Sunday, May 3, 2026

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်(...

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ...

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄...

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း...

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့်...

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ...
HomeCelebrities' Newsစီနီယာအဆိုတော်ကြီးတွေရဲ့ သီချင်းတွေကို တန်ဖိုးထားတဲ့စိတ်နဲ့ပြန်လည်...

စီနီယာအဆိုတော်ကြီးတွေရဲ့ သီချင်းတွေကို တန်ဖိုးထားတဲ့စိတ်နဲ့ပြန်လည် ခံစားသီဆိုမယ့်စည်သူလွင်

အသံအားကောင်းတဲ့အဆို တော်တွေထဲမှာ စည်သူလွင်လည်းတစ်ယောက်အပါအဝင်ပါပဲ။သူကတစ် ကိုယ်တော်ဖျော်ဖြေပွဲမလုပ်ဖြစ်တာ ၄နှစ်လောက်ကြာခဲ့ပါပြီ။ နိုဝင်ဘာ၁ဝရက်နေ့၊ ည ၇ နာရီမှာတော့ ရန်ကုန်မြို့၊ ရွှေထွဋ်တင်ရှိ Hexagon Complex မှာ သူ့ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ပြုလုပ် တော့မှာပဲဖြစ်ပါတယ်။ ဒီပွဲကိုတော့ သူက A Part Of Me လို့ အမည်ပေးထားပါတယ်။

ဒီပွဲကသူအရင်ဖျော်ဖြေခဲ့တဲ့ ပွဲတွေထက် တစ်မူထူးခြားနေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့သီချင်းတွေ သီဆိုမှာထက် လွှမ်းမိုး၊စိုးလွင်လွင်၊ ဇော်ဝင်းထွဋ်၊ထူးအိမ်သင်၊တူးတူးတို့ရဲ့ သီချင်းတွေကို ပြန်လည်ခံစား သီဆို မှာကြောင့်ဖြစ်ပါတယ်။

”ဒီသီချင်းတွေက ကျွန်တော်ငယ်ငယ်က တအားကြိုက်ခဲ့ရတဲ့ သီချင်း တွေပါ။ အဲဒီလိုပဲ ကျွန်တော်တို့ပရိသတ်တွေ အနေနဲ့လည်း ကြိုက်ခဲ့ကြမှာပဲလေ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ Generation ချင်းတူ တာကိုး။ အဓိကတော့ စီနီယာ Artist ကြီးတွေရဲ့ သီချင်းတွေကို ကျွန်တော်က ပြန် ဂုဏ်ပြုပြီးတော့ သီဆိုတယ်ဆိုတဲ့ သဘောပါပဲ။ ကျွန်တော့် သီချင်း ကတော့ ပါတော့ပါမယ်။ ဒါပေမဲ့နည်းပါမယ်” လို့ ပွဲမှာသီဆိုသွားမယ့်သီချင်းတွေနဲ့ ပတ်သက်လို့ စည်သူလွင်က ပြောပါတယ်။ သူ့အနေနဲ့ အဆိုတော်ဖြစ်လာခဲ့ရတယ် ဆိုတာကလည်းရှေ့ကစီနီယာ Artist တွေကြောင့်ပဲဖြစ်ပြီး သူတို့ကိုအားကျလို့ ကြိုးစားရာကနေပြီးတော့ အဆိုတော်တစ်ယောက်ဘဝကို ရောက်လာ တာ ပါလို့ ဆက်ပြောပြပါတယ်။

”အဲဒီအတွက်ကြောင့်မို့ ကျွန်တော်က တန်ဖိုးထားလေးစား ထားပြီးသားပါ။ ပြန်ဆိုတဲ့နေရာမှာလည်း ငါကတော့ သူ့ကို ကျော်အောင် ပြန်ဆိုမယ့်စိတ်မျိုးလည်း လုံးဝမရှိပါဘူး။ သူတို့က ကျွန်တော် လေးစားထားပြီးသား ဆရာသမားတွေဖြစ်ပါတယ်။ အတတ်နိုင်ဆုံးစဉ်းစားတာဘာရှိလဲဆို တော့ ဒီသီချင်းရဲ့ မူရင်းအရသာ ကိုပျက်သွားမှာသိပ်ကြောက်တယ်။ အဲဒီတော့ သူတို့ကိုစော်ကား မိသလို မဖြစ်အောင်ပေါ့။ ဒါကြောင့်သီချင်းရဲ့ မူရင်းအရသာကို မပျက် အောင် ကြိုးစားပြီး သီဆိုသွားမှာပါ။ သူတို့ကိုမမီရင်တောင်မှ ကိုယ့်အနေနဲ့ နောက်အထပ်အရသာ လေးတစ်ခုရအောင် အမြဲ တမ်း ကြိုးစားပြီးသီဆိုမှာပါ” လို့ သီချင်းတွေအပေါ်တန်ဖိုး ထားမှုကို ပြောပြပါ တယ်။ ဒီပွဲမှာစုံတွဲအဆိုအနေနဲ့ဟေမာ နေဝင်း၊ ဂျုဝယ်တို့ ပါဝင်မှာ ဖြစ်ပြီး သီချင်း အားလုံးအပုဒ်သုံးဆယ်လောက် သီဆိုမှာဖြစ်ပါတယ်။ လက်မှတ်ဈေးနှုန်းတွေကတော့ VIP လက်မှတ်ကို ငွေကျပ်၁သိန်း၊ ၅သောင်း၊ ၃သောင်း၊၂သောင်း တို့ ပဲဖြစ်ပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံအောင်ဇော်မင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071