KNPP၊ KNDF နှင့် PDF တို့ ယာယီထိန်းချုပ်ထားသည့် ဒီးမော့ဆိုမြို့အား တပ်မတော်စစ်ကြောင်းများမှ ယနေ့ သြဂုတ် ၁၉ ရက်တွင် ပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းများမှ ဒီမော့ဆိုဒေသ တစ်ဝိုက်နှင့် ဒီမော့ဆိုမြို့အားပြန်လည်ထိန်းချုပ်နိုင်ရန် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၄ ရက်မှစ၍ရှင်းလင်းတို-က်ခို-က်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် ဩဂုတ် ၇ ရက်တွင် ဒီမော့ဆိုမြို့၏ အရှေ့တောင်ဘက်ရှိ ပါဒိုးဒူကျေးရွာနှင့် ရှုးဖယ်ခူရပ်ကွက်၊ ဩဂုတ် ၁၂ ရက်တွင် ရွှေယောက်ရပ်ကွက်ရှိ ဆီဆိုင်နေရာ၊ ဩဂုတ် ၁၄ ရက်တွင် အောင်မင်္ဂလာရပ်ကွက်ရှိ မြို့နယ်ရဲစခန်း၊ မီးသတ်ဦးစီးဌာန၊ မြို့ နယ်ပြည်သူ့ဆေးရုံနှင့် မြို့နယ်ထွေအုပ်ရုံး၊ ဩဂုတ် ၁၅ ရက်တွင် ရွှေယောက်ရပ်ကွက်တစ်ခုလုံးနှင့် စည်ပင်သာယာရပ်ကွက်ရှိ မြို့နယ်ခန်းမ၊ မြို့မရပ် ကွက်ရှိ ချက်ကျောင်းနေရာတို့အား အဆင့်ဆင့်ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ အဆင့်ဆင့်ပြန်လည်သိမ်းပိုက်ခဲ့ရာမှ ယနေ့ သြဂုတ် ၁၉ ရက်တွင် ဒီးမော့ဆိုမြို့တစ်ခုလုံးကို ပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ကာ စစ်ဆင်ရေးကာလ(၁၆)ရက်အတွင်း တိုက်ပွဲကြီး/ငယ်(၂၃) ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းအဖွဲ့များ၏ အလောင်း (၆)လောင်းနှင့် လက်နက်မျိုးစုံ(၅)လက်တို့ကိုသိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်၌ တပ်မတော်စစ်ကြောင်းများက လွိုင်ကော်မြို့နှင့် ဒီမော့ဆိုမြို့တို့အား ဆက်သွယ်ထားသည့်လမ်းကြောင်းအား အပြီးတိုင်ဆက်လက်ရှင်းလင်းပေးခဲ့ပြီးနောက် လွိုင်ကော်၊ ဒီမော့ဆို ဆက်သွယ်ရေးလမ်းမကြီးအား မကြာမှီပြန်လည်ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်ပေးလျက်ရှိပြီး စာသင်ကျောင်းများ၊ ဆေးရုံ/ဆေးခန်းများ၊ ရုံး/ဌာန အဆောက်အအုံများ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံများနှင့် လူနေအိမ်များကိုပြန်လည်ပြုပြင်ခြင်းနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်း၊ နယ်မြေလုံခြုံရေးလုပ်ငန်းများကိုတိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်အတွင်း အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်/ပိတ်ဆို့ထားသည့် မြို့/ရွာများ၊ ဆက်သွယ်ရေးလမ်းကြောင်း များအား တပ်မတော်က“ရန်နိုင်မင်း”စစ်ဆင်ရေးဖြင့် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကိုဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာမှ ၂၀၂၄ ခုနှစ်၊ မေ ၁၅ ရက်တွင် ဆီဆိုင်မြို့အားပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဟိုပုံး-ဆီဆိုင်-လွိုင်ကော် လမ်းကြောင်းအား မေ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၆ ရက်တွင် မိုးဗြဲမြို့အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ပင်လောင်း-ဆောင်းပြောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် လမ်းကြောင်းအား ဇူလိုင် ၁၁ ရက်၊ ဖယ်ခုံအင်း အရှေ့ဘက်ခြမ်းဒေသတစ်ခုလုံးအား ဇူလိုင် ၃၁ ရက်တို့တွင် ပြန်လည်ထိန်းချုပ်/ဖွင့်လှစ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
