Thursday, June 5, 2025

မုံရွာမြို့တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား...

မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်း သားကျောင်းသူများကို ဇွန်လ (၅)ရက် နံနက်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer...

နောင်မွန်း – ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး)...

ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်၊ နောင်မွန်း - ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး)ကြိုးတံတားပျ-က်စီးခဲ့မှုအား ပြန်လည်ပြုပြင်ပြီးစီးပြီဖြစ်၍ ရေဘေးသင့် ပြည်သူများအတွက် စားသောက်ကုန်များ ပို့ဆောင်ပေးလျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ...

ကုန်းတွင်းလုပ်ကွက် IOR – 6...

ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ စပ်ကြားနေရာတွင် တည်ရှိသည့် ကုန်းတွင်းလုပ်ကွက် IOR - 6 (မြန်အောင်ဒေသ) ဧရိယာ-၂ မှ ရေနံစိမ်းများ တိုးတက်ရရှိရန်မျှော်မှန်းထားကြောင်း...

ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းပြောင်းရွှေ့မည် ဖြစ်သောကြောင့် ငါးမြို့နယ်တွင် ဓာတ်အား...

230kV ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းတည်ဆောက်ရာတွင် တိုင်ထူခြင်းနှင့် မလွတ်ကင်းသော ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်းများ၊ 230kV ဓာတ်အားလိုင်းတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်းများကို မနက်ဖြန် (ဇွန်- ၆) တွင်...
HomeNewsLocal Newsအာရှဘောလုံးအဖွဲ့ချုပ် နည်းပြလိုင်စင်ရ သင်တန်းဆရာများက...

အာရှဘောလုံးအဖွဲ့ချုပ် နည်းပြလိုင်စင်ရ သင်တန်းဆရာများက သင်ကြားမည့် MFF မှနွေရာသီ လူငယ်ဘောလုံးသင်တန်းများ အခမဲ့ တက်​ရောက်နိုင်ပြီ

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF မှ ဘောလုံးဖွံ့ဖြိုးရေးနှင့် လူငယ်မျိုးဆက်သစ်များအတွက် နွေရာသီ လူငယ်ဘောလုံးသင်တန်းများကို စပွန်ဆာများ၏ ပံ့ပိုးကူညီမှုဖြင့် အခမဲ့ ဖွင့်လှစ်သွားမည်ဖြစ်သည်။

၂၀၂၃ နွေရာသီ လူငယ် ဘောလုံးသင်တန်း အမှတ်စဉ် (၁)နှင့် (၂)ကို ရန်ကုန်နှင့် မန္တလေးရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF ) ဘောလုံးအကယ်ဒမီများနှင့် ဗဟန်းကွင်းတို့တွင် သင်တန်းကြေး အခမဲ့ဖြင့် ဖွင့်လှစ် ပို့ချပေးသွားမည်ဖြစ်ပြီး နိုင်ငံတဝန်းရှိ ကျောင်းသားလူငယ်များအားလက်ခံသင်ကြား​ပေးမည်ဖြစ်သည်။

သင်တန်း အမှတ်စဉ် (၁)အား ၂၀၂၃ခုနှစ်  မတ်လ (၁) ရက်မှ  ဧပြီလ (၁၀)ရက် အထိ၊ အမှတ်စဉ် (၂)အား ၂၀၂၃ ခုနှစ် ဧပြီလ (၁၉)ရက် မှ မေလ (၂၉) ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးတို့တွင် သင်တန်းသား (၂၀၀) ဦးစီကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ရှိ အာရှဘောလုံးအဖွဲ့ချုပ် နည်းပြလိုင်စင်ရ သင်တန်းဆရာများက ကြီးကြပ် သင်ကြားပေးသွားမည်ဟုဆိုသည်။

အဆိုပါ အခြေခံ ဘောလုံးသင်တန်းသို့ အသက် ၉ နှစ်မှ ၁၅နှစ် အတွင်း (ကျား/မ) မည်သူမဆို တက်ရောက် သင်ယူနိုင်မည်ဖြစ်ပြီး အပတ်စဉ် တနင်္လာ၊ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် ဖွင့်လှစ်မည့်  သင်တန်းတွင် နံနက် ၇ နာရီ ၃၀ မိနစ်မှ ၉ နာရီ ၃၀ မိနစ်အထိ အခြေခံ ဘောလုံးပညာများ သင်ကြားရမည်ဖြစ်သည်။

ယခင်က သင်တန်းသား တစ်ဦးလျှင် သင်တန်းကြေး ကျပ် (၅၀၀၀၀) သတ်မှတ်ထားသော်လည်း ယခုအခါ စပွန်ဆာများ၏ ပံ့ပိုးကူညီမှုဖြင့် အခမဲ့ ဖွင့်လှစ်သွားမည်ဖြစ်ကာ ဝတ်စုံတစ်စုံစီနှင့် MFF အသိအမှတ်ပြု သင်တန်းဆင်း လက်မှတ်များ ပေးအပ်သွားမည်ဟု သိရသည်။

အမှတ်စဉ် (၁) သင်တန်း တက်ရောက်လိုသူများ အနေဖြင့်
https://www.mediafire.com/file/j2vvo57k0501n71/Summer_Football_classs.docx/file မှ

သင်တန်းတက်ခွင့် လျှောက်လွှာများကို ကူးယူဖြည့်စွက်၍  သင်တန်းဖွင့်လှစ်မည့် အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်)နှင့် မြန်မာ့ဘောလုံးအကယ်ဒမီ (မန္တလေး)သို့  ဖေဖော်ဝါရီ  ၂၈ ရက်နေ့ နောက်ဆုံးထား၍ ရုံးချိန်အတွင်း လူကိုယ်တိုင်လာရောက်ဆက်သွယ် လျှောက်ထားကြရန်အသိ​ပေးထားသည်။

ဖုန်းဖြင့်ဆက်သွယ်စုံစမ်းမေးမြန်းလိုသူများအနေဖြင့်လည်း ( ရန်ကုန် ၀၉ – ၄၀၃၇၂၅၄၂၅ ၊ မန္တလေး ၀၉ – ၄၂၆၅၅၀၀၆၆ ) သို့ ဆက်သွယ်စုံစမ်းနိုင်မည််ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုံရွာမြို့တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေး

မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်း သားကျောင်းသူများကို ဇွန်လ (၅)ရက် နံနက်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေးခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ပြည်သူ့ကျန်းမာရေးဦး စီးဌာနမှူး၏ အနီးကပ်လမ်းညွှန်မှုဖြင့် မုံရွာမြို့နယ်ကျန်းမားရေးဦးစီးဌာနှင့် မုံရွာမြို့နယ် ပညာရေးဌာနတို့ ပူးပေါင်း၍ မုံရွာမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သော ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။ မုံရွာမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သော အဖွဲ့မှ တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်း သားကျောင်းသူ (၄၀၀)ကျော်ကို...

နောင်မွန်း – ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး) ကြိုးတံတားပြုပြင်ပြီးဖြစ်၍ ရေဘေးသင့် ပြည်သူများအတွက် စားသောက်ကုန်များ ပို့ဆောင်

ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်၊ နောင်မွန်း - ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး)ကြိုးတံတားပျ-က်စီးခဲ့မှုအား ပြန်လည်ပြုပြင်ပြီးစီးပြီဖြစ်၍ ရေဘေးသင့် ပြည်သူများအတွက် စားသောက်ကုန်များ ပို့ဆောင်ပေးလျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။ ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မေခမြစ်ရေ အဆမတန်မြင့်တက်မှုကြောင့် နောင်မွန်းမြို့နယ်၊ နောင်မွန်း - ပန်နန်းဒင်သွား မေခမြစ်ကူး (လူကူး) ကြိုးတံတား အရှည် (၃၄၀)ပေ၊ အကျယ် (၆) ပေသည် မေလ (၃၁) ရက်တွင် မြစ်အတွင်းမျေ-ာပါသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပန်နန်းဒင် မေခမြစ်ကူး(လူကူး) ကြိုးတံတား ပျ-က်စီးခဲ့မှုအား ဌာနဆိုင်ရာတာဝန် ရှိသူများက...

ကုန်းတွင်းလုပ်ကွက် IOR – 6 (မြန်အောင်ဒေသ) ဧရိယာ-၂ မှ ရေနံစိမ်းများ တိုးတက်ရရှိရန်မျှော်မှန်း

ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ စပ်ကြားနေရာတွင် တည်ရှိသည့် ကုန်းတွင်းလုပ်ကွက် IOR - 6 (မြန်အောင်ဒေသ) ဧရိယာ-၂ မှ ရေနံစိမ်းများ တိုးတက်ရရှိရန်မျှော်မှန်းထားကြောင်း စွမ်းအင်ဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောသည်။ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် Myanmar Kinsanar Co.,Ltd. တို့အကြား ကုန်းတွင်းလုပ်ကွက် IOR-6 (မြန်အောင်ဒေသ) ဧရိယာ-၂ တွင် ရေနံအထွက်တိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုးတက်ထွက်ရှိလာသော ရေနံထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုခွင့်ပြုပေးခဲ့သည့် IOR -...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071