင်းငတ်မှာပေါ့။ဒီအတိုင်းသာ ဈေးနှုန်းတက်နေရင် ကားသမားတွေ အကုန် ဒုက္ခရောက်ပါတော့မယ်။ ဆီဈေးတက် နေတာက ကားသမားတွေနဲ့သူတို့မိသားစုတွေကို ညင်း သတ်နေသလို ဖြစ်နေပါတယ်။

ဦးဘိုဘိုဦး (NLD လွှတ်တော်ကိုယ်စားလှယ်)
လောလောဆယ်မှာတော့စက် သုံးဆီနဲ့ပတ်သက်ပြီးအစိုးရအနေနဲ့ချောချောမွေ့မွေ့ဖြစ်အောင် သေ သေချာချာလေး ကူညီဆောင်ရွက် သင့်တယ်လို့ ကျွန်တော်ထင်တယ်။စက်သုံးဆီဆိုတာမျိုးက အာဏာနဲ့ ထိန်းချုပ်လို့ရတာမျိုးမဟုတ်လို့ ခေတ်စနစ်နဲ့ ဥပဒေတွေအတိုင်းလုပ် ဖို့လိုလိမ့်မယ်။ စက်သုံးဆီတင်သွင်း နေတဲ့ ကုမ္မဏီတွေကို Tax အခွန် ဆောင်တာကို နှစ်ထပ်သုံးထပ်ဆောင် နေရတာမျိုးကိုမဖြစ်အောင်လုပ်ရ မယ်။ ဒါအစိုးရဘက်က လုပ်ကိုလုပ် ပေးရမယ့်ကိစ္စ။ အခုသိသလောက် ဆီရောင်းတဲ့သူတွေက အခွန်နှစ်ထပ် ဖြစ်နေတယ်ပေါ့။ ဒါကနောက်ဆုံး စားသုံးသူကိုပဲထိတာလေ။ ဒီတော့ အခွန်ကိုလျော့ အောင်အစိုးရက အမြန်ဆုံးလုပ်ဆောင်ပေးရမယ်။

ဒေါ်အေးမြမြမျိုး (NLDလွှတ်တော်ကိုယ်စားလှယ်)
စက်သုံးဆီဈေးနှုန်းတွေ မြင့် တက်နေတာကို ဘယ်လိုထိန်းချုပ်ရ မလဲ ဆိုရင် ထိန်းချုပ်ဖို့ဆိုတာကတော့ ကမ္ဘာ့ပေါက်ဈေးကို လည်ကြည့်ရမှာ ပေါ့။ ဖြစ်စေချင်တာကတော့ ယှဉ် ပြိုင်မှု အဓိကလိုချင်ပါတယ်။ စက် သုံးဆီကိုပြည်တွင်းသာမကဘဲ ပြည် ပနိုင်ငံတွေကိုပါတင်သွင်းရောင်းချ စေမယ်ဆိုရင် ပြိုင်ဆိုင်မှုဖြစ်လာပြီး ဈေးကွက်ကို အလိုလိုထိန်းချုပ်ပြီးသား ဖြစ်သွားမယ်လို့ ယူဆပါတယ်။ စက် သုံးဆီဈေးကွက်မှာ လုပ်ကိုင်နေကြတဲ့ လက်ဝါးကြီးအုပ်မှုတွေပဲ မဟုတ်ဘဲ ဒီထက်ပိုတဲ့ယှဉ်ပြိုင်မှုကို လိုချင်ပါတယ်။ ယှဉ်ပြိုင်မှုတွေရှိလာခဲ့ရင် ဒီထက် ပိုပြီးအဆင်ပြေသွားမယ်လို့ယူဆပါ တယ်။

အောင်ပြည့်စုံ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071