Saturday, May 2, 2026

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်...

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊...

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊...

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန်...
HomeArticlesစိတ်ချမ်းသာဖို့စာဖတ်ပါ...

စိတ်ချမ်းသာဖို့စာဖတ်ပါ…

လူတွေနဲ့ ပေါင်းရသင်းရတာ အ တော်စိတ်ပျက်ဖို့ ကောင်းလာပြီ ကွာ” ဟု သူငယ်ချင်းက ပြောသော အခါ ကျွန်တော့်သူဌေး၏စကားကို ဖျတ်ခနဲ သတိရမိလိုက်၏။ ကျွန်တော့်သူဌေးသည် ကဗျာဆရာ၊ ပန်းချီဆရာ၊ စာအုပ်ထုတ်ဝေသူ တစ်ယောက်ဖြစ်၏။ ဖြစ်တည်မှု ပဓာနဝါဒီဆန်သော ဝတ္တုတိုတွေ လည်း ရေးဖူး၏။ သူ့ဝတ္တုတွေက ဝတ္တုနှင့်မတူ။ လူ့စိတ်ကို ပန်းချီဆွဲ ပြသည်နှင့်တူ၏။

သည်နှစ် သီတင်းကျွတ်သူဌေး ပြောသည့် စကားတစ်ခွန်းက ကျွန်တော့်စိတ်ကို မင်နှင့်ပက်လိုက် သလို စွဲထင်သွားစေခဲ့၏။ ထိုနေ့က ပြင်ပြီးသား စာမူတွေ သွားအပ်ခဲ့၏။ ဂါရဝနိဝါတ မင်္ဂလာရင်ဝယ်ပိုက် လာကြသော မြန်မာလူမျိုးတို့၏ ဓလေ့အရ စာအုပ်တိုက် ဝန်ထမ်း များက သူဌေးနှင့် သူဌေးကတော်တို့ အား ကန်တော့နေကြသည်နှင့် ကြုံ ရ၏။ သူဌေးကား သူ့ထက်ကဲနှင့် တူ၏။ သူဌေးကတော်ကတော့ ဒေါက်တိုနှင့်တူ၏။ ကျွန်တော့်အ တွေးကို ကျွန်တော်သဘောကျကာ ပြုံးမိ၏။ ”လောကကြီးဟာ ဆန့် ကျင်ဘက် တွေ ပေါင်းပြီးလှပနေ တာ”ဟူသော ကဗျာတစ်ပိုဒ်ကိုလည်း သတိရမိလိုက်သေး၏။

သူဌေးရော သူဌေးကတော်ပါ စိတ်သဘောထား ကောင်းကြကြောင်း စာပေလောကသား တော်တော်များ များ သိပြီးဖြစ်၍ ပုဂ္ဂိုလ်ရေးဋီကာ ဖြင့် မဖွဲ့လိုတော့ပါ။ ဓမ္မရေးရာကိုသာ ကျွန်တော်ဖွဲ့ဆိုလို၏။ ကန်တော့သူ တပည့်ကလေးများအား သူဌေးက ဘုန်းကြီးပါစေ၊ အသက်ရှည်ပါစေ အစရှိသဖြင့် ဆုမပေးခဲ့ပါ။ ထိုဆုနှင့် ပြည့်စုံစေမည့် လုပ်ထုံးလုပ်နည်း ကိုသာ ညွှန်ပြခဲ့၏။

လူသားတွေနှင့်အတူတူ နေ ထိုင်စားသောက်ကြရသော ကျွန် တော်တို့အဖို့ လူကောင်းများကို တွေ့ဆုံပေါင်းဖော်ရသလို လူဆိုး များကိုလည်း ပေါင်းဖော်ကြရကြောင်း သူဌေးက ပြော၏။ ထိုသို့ ပေါင်း ဖော်ရာတွင် ဘယ်သူက လူကောင်း၊ ဘယ်သူက လူဆိုးခွဲခြားသိဖို့လို ကြောင်း သူဌေးကပြော၏။

”အင်မတန် လှပတဲ့ ပန်းဥယျာဉ် တွေထဲမှာတောင် အသုံးမကျတဲ့ ဆူး ပင်၊ အဆိပ်ပင်၊ မြက်ပင်ကလေးတွေ ဆိုတာ ရှိတတ်သေးတယ်မဟုတ် လား။ ဘယ်ဟာက ပန်းပင်၊ ဘယ် ဟာက အသုံးမကျတဲ့ ဆူးပင်၊ အဆိပ် ပင်၊ မြက်ပင်ဆိုတာ သိထားရင် ပန်း ဥယျာဉ်ထဲမှာ နေပျော်တဲ့ဘဝ တည် ဆောက်နိုင်မယ်။ မသိထားရင်တော့ နေပျော်တဲ့ဘဝ မတည်ဆောက်နိုင် ဘူးပေါ့။ အသိခွန်အား ကောင်းရင် ကောင်းသလောက် ဘဝလှတဲ့ သဘောရှိပါတယ်။ အသိခွန်အား ကောင်းသူတွေသာ ထိပ်ဆုံးရောက် တတ်ကြတာပဲ။ အသိခွန်အားကောင်း ဖို့ကတော့ စာဖတ်ဖို့ပါပဲ”

ပန်းချီဆရာ၊ ကဗျာဆရာ သူဌေး၏ စကား၌ မာနသံမပါ။ သူ့ ဘဝနှင့်ယှဉ်၍ ပြောသောစကားများ ဖြစ်၍ အပိုအလိုမရှိ။ ”ငါပြောတာ နားထောင်ရမယ်။ မင်းတို့ကို ငါလစာ ပေးထားတာ”ဟူသော ခပ်ညံ့ညံ့ သူဌေးတို့၏ လေသံမျိုးလည်း မဟုတ်။

လူတွေနှင့် ပေါင်းသင်းဆက်ဆံ ရသည်ကို စိတ်ပျက်နေသည့် သူငယ် ချင်းအား ကျွန်တော့်သူဌေး၏ သြဝါ ဒကလေး ပြောပြလိုက်၏။ သူလည်း တော်တော်ကြာအောင် တွေးတော ငေးမောသွားလေ၏။

”ဟုတ်တော့လည်း ဟုတ်ပါ တယ်။ ဒါပေမဲ့ကွာ”

သူလည်း စကားမဆက်တော့။ ကျွန်တော်လည်း စကားမဆက် တော့။ အတွေးတွေတော့ဖြင့် ခရီး ဆက်နေသည်မှာ သေချာ၏။

ကျွန်တော်တို့ လူသားများသည် အလုပ်လုပ်ကြရ၏။ အလုပ်သည် လူ သား၏တန်ဖိုးဟု ဆိုကြ၏။ မှန်ပါ ၏။ ငြင်းဆိုရန် မရှိပါ။ အလုပ်တစ် ခုခု မလုပ်ဘဲ လူ့အဖြစ်၌ ရပ်တည်၍ မရစကောင်းပါ။ အလုပ်မလုပ်တော့ သည့်နေ့သည် လူ့အဖြစ် အဆုံးသတ် သွားသည့် နေ့ပင်ဖြစ်၏။

”ဒါဖြင့် ဘာအလုပ်မှမလုပ်ဘဲ တောင်းစားနေတဲ့သူ၊ အပျင်းကြီးနေ တဲ့လူတွေကျတော့ ဘာဖြစ်လို့ မသေတာလဲ”ဟု မေးစရာ ရှိ၏။ တောင်းခြင်းသည်လည်း အလုပ်တစ် ခု၊ ပျင်းရိခြင်းသည်လည်း အလုပ် တစ်ခုဖြစ်၏။ သူတောင်းစားသည် တောင်းသောအလုပ်ကို လုပ်ဆောင် နေသဖြင့်သာ သူတောင်းစားအဖြစ် နှင့် ရပ်တည်နေနိုင်ခြင်းဖြစ်၏။ ငပျင်းသည်လည်း ပျင်းသောအလုပ် ကို လုပ်ဆောင်နေသဖြင့်သာ ငပျင်း အဖြစ် ရပ်တည်နေနိုင်ခြင်းဖြစ်၏။ လုပ်ကောင်းသည်ဟု ကျွန်တော် မတိုက်တွန်းပါ။

ဒီမိုကရေစီအစ ဆေးလိပ်မီး ကလေးတစ်တို့အဆုံး ဘယ်သူ့ထံကမှ မတောင်းရလေလေ ပို၍ကောင်းလေ လေဟု ကျွန်တော်ဆိုပါ၏။

ကောင်းပြီ။ ”အလုပ်ကို ဘာနဲ့ လုပ်သလဲ”ဟု တစ်စုံတစ်ယောက်က မေးပါပြီ။ စိတ်နှင့်လုပ်၏။ စိတ်ညွှတ် ရာ အလုပ်ကလေးတွေကို ကျွန်တော် တို့ လုပ်ကြ၏။ စိတ်မပါဘဲ မည် သည့်အလုပ်ကိုမျှ မလုပ်ကြပါ။

”ဟား တစ်ခါတလေ စိတ်မပါ ဘဲ လုပ်ရတဲ့ အလုပ်တွေကျတော့ ဘယ်နှယ့်ဆိုမတုံး”ဟု စောဒက တက်စရာရှိ၏။ လောက၌ စိတ်မပါ ဘဲ လုပ်ရသောအလုပ်တစ်ခုမျှ မရှိပါ။ လူတို့ဝေါဟာရအရ စကား ဖြစ်ရုံကလေး ပြောဆိုနေကြသည့် ‘စိတ်မပါသောအလုပ်ထဲ၌ပင်’ အလို မကျသော ဒေါသစိတ်ကလေးပါဝင် နေပါ၏။ သတိထားကြည့်လျှင် ကောင်းကောင်းသိနိုင်၏။

စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စသည့် အရေးများစွာကိုလည်း စိတ်နှင့် လုပ်ကြရ၏။ စားဝတ်နေရေး၊ သား ရေး၊ သမီးရေးများလည်း စိတ်နှင့် လုပ်ရ၏။ မည်သည့်အလုပ်မျှ စိတ် နှင့်ကင်း၍ လုပ်မဖြစ်ပေ။ စိတ် ဖောက်ပြန်နေသော အရူးသည်ပင် လျှင် စိတ်ပါလက်ပါ စိတ်စေရာ အတိုင်း ရူးနေသည်ပင်ဖြစ်၏။

စိတ်နှင့် အလုပ်လုပ်ကြရသော ကျွန်တော်တို့အဖို့ စိတ်ချမ်းသာဖို့ အင်မတန် အရေးကြီး၏။ သည်အ ချက်ကို ကျွန်တော်တွေးမိ၏။ စိတ်မ ချမ်းသာဘဲ တည်ဆောက်ရသည့် ဘဝသည် လှပသောဘဝမမည်။ ပေါင်းမြက်တွေ၊ အဆိပ်ပင်၊ ဆူး ပင်တွေ၊ ပန်းဥယျာဉ်ထဲဝင်ရောက် လာသလို၊ ကျွန်တော်တို့ကို စိတ် ဒုက္ခပေးမည့် လူများကျွန်တော်တို့ ဘဝထဲ ဝင်ရောက်လာကြသည့် အ ဖြစ်မျိုး မလွဲ မသေတွေ့ရတတ်ပါ၏။ ထိုအခါ ”လူတွေနဲ့ ပေါင်းသင်း ဆက်ဆံရတာ အတော်စိတ်ပျက်ဖို့ ကောင်းလာပြီကွာ”ဟု ညည်းညူ လိုက်ရုံမျှဖြင့် စိတ်ချမ်းသာသွား မည်မဟုတ်ပါ။ စိတ်ဆင်းရဲသဖြင့် ကိုယ့်အလုပ်ကိုယ် ဖြောင့်ဖြောင့် မလုပ်နိုင်ခြင်းသာ ဖြစ်ပေါ်လာပါ၏။

”ကိုယ်မုန်းတဲ့လူတွေ တစ် ယောက်မကျန် သတ်ပစ်ဖို့က မဖြစ် နိုင်ဘူး။ အဲဒီလူတွေအပေါ်ထားတဲ့ ကိုယ့်ရဲ့သဘောထားကို ပြောင်းလဲ ပေးဖို့က ဖြစ်နိုင်တယ်”

”ဘာလို့ သဘောထားက ပြောင်းရမှာလဲ”

”ကိုယ်စိတ်ချမ်းသာအောင်လို့ ပြောင်းရတာပဲ”

ထိုသို့ သူငယ်ချင်းအား ပြော ဖြစ်၏။ ဆက်လက်၍ မဟာမြိုင် တောရဆရာတော် ဦးဇောတိက၏ စာတွေ ကောက်နုတ်ပြောပြမိပြန်၏။
”စိတ်အတက်အကျဆိုတာ လူ တိုင်းဖြစ်တယ်။ ဒါ သဘာဝပါပဲ။ တချို့က တက်တဲ့အခါမှာ သိပ်တက် ပြီးတော့ ကျတဲ့အခါမှာ သိပ်ကျတယ်။ တချို့က အတက်အကျ နည်းတယ်။ ပုံမှန်နေတယ်။ ကိုယ့်စိတ်ကို ကိုယ် ကောင်းကောင်းသိတဲ့သူဟာ စိတ်ကို အတက်အကျနည်းအောင် ထားနိုင် တယ်”

”စိတ် အတက်အကျဆိုတာ ဘာလဲဟ”

”စိတ်ဆင်းရဲစရာလူတွေအဖြစ် အပျက်တွေနဲ့ ကြုံလာတဲ့အခါ တ အားစိတ်ဆင်းရဲတာ အဆုံးအထိ စိတ်ဓာတ်တတ်ကျတာ။ စိတ်ချမ်း သာစရာ လူတွေ အဖြစ်အပျက်တွေနဲ့ ကြုံလာ တဲ့အခါ အရမ်းပျော်ရွှင် မိတတ် တာမျိုးတွေပေါ့”

”မင်းဆိုလိုတာက ကိုယ့်စိတ် ကိယ်ု သိရှိနားလည်တဲ့လူဟာ အဲဒီ စိတ် အတက်အကျတွေကို ထိန်းနိုင် တယ်ဆိုပါတော့”

”အေးလေ အဲဒီသဘောပဲ”

”ကိုယ့်စိတ်ကိုယ် သိရှိနားလည် ဖို့က ဘာလုပ်ရမလဲ”

”စိတ်ကိုစောင့်ကြည့်တဲ့ ဘာဝ နာ တစ်မျိုးမျိုးပွားများပေါ့”

”ဟာ ဒါက င့ါအတွက် မလွယ် ဘူး”

”ဒါဆို စာဖတ်ပေါ့ကွ”

”ဘယ်လိုစာဖတ်ရမှာလဲ”

”မင်းစိတ်ကို ချမ်းသာစေမယ့် စာကောင်းပေကောင်းကလေးတွေ ရွေးဖတ်ပေါ့ဟ။ ပညာလည်းရ စိတ် လည်းချမ်းသာမယ့် စာမျိုးရွေးဖတ် တာ အကောင်းဆုံးပေါ့။ စိတ်ချမ်း သာတဲ့သူဟာ ကျန်းမာရေးလည်း ပိုကောင်းတယ်။ ကျန်းမာရေးရှု ထောင့်ကနေကြည့်ရင် စိတ်ချမ်းသာ တာဟာ ကျန်းမာရေးပဲလို့ ပြောနိုင် တယ်။ စိတ်ဆင်းရဲနေတဲ့ ဆရာဝန်ဆီ မှာ ဆေးမကုပါနဲ့လို့ ဆေးပညာရှင် များက ပြောကြတယ်”

”င်္ခေနဘသသု ပေါ်ကစာတွေ ငါဖတ်နေသားပဲ”

”စိတ်ဖိအားများပါတယ်ကွာ။ ငါတော့ စာအုပ်ဆိုရင် လက်နဲ့ကိုင်ပြီး တစ်ရွက်ချင်းလှန်လှောဖတ်ရတဲ့ အရသာကိုပဲ နှစ်သက်တယ်”

သူငယ်ချင်းသည် စိတ်ချမ်း သာအောင် ကြိုးစား၍ နေမည်ဟု ပြော၏။ ထို့နောက် ကျွန်တော့်ကို နှုတ်ဆက်ကာ သူ့အိမ်သူ ပြန်သွား လေတော့၏။
စိတ်ချမ်းသာကြပါစေ။

အောင်မှူးဝေ

စာကို ။ ဆရာတော် ဦးဇောတိက (မဟာ မြိုင်တောရ) – တွေးမိတိုင်းပျော်တယ်။

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071