Tuesday, August 4, 2026

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ “ဝ”ပြည် သွေး...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ "ဝ"ပြည် သွေး စည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့က ယနေ့ ဩဂုတ် ၄ ရက်တွင်...

မြန်မာ-လာအိုပြိုင်ပွဲတွင် မြန်မာအသင်းက ၇ –...

ရန်ကုန်၊ ဩဂုတ် ၄အာဆီယံ ဟွန်ဒိုင်းဖလား ပြိုင်ပွဲ အုပ်စု (B) နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယနေ့ ဩဂုတ် ၄...

မြန်မာနိုင်ငံမှ ရန်ကုန်မြို့၊ နေပြည်တော်တို့အပါအဝင် နိုင်ငံတကာမြို့ပေါင်း(၁၉)မြို့နှင့်...

မြန်မာနိုင်ငံမှ ရန်ကုန်မြို့၊ နေပြည်တော်တို့အပါအဝင် နိုင်ငံတကာမြို့ပေါင်း(၁၉)မြို့နှင့် ရုရှားနိုင်ငံ၊ မော်စကိုမြို့တို့ကြား သယ်ယူပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလျှောက်ထားလွှာကိုလက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ဩဂုတ် ၂ ရက်မှ ၆...
HomeNewsLocal Newsစစ်ကိုင်းတိုင်းအတွင်း ဖမ်းဆီးခံခဲ့ရသည့် ဆီသင်္ဘောများနှင့်ဝန်ထမ်းများအား...

စစ်ကိုင်းတိုင်းအတွင်း ဖမ်းဆီးခံခဲ့ရသည့် ဆီသင်္ဘောများနှင့်ဝန်ထမ်းများအား ပြန်လည်ကယ်ထုတ်ရရှိ

စစ်ကိုင်းတိုင်းအတွင်း ဖမ်းဆီးခံခဲ့ရသည့် ဆီသင်္ဘောများနှင့်ဝန်ထမ်းများအား ပြန်လည်ကယ်ထုတ်ရရှိ

စစ်ကိုင်းတိုင်း၊ချင်းတွင်းနှင့်ဧရာဝတီမြစ်ဆုံအနီးရှိ မြင်းခြံနယ်မြေအတွင်း၌ ဖေဖော်ဝါရီ ၂၅ ရက်မွန်းလွဲ ၂ နာရီခန့်က အမည်မသိလက်နက်ကိုင်အဖွဲ့များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် ဆီသင်္ဘော ၅ စီးနှင့်ဝန်ထမ်းများအား လုံခြုံရေးအဖွဲ့ဝင်များက ပြန်လည်ကယ်ထုတ်နိုင်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ရက်နေ့က ရန်ကုန် သီလဝါဆိပ်ကမ်း မှနေ၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ရန်ကုန်မှ ညောင်တုန်း၊ညောင်တုန်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ထွက်ခွာလာသည့် ဒီဇယ်များတင်ဆောင်လာသော ဝင်းစိန်-၇ သင်္ဘော၊ ဧရာသရဖူ တွဲရေယာဉ်တို့သည် ဖေဖော်ဝါရီ ၂၅ရက် နေ့လည်ပိုင်းတွင် ချင်းတွင်းနှင့်ဧရာဝတီမြစ်ဆုံအနီး မြင်းခြံနယ်မြေအရောက်တွင်သုဘောဂနဒီ၊ဇွဲ-၇၊ဇွဲမာန်ခန့် စုစုပေါင်း တွဲရေယာဉ်များနှင့်အတူ ယာဉ်ပေါ်ပါ အယောက်(၅၀)ကျော်တို့သည် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

နောက်တစ်ရက် ဖေဖော်ဝါရီ ၂၆ရက် အရောက်တွင် ဝင်းစိန်သင်္ဘောပေါ်မှ ယာဉ်ပိုင်ရှင်က သက်ဆိုင်ရာသို့ အဆက်အသွယ်ပြုလုပ်ပြီးနောက် များမကြာမီအချိန်တွင် အဆိုပါ ယာဉ်ပိုင်ရှင်နှင့်သင်္ဘောသားအချို့သည် စက်လှေဖြင့် ထွက်ပြေးလွတ်မြောက်လာခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်အတွင်း သင်္ဘောသားများပါလာသည့် လက်ကိုင်ဖုန်း၊ငွေသားနှင့် အဝတ်အစားများယူဆောင်ခြင်းခံခဲ့ရသည်ဟု သက်ဆိုင်ရာမှသိရသည်။

အဆိုပါ ဖြစ်စဥ်အား နစက ၏လုံခြုံရေးအဖွဲဝင်များ နယ်မြေခံလုံခြုံရေးအဖွဲဝင်များနှင့်ပူးပေါင်းကာ ရှင်းလင်းရေးဆောင်ရွက်ခဲ့ကြသဖြင့် အမည်မသိလက်နက်ကိုင်အဖွဲ့မှဖမ်းဆီးထားသည့် ဆီသင်္ဘောများနှင့်ဝန်ထမ်းများအား ပြန်လည်ကယ်တင်နိုင်ခဲ့သည်ဟု သိရသည်။

Zaw Gyi

စစ္ကိုင္းတိုင္းအတြင္း ဖမ္းဆီးခံခဲ့ရသည့္ ဆီသေဘၤာမ်ားႏွင့္ဝန္ထမ္းမ်ားအား ျပန္လည္ကယ္ထုတ္ရရွိ

စစ္ကိုင္းတိုင္း၊ခ်င္းတြင္းႏွင့္ဧရာဝတီျမစ္ဆုံအနီးရွိ ျမင္းၿခံနယ္ေျမအတြင္း၌ ေဖေဖာ္ဝါရီ ၂၅ ရက္မြန္းလြဲ ၂ နာရီခန္႔က အမည္မသိလက္နက္ကိုင္အဖြဲ႕မ်ား၏ ဖမ္းဆီးျခင္းခံခဲ့ရသည့္ ဆီသေဘၤာ ၅ စီးႏွင့္ဝန္ထမ္းမ်ားအား လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ျပန္လည္ကယ္ထုတ္ႏိုင္ခဲ့သည္ဟု သိရသည္။

ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၁၄ရက္ေန႔က ရန္ကုန္ သီလဝါဆိပ္ကမ္း မွေန၍ ဧရာဝတီျမစ္ေၾကာင္းအတိုင္း ရန္ကုန္မွ ေညာင္တုန္း၊ေညာင္တုန္းမွ ဧရာဝတီျမစ္ေၾကာင္းအတိုင္း ထြက္ခြာလာသည့္ ဒီဇယ္မ်ားတင္ေဆာင္လာေသာ ဝင္းစိန္-၇ သေဘၤာ၊ ဧရာသရဖူ တြဲေရယာဥ္တို႔သည္ ေဖေဖာ္ဝါရီ ၂၅ရက္ ေန႔လည္ပိုင္းတြင္ ခ်င္းတြင္းႏွင့္ဧရာဝတီျမစ္ဆုံအနီး ျမင္းၿခံနယ္ေျမအေရာက္တြင္သုေဘာဂနဒီ၊ဇြဲ-၇၊ဇြဲမာန္ခန႔္ စုစုေပါင္း တြဲေရယာဥ္မ်ားႏွင့္အတူ ယာဥ္ေပၚပါ အေယာက္(၅၀)ေက်ာ္တို႔သည္ လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ၏ ဖမ္းဆီးျခင္းကို ခံခဲ့ရသည္။

ေနာက္တစ္ရက္ ေဖေဖာ္ဝါရီ ၂၆ရက္ အေရာက္တြင္ ဝင္းစိန္သေဘၤာေပၚမွ ယာဥ္ပိုင္ရွင္က သက္ဆိုင္ရာသို႔ အဆက္အသြယ္ျပဳလုပ္ၿပီးေနာက္ မ်ားမၾကာမီအခ်ိန္တြင္ အဆိုပါ ယာဥ္ပိုင္ရွင္ႏွင့္သေဘၤာသားအခ်ိဳ႕သည္ စက္ေလွျဖင့္ ထြက္ေျပးလြတ္ေျမာက္လာခဲ့သည္ဟု သိရသည္။

ျဖစ္စဥ္အတြင္း သေဘၤာသားမ်ားပါလာသည့္ လက္ကိုင္ဖုန္း၊ေငြသားႏွင့္ အဝတ္အစားမ်ားယူေဆာင္ျခင္းခံခဲ့ရသည္ဟု သက္ဆိုင္ရာမွသိရသည္။

အဆိုပါ ျဖစ္စဥ္အား နစက ၏လုံၿခဳံေရးအဖြဲဝင္မ်ား နယ္ေျမခံလုံၿခဳံေရးအဖြဲဝင္မ်ားႏွင့္ပူးေပါင္းကာ ရွင္းလင္းေရးေဆာင္႐ြက္ခဲ့ၾကသျဖင့္ အမည္မသိလက္နက္ကိုင္အဖြဲ႕မွဖမ္းဆီးထားသည့္ ဆီသေဘၤာမ်ားႏွင့္ဝန္ထမ္းမ်ားအား ျပန္လည္ကယ္တင္ႏိုင္ခဲ့သည္ဟု သိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း ရေဝင်ရောက်မှုများဖြစ်ပေါ်နေ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊ နတ်ကြီးကုန်းရပ်ကွက်၊ ဆင်ဘိုကုန်းရပ်ကွက်၊ စိမ်းမြောက်(ပေ ၆၀ လမ်း)၊ အောင်ချမ်းသာရပ်ကွကနှင့် အုတ်ကျင်းရပ်ကွက်များအတွင်းသို့ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ရင်းချောင်းရေမြင့်တက်ပြီး ချောင်းဘေးတစ်လျှောက်ရှိနေအိမ်များအတွင်းသို့လည်း ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်နေသည့် ရပ် ကွက်များရှိ နေအိမ်များအတွင်းနှင့် နမ့်ရင်းချောင်းဘေးတွင်နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ “ဝ”ပြည် သွေး စည်းညီညွတ်ရေးပါတီ(UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့လာရောက်ဂါရဝပြုတွေ့ဆုံ   တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်သန္နိဋ္ဌာန်ချမှတ်ပြီးမဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော်နေဟု နိုင်ငံတော်သမ္မတ ပြော

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ "ဝ"ပြည် သွေး စည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့က ယနေ့ ဩဂုတ် ၄ ရက်တွင် နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် နိုင်ငံတော်သမ္မတက နိုင်ငံ တော်အစိုးရသစ်လက်ထက်တွင် တိုင်း ပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ် နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန် သန္နိဋ္ဌာန်ချမှတ်ပြီးမဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် UWSP ဒုတိယဥက္ကဋ္ဌဦးဒုတိယဥက္ကဋ္ဌဦးကျောက်ကော်အန်းတိို့သည် နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်သန္နိ ဋ္ဌာန်ချမှတ်၍ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအားလုံးကိုဖိတ်ခေါ်ဆွေး နွေးလျက်ရှိမှု၊ နိုင်ငံတော်အနေဖြင့် ပြည်သူများလိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်...

မြန်မာ-လာအိုပြိုင်ပွဲတွင် မြန်မာအသင်းက ၇ – ၂ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိ

ရန်ကုန်၊ ဩဂုတ် ၄အာဆီယံ ဟွန်ဒိုင်းဖလား ပြိုင်ပွဲ အုပ်စု (B) နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယနေ့ ဩဂုတ် ၄ ရက် ညနေပိုင်းတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၇ ဂိုး - ၂ ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့သဖြင့် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ရန် အလားအလာကောင်းနေကြောင်း သိရသည်။ အဆိုပါ ပွဲစဉ်၏ ပထမပိုင်း ပွဲချိန်အပြီးတွင် မြန်မာအသင်းက ၄ ဂိုး - ၂ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071