Tuesday, September 15, 2026

အင်္ဂလန်နဲ့ စကော့တလန်ကြား ‘ဝီစကီစစ်ပွဲ’ စတင်ဖြစ်ပွားလာ

​အင်္ဂလန်ရဲ့ Single Malt ဝီစကီကို နိုင်ငံတော်က အကာအကွယ်ပေးထားတဲ့ အမျိုးအစားအဖြစ် သတ်မှတ်ပေးဖို့ ဗြိတိန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် ကမ္ဘာကျော် စကော့ချ် (Scotch)...

AI ကို ထိန်းချုပ်ဖို့အတွက် IQ...

​AI နည်းပညာအပေါ် အကန့်အသတ်အသစ်တွေ ထိန်းချုပ်ပေးဖို့ ထိပ်တန်း AI ကုမ္ပဏီအရာရှိတွေရဲ့ တောင်းဆိုမှုကို သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ ပယ်ချလိုက်ပါတယ်။ AI...

(၅)နှစ်ခန့်အတွင်း အလင်းဝင်လာသူ(၆,၀၀၀)ဦးခန့်ရှိပြီဖြစ်

နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ၌ပူးပေါင်းဆောင်ရွက်ရန် ၂၀၂၁ ခုနှစ်မှစ၍ ယနေ့အထိ အလင်းဝင်လာသူ(၆,၀၀၀)ဦးခန့်ရှိပြီဖြစ်ကြောင်း စာရင်းဇယားများအရ သိရသည်။ နေပြည်တော်တိုင်းစစ်ဌာနချုပ်တွင်(၂၆)ဦး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်(၁၃၇)ဦး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင်(၈၉၄)ဦး၊ အရှေ့ပိုင်းတိုင်းစစ်ဌာ နချုပ်တွင်(၃၂၅)ဦး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်(၄)ဦး၊...

သန်လျင်ရေနံချက်စက်ရုံ စီမံကိန်းအပိုင်း(၁)စတင်စမ်းသပ်လည်ပတ်

သန်လျင်ရေနံချက်စက်ရုံ စီမံကိန်းအပိုင်း(၁)ကို စက်ရုံလည်ပတ်မှုနည်းစဥ် တစ်ဆင့်ချင်းစီအလိုက်စတင်စမ်းသပ်လည်ပတ်နေပြီဖြစ်ရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က စက်တင်ဘာ ၁၄ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ စက်မောင်းဆီကို...
HomeEntertainmentBusinessစာအုပ်ဈေးကွက် ကျဉ်းမြောင်းလာပေမယ့် ...

စာအုပ်ဈေးကွက် ကျဉ်းမြောင်းလာပေမယ့် စာကြည့်တိုက်တွေနဲ့ အွန်လိုင်းကတစ်ဆင့် ပျံ့နှံ့နေတာမို့ အလားအလာကောင်း တွေ့ရတယ် ကိုစန်းဦး (စိတ်ကူးချိုချိုစာအုပ်တိုက်)

စိတ်ကူးချိုချို စာအုပ်တိုက်ရဲ့ ၁၉ နှစ်ပြည့် စာအုပ်ဈေးရောင်းပွဲ တော်ကို ဗဟန်းမြို့နယ်၊ ကြားတောရ လမ်းရှိ အဏ္ဏဝါဓမ္မာရုံမှာ သြဂုတ်လ ၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး နေ့စဉ် နံနက် ၉ နာရီကနေ ညနေ ၅ နာရီခွဲ အချိန် အတွင်း စာအုပ်များ ရောင်းချခဲ့ပါ တယ်။ အဆိုပါစာအုပ်ဈေး ရောင်းပွဲ မှာ စိတ်ကူးချိုချိုက ထုတ်ဝေတဲ့ စာအုပ်တွေကို တစ်ဦးချင်း ၂ဝ ရာ ခိုင်နှုန်း၊ ကိုယ်စားလှယ်နဲ့ စာကြည့် တိုက် ၃၅ ရာခိုင်နှုန်း အထူးလျှော့ ဈေးနှုန်းများနဲ့ ရောင်းချပေးခဲ့ပြီး ကျပ် ၁ဝဝဝ ဖိုး ၃ အုပ်၊ ၅ဝ ရာခိုင် နှုန်း လျှော့ဈေး စသဖြင့် စာအုပ်တစ် အုပ်ချင်းအလိုက် လျှော့ဈေးတွေ လည်း သတ်မှတ်ထားပြီး ရောင်းချ ပေးခဲ့ပါတယ်။

စိတ်ကူးချိုချိုစာအုပ်တိုက်တည် ထောင်သူ ကိုစန်းဦးက စာအုပ်ဈေး ရောင်းပွဲတော် ကျင်းပဖြစ်ပုံနဲ့ ပတ် သက်ပြီး အခုလို ပြောပါတယ်။ ”ကျွန်တော်က စာရေးဆရာ၊ ကာတွန်းဆရာ၊ ပန်းချီဆရာတွေ အနုပညာနယ်ပယ်က လူတွေ အတော်များများကိုဖိတ်ပြီး ကျေးဇူး ဆပ်တဲ့အနေနဲ့ အမှတ်တရလက် ဆောင်တွေ ပေးပါတယ်။ နောက်ပြီး ဒီလိုပွဲလုပ်တဲ့အခါ ကိုယ့်တိုက်ထုတ် စာအုပ်တွေအားလုံးကို ခင်းကျင်း ရောင်းချနိုင်တယ်။ စာအုပ်တွေကို လျှော့ဈေးနဲ့လည်း ဝယ်လို့ရအောင် စီစဉ်ပေးထားတဲ့အခါကျတော့ စာ ဖတ်ပရိသတ်တွေအနေနဲ့လည်း အဆင် ပြေစေပါတယ်”လို့ ပြောပါတယ်။

လက်ရှိမှာ လူငယ်တွေ စာဖတ် အားနည်းလာကြပြီး စာအုပ်ရောင်း အားတွေ ကျဆင်းလာတာနဲ့ ပတ် သက်ပြီးလည်း ”စာအုပ်ဈေးကွက်က တဖြည်းဖြည်း အရောင်းအဝယ်နည်း လာပြီး ကျဉ်းမြောင်းလာတယ်။ ဒါ ပေမဲ့ တစ်ဖက်မှာက စာကြည့်တိုက် တွေ၊ စာပေဆိုင်ရာအဖွဲ့တွေလည်း ထူထောင်ကြတဲ့အခါ သူတို့တွေက စာအုပ်တွေ ဝယ်ကြပြီး အဲဒီကနေ တစ်ဆင့် ပျံ့နှံ့ကြဆိုတော့လည်း အလားအလာကောင်းတွေ တွေ့ရပါ တယ်။ နောက်တစ်ခုက လူငယ်တွေ ဟာ အွန်လိုင်းမှာပဲ မျောနေတာ ကြောင့် စာအုပ်ရောင်းအားကျတယ် လို့ ထင်ကြတယ်။ ဒါပေမဲ့ အွန်လိုင်း က ပေ့ခ်ျတွေ၊ ဘလော့ဂ်တွေပေါ်မှာ တင်ထားတဲ့ စာတွေကို ကြည့်လိုက်တဲ့ အခါမှာ စာပေကောင်းတွေ တွေ့ရ တယ်။ လူငယ်တွေက အွန်လိုင်းသုံး ရင်း အဲဒါတွေကို ဖတ်ဖြစ်ကြမယ် ဆိုရင် ဒါသည်လည်း စာဖတ်ဖြစ်နေ တာပါပဲ။ လူငယ်တွေအနေနဲ့ စာဖတ် တဲ့အလေ့အထတွေ ရလာပြီဆိုရင် နောက်ပိုင်းမှာ စာအုပ်တွေဘက်ကို ပြန်လှည့်လာမယ်လို့ ယုံကြည်ပါ တယ်”လို့ ကိုစန်းဦးက ပြောပါတယ်။

အဆိုပါစာအုပ်ဈေးရောင်းပွဲမှာ စိတ်ကူးချိုချို စာအုပ်တိုက် တည် ထောင်နှစ် ၁၉ နှစ်ပြည့်အမှတ်တရ အဖြစ် စီစဉ်ထုတ်ဝေတဲ့ စာပေအနု ပညာဆိုင်ရာစာအုပ်များ၊ သမိုင်း အတ္ထုပ္ပတ္တိနှင့် အတွေးအမြင်ဆိုင်ရာ စာအုပ် ရသဝတ္ထုစာအုပ်များ၊ ရသ ဘာသာပြန်စာအုပ်များ၊ နှောင်းခေတ် မှ ၂ဝ ရာစုကုန်အထိ ပြဇာတ်စာပေ များ၊ နဂါးနီတိုက်ထုတ်စာအုပ်များ ပြန်လည်ဆန်းသစ်ထုတ်ဝေခြင်း စာ အုပ်များ၊ ကဗျာဆိုင်ရာ စာအုပ်များ၊ အခြားကဏ္ဍများဆိုင်ရာ စာအုပ်များ စုစုပေါင်း ၉၆ အုပ် အပါအဝင် စိတ် ကူးချိုချို စာအုပ်တိုက်ထုတ် စာအုပ် များစွာကို စုံလင်စွာ ရွေးချယ်ဝယ်ယူ နိုင်ဖို့ စီစဉ်ထုတ်ဝေခဲ့ပါတယ်။ စိတ်ကူးချိုချိုစာ အုပ်တိုက် ၁၉ နှစ် ပြည့် အမှတ်တရ စာအုပ်ဈေးရောင်းပွဲ ကို ရန်ကုန်နဲ့ မန္တလေးရှိ စိတ်ကူးချိုချို စာအုပ်ဆိုင်တွေမှာလည်း တစ်ပြိုင် နက်တည်း ကျင်းပပြုလုပ်ခဲ့ပါတယ်။

စုမွန်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071