Monday, December 15, 2025

သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ...

ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေအတွင်း တရားမဝင် ဝင်ရောက်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများကို မြန်မာနိုင်ငံအနေဖြင့် ကယ်ဆယ်ထိန်းသိမ်းထားပြီး သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် မေတ္တာရပ်ခံထားသည်။...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ယနေ့ ဒီဇင်ဘာ ၁၄ ရက်...

မင်းလက်ပံဖြစ်စဥ်သည် KNU ၏ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ပြီး...

မင်းလက်ပံ၌ဖြစ်ပွားခဲ့သော ပြည်ပနိုင်ငံသားများကို KNU မှ ပ-စ်ခတ်ခဲ့မှုနှင့်ပတ်သက်ကာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ယနေ့ ဒီဇင်ဘာ ၁၄ ရက်နံနက် ၁၀...

မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် အွန်လိုင်းလောင်းကစားမှုများ၊ လိမ်လည်မှုများကို...

ပြည်သူများအနေဖြင့် သက်ဆိုင်ရာကို သတင်းပေးကာ ပူးပေါင်းပါဝင်ပေးရန် တိုက်တွန်း မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် အွန်လိုင်းလောင်းကစားမှုများ၊ လိမ်လည်မှုများကို ပြတ်ပြတ်သားသားနှိမ်နင်းသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၄ ရက်က ကျင်းပသည့်...
HomeNewsLocal Newsစိုက်ပျိုးရေးသင်တန်းကျောင်းများတွင် ရေသုံးစွဲမှုဘာသာရပ်များကို သင်ကြားမည်

စိုက်ပျိုးရေးသင်တန်းကျောင်းများတွင် ရေသုံးစွဲမှုဘာသာရပ်များကို သင်ကြားမည်

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရေလုံလောက်စွာရရှိရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌမှ ဧပြီ ၈ ရက်နံနက်ပိုင်းက နေပြည်တော်၊တပ်ကုန်းမြို့နယ်၊ရှားတောကျေးရွာရှိ ဆင်သေချောင်း ယာယီရေထိန်းဆည်လုပ်ငန်းဆောင်ရွက်နေမှုနှင့်ဆိုလာစနစ်သုံးရေတင်စနစ်ဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးပြီး ဒေသခံစိုက်ပျိုးရေးတောင်သူများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

နွေရာသီတွင် ရေလုံလောက်စွာရရှိရေးအတွက် အမြဲမပြတ်နည်းလမ်းရှာဖွေဆောင်ရွက်လျက်ရှိပြီး သဘာဝမှရရှိသည့် မြစ်ချောင်းရေ၊မိုးရေနှင့်ဆည်ရေ ၃ မျိုးရှိကာ ရေကိုအသုံးချရာတွင် လိုအပ်သလောက်သာ ထုတ်ယူသုံးစွဲရန် မှာကြားခဲ့သည်။

“ရေအသုံးချမှုနဲ့ပတ်သက်ရင် အစက်ချစနစ်၊ရေပိုက်နဲ့သွယ်တန်းအသုံးပြုခြင်းစနစ်တွေကို အသုံးပြုမယ်ဆိုရင် ရေသုံးစွဲမှုကိုလျှော့ချနိုင်မှာဖြစ်ပါတယ် ဒါ့ကြောင့် စိုက်ပျိုးရေးသင်တန်းကျောင်းတွေမှာ ရေသုံးစွဲမှုဘာသာရပ်တွေကို သင်ကြားပို့ချပေးဖို့ စီမံဆောင်ရွက်နေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ရေရရှိရေးဆောင်ရွက်ရာတွင် ခြောက်သွေ့သည့် နွေရာသီတွင် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ရေလိုအပ်ချက်ရှိ၍ လိုအပ်သည့်ရေများရရှိရေးအတွက် မြစ်ချောင်းများမှရယူခြင်း၊ဆည်ရေများမှရယူခြင်းနှင့်မြေအောက်ရေမှရယူအသုံးပြုခြင်းများရှိသည်ဟု ဆိုသည်။

ရေတင်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် နွေရာသီကာလဖြစ်၍ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ရေတင်လုပ်ငန်းများကိုဆောင်ရွက်ပါက စက်သုံးဆီသုံးစွဲမှုများကို များစွာလျှော့ချနိုင်၍ အကျိုးဖြစ်ထွန်းစေမည်ဟု ဆိုသည်။

“နေရောင်ခြည်စွမ်းအင်သုံးရေတင်လုပ်ငန်းတွေကိုအသုံးချပြီး သီးထပ်စိုက်ပျိုးခြင်းလုပ်ငန်းတွေကိုဆောင်ရွက်နိုင်လို့ စိုက်ပျိုးရေးလုပ်ငန်းတွေ ပိုမိုတိုးတက်စေနိုင်မှာဖြစ်ပါတယ် ရေတင်ခြင်းလုပ်ငန်းတွေမှာ ချောင်းတွေ ရေမြောင်းတွေကို ယာယီရေထိန်းဆည်တွေနဲ့လည်း ဆောင်ရွက်နိုင်ပါတယ်”ဟု နစက ဥက္ကဋ္ဌက​​ပြောသည်။

မြေအောက်ရေသုံးစွဲရာတွင် ရေဝေရေလဲ သစ်တောသစ်ပင်များစိုက်ပျိုး၍ ရေကိုစနစ်တကျထိန်းသိမ်းသုံးစွဲရမည်ဖြစ်ကာ မိုးရွာသွန်းသည့်အချိန်တွင် ရရှိသည့်ရေများကို စနစ်တကျ ထိန်းသိမ်းသိုလှောင်သုံးစွဲပြီး ချောင်းခြောက်၊မြောင်းခြောက်တို့တွင်လည်းရေကိုထိန်းသိမ်းသိုလှောင်ထားပါက မြေအောက်ရေကိုရရှိနိုင်သည်ဟု ဆိုသည်။

“ရေရရှိဖို့ လူကဖန်တီးဆောင်ရွက်ရမှာဖြစ်ပါတယ်။ ရေကိုထိန်းသိမ်းဆောင်ရွက်နိုင်မယ်ဆိုရင် စိုက်ပျိုးရေနဲ့သောက်သုံးရေတွေကို လုံလောက်စွာ ရရှိနိုင်မှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြော သည်။

စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရေ လုံလောက်စွာရရှိပါက သီးထပ်စိုက်ပျိုးခြင်းကိုဆောင်ရွက်နိုင်မည်ဖြစ်ပြီး တောင်သူများဝင်ငွေပိုမိုရရှိစေမည်ဖြစ်ကာ တိုင်းပြည်အတွက် စားရေ ရိက္ခာတိုးတက်လာမည်ဖြစ်ပြီး ပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချနိုင်၍ နိုင်ငံဝင်ငွေတိုးတက်လာမည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ မေတ္တာရပ်ခံ

ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေအတွင်း တရားမဝင် ဝင်ရောက်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများကို မြန်မာနိုင်ငံအနေဖြင့် ကယ်ဆယ်ထိန်းသိမ်းထားပြီး သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် မေတ္တာရပ်ခံထားသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့‌ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ပြုလုပ်သည့်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ဖြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ "ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးအရအနေနဲ့ကတော့ နိုင်ငံခြားသားတွေကို သူတို့နိုင်ငံတွေရဲ့အစိုးရတွေက လာမခေါ်မချင်း လူသားချင်းစာနာထောက်ထားမှုအပြည့်နဲ့ ထိန်းသိမ်းထားတာဖြစ်ပါတယ်။ ဒီတာဝန်ဟာ တော်တော်ကြီးလေးတဲ့တာဝန်ဖြစ်ပါတယ်။ သူတို့အတွက်တနေ့တာ လိုအပ်တဲ့အစားအစာအပြင် သောက်ရေ၊ သုံးရေ၊ ဝတ်စရာ၊...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ယနေ့ ဒီဇင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့၌ ကျင်းပသည့် နိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ "အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို အမြစ်ပြတ်ချေမှုန်းသွားမှာပါ။ မြဝတီဒေသမှာမှမဟုတ်ဘူး မြန်မာနိုင်ငံရဲ့ ဘယ်နေရာဒေသမှာမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို ပြင်းပြင်းထန်ထန် အမြစ်ပြတ်ချေမှုန်းသွားမယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်၍ နှစ်နိုင်ငံဆက်သွယ်ဆက်ဆံရေးမှာ ရှေးနှစ်ပေါင်းများစွာကပင်ရှိခဲ့သဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်...

မင်းလက်ပံဖြစ်စဥ်သည် KNU ၏ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ပြီး ၎င်းတို့နှင့်ပတ်သက်မှုမရှိကြောင်းကိုပြသလိုသောလုပ်ကွက်ဖြစ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

မင်းလက်ပံ၌ဖြစ်ပွားခဲ့သော ပြည်ပနိုင်ငံသားများကို KNU မှ ပ-စ်ခတ်ခဲ့မှုနှင့်ပတ်သက်ကာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ယနေ့ ဒီဇင်ဘာ ၁၄ ရက်နံနက် ၁၀ နာရီက ရန်ကုန်မြို့၌ကျင်းပသည့် နိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ "မင်းလက်ပံကိစ္စက KNU အနေနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို သူတို့ကျူးလွန်ပြီးနောက်ပိုင်းမှာ အွန်လိုင်းလိမ်လည်မှုနဲ့ သူတို့မပတ်သက်ပါဘူးဆိုတာကို ပြချင်တဲ့လုပ်ကွက်တစ်ခုပဲဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို အမြစ်ပြတ်အောင်ချေမှုန်းနေတဲ့အပေါ်မှာ အာရုံပြောင်းဖို့အတွက်ဖြစ်ပါတယ်။ သူတို့တွေဟာ တစ်ချို့နေရာတွေမှာ ဟန်ပြသိမ်းပိုက်ပြီး သူတို့ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေတဲ့အကြောင်းကို လူမသိအောင်လုပ်ဖို့ ဆောင်ရွက်တာဖြစ်ပါတယ်" ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071