Monday, May 25, 2026

စိုက်ပျိုးရေရရှိရေးဆောင်ရွက်မည့် အောင်လံမြို့နယ်မှ တောင်သူ(၁၁)ဦးကို ငွေကျပ်သိန်း(၄၄၀)ထုတ်ချေး

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ မိုးကောင်းကျေးရွာမှ စိုက်ပျိုးရေရရှိရေးအတွက်ဆောင်ရွက်မည့် တောင်သူ (၁၁)ဦးကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ Quick Win ရက်(၁၀၀)စီ မံချက်အတွင်း ချေးငွေများထုတ်ချေးပေးခဲ့သည်။ မေ ၂၄...

မန္တလေးနှင့် စစ်ကိုင်းတွင် ဝန်ထမ်းအိမ်ရာ ၄၉၈...

ငလျင်ဒဏ်ခံတံတားစနစ်သစ်ပါ ဒုဋ္ဌဝတီတံတား ဆောင်ရွက်နေ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာတည်ဆောက်ရေးနှင့် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က မေ ၂၃ ရက်တွင်...

သုတေသနပညာရှင်များနှင့် MSME လုပ်ငန်းရှင်များ ချိတ်ဆက်ဆောင်ရွက်ရန်...

ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သုတေသနပြုလုပ်ငန်းများ ဆောင်ရွက်နေသည့် ပညာရှင်များနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) လုပ်ငန်းရှင်များအကြား ချိတ်ဆက်ဆောင်ရွက်မှုများ အားကောင်းစွာပြုလုပ်ရန်...

မဲခေါင်ဒေသခွဲ မီးခိုးမြူငွေ့အန္တရာယ် လျော့ကျ၊ သတိပေးချက်အဆင့်...

အာဆီယံဒေသတွင်း နိုင်ငံများကြား နှစ်စဉ်ကြုံတွေ့နေရသည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုပြဿနာမှာ လက်ရှိတွင် စိုးရိမ်ရသည့်အခြေအနေမှ လျော့နည်းသွားပြီဖြစ်ပြီး မဲခေါင်ဒေသခွဲ၏ ခြောက်သွေ့ရာသီကာလလည်း ကုန်ဆုံးသွားပြီဖြစ်ကြောင်း စင်ကာပူနိုင်ငံအခြေစိုက်...
HomeNewsLocal Newsစစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေးတွင် မြန်မာ...

စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေးတွင် မြန်မာ – တရုတ်ချစ်ကြည်ရေးဈေးရုံ ဖွင့်လှစ်

စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေးတွင် မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံ ဖွင့်ပွဲကို မတ်လ (၁၃) ရက်၊ နံနက်ပိုင်းက အဆိုပါဈေးရုံတွင် ကျင်းပခဲ့သည်။

ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည် ရေးဈေးရုံ ကို  မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် မြန်မာနိုင်ငံတရုတ်စက်မှု လုပ်ငန်းရှင်များအသင်းတို့မှလှူဒါန်း၍ မြန်မာ – တရုတ် ပူးပေါင်းဆက်ဆံရေးအသင်းမှ ကူညီဆောင်ရွက်ခြင်းဖြစ်သည်။

ဖွင့်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Ms Ma Jia ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံမှူးကြီး Mr.Hou Yong ၊ မြန်မာနိုင်ငံ တရုတ်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Mr.Liu Ming နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်နေပြည်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံသစ်ကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E Ms Ma Jia ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံမှူးကြီး Mr.Hou Yong ၊ မြန်မာနိုင်ငံ တ ရုတ်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Mr.Liu Ming ၊ မြန်မာတရုတ်ပူးပေါင်းဆက်ဆံရေးအသင်း Senior President ဦးသစ္စာ (ခ)Mr.Li Bo Bo ၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် စစ်ကိုင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများက စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံသစ် ကဗ္ဗည်းကျောက်စာအား အမွှေးနံ့သာရေများ ပက်ဖျန်းပေးကြသည်။

ဆက်လက်၍စစ်ကိုင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံသစ်ဖွင့်ပွဲ ဒုတိယပိုင်း အခမ်းအနားကို တက်ရောက်ကြသည်။

“အခုလို ဈေးရုံသစ်ဆောက်လုပ်ပေးခဲ့တဲ့အတွက် ရပ်ကွက်အနီးမှာ လာရောက်ဈေးရောင်းချတဲ့ အခြေခံပျံကျဈေးသည်တွေနဲ့ ရပ်ကွက်နေပြည်သူတွေအနေနဲ့  ဈေးရောင်း၊ ဈေးဝယ်တွေကို အချိန်တိုအတွင်းဆောင်ရွက်နိုင်တဲ့အတွက် ကုန်စည်သယ်ယူပို့ဆောင်ရာမှာ စရိတ်လျော့နည်းလာတယ်။

ကုန်စည်စီးဆင်းမှုလွယ်ကူတာကြောင့် စစ်ကိုင်းမြို့နေပြည်သူလူထုရဲ့ စီးပွားရေး၊ လူမှုရေးအခန်းကဏ္ဍတွေ အထောက်အကူပြုပြီး ဒေသဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ မြန်မာ-တရုတ် ချစ်ကြည်ရေးဈေးရုံသစ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြဖို့ လိုအပ်ပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် မြန်မာနိုင်ငံ တရုတ်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Mr.Liu Ming တို့က ရွှေမင်းဝံဈေးရုံသစ် ဆောက်လုပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးမှ ရွှေမင်းဝံဈေးမြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံသစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများထံ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။

စစ်ကိုင်းမြိုု့၊ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံသစ်သည် အလျား ပေ (၁၀၀)၊ အနံ ပေ (၁၀၀)ရှိ (၁) ထပ်ဈေးရုံဖြစ်ပြီး (၆) ပေပတ်လည် ဈေးဆိုင်ခန်းပေါင်း – (၁၁၂) ခန်းပါဝင်ကာ အဆိုပါဈေးခန်းများတွင် စားဖိုဆောင်သုံး ဒေသထွက်ဟင်းသီးဟင်းရွက်နှင့် သီးနှံများကို ရောင်းချသွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စိုက်ပျိုးရေရရှိရေးဆောင်ရွက်မည့် အောင်လံမြို့နယ်မှ တောင်သူ(၁၁)ဦးကို ငွေကျပ်သိန်း(၄၄၀)ထုတ်ချေး

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ မိုးကောင်းကျေးရွာမှ စိုက်ပျိုးရေရရှိရေးအတွက်ဆောင်ရွက်မည့် တောင်သူ (၁၁)ဦးကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ Quick Win ရက်(၁၀၀)စီ မံချက်အတွင်း ချေးငွေများထုတ်ချေးပေးခဲ့သည်။ မေ ၂၄ ရက်နံနက်ပိုင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံ ငွေဖြင့် တောင်သူတစ်ဦးလျှင်ငွေကျပ်သိန်း(၄၀)နှုန်းဖြင့် တောင်သူ(၁၁)ဦးအား ငွေကျပ်သိန်း(၄၄၀)ကိုထုတ်ချေးပေးခဲ့ခြင်းဖြစ်သည်။

မန္တလေးနှင့် စစ်ကိုင်းတွင် ဝန်ထမ်းအိမ်ရာ ၄၉၈ ခန်း တည်ဆောက်၊

ငလျင်ဒဏ်ခံတံတားစနစ်သစ်ပါ ဒုဋ္ဌဝတီတံတား ဆောင်ရွက်နေ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာတည်ဆောက်ရေးနှင့် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က မေ ၂၃ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီးတွင် ဝန်ထမ်းအိမ်ရာ (၂၆) လုံး၊ စုစုပေါင်း အခန်း (၃၈၆) ခန်းကို တည်ဆောက်လျက်ရှိပြီး လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးစေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရန် စနစ်တကျဆောင်ရွက်ရန် ဒုတိယဝန်ကြီးက မှာကြားခဲ့သည်။ ထို့ပြင် အသုံးပြုသည့် ဆောက်လုပ်ရေးပစ္စည်းများ၏ အရည်အသွေးစံချိန်စံညွှန်းပြည့်မီရေးကို သက်ဆိုင်ရာအရည်အသွေးထိန်းသိမ်းရေးအဖွဲ့များက အနီးကပ်ကြီးကြပ်စစ်ဆေးရန်နှင့် ရေ၊ လျှပ်စစ်နှင့် မီတာစနစ်များ ပြည့်စုံစွာတပ်ဆင်ရန်လည်း...

သုတေသနပညာရှင်များနှင့် MSME လုပ်ငန်းရှင်များ ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သုတေသနပြုလုပ်ငန်းများ ဆောင်ရွက်နေသည့် ပညာရှင်များနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) လုပ်ငန်းရှင်များအကြား ချိတ်ဆက်ဆောင်ရွက်မှုများ အားကောင်းစွာပြုလုပ်ရန် လိုအပ်ကြောင်း စက်မှုနှင့် MSME ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း က ပြောကြားသည်။ ယမန်နေ့က ရွှေဦး ဝဥစားသောက်ကုန်လုပ်ငန်းနှင့် MSME လုပ်ငန်းများအတွက် အောင်မြင်ရေးအလေ့အကျင့်ကောင်းများကို လက်တွေ့အသုံးချနိုင်ရေး သင်တန်းတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးက စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများအနေဖြင့် ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (GMP) လမ်းညွှန်ချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071