စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရောက်ရှိနေသည့် တိုက်ပွဲရှောင်ပြည်သူ (၁၇၀၀၀၀) ကျော်အား နိုင်ငံတော်မှ တစ်လစာချီးမြှင့်ငွေ တစ်ဦး (၂၀၀၀ ၀) ကျပ်နှုန်းဖြင့် ဖေဖော်ဝါရီလ (၁၄) ရက်၊ မွန်းလွဲပိုင်းကပေးအပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၁၂) ခရိုင်၊ မြို့နယ် (၃၄) မြို့နယ်သို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရောက်ရှိနေသည့် တိုက်ပွဲရှောင်ပြည်သူ(၁၇၃၁၅၄) ဦးအား နိုင်ငံတော် မှပေးအပ်သည့် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလအတွက် တစ်ဦးလျှ င်ငွေကျပ် (၂၀၀၀၀)နှုန်း ပေးအပ်ခဲ့ခြင်းဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ လစဉ်ချီးမြှင့်ငွေများပေး အပ်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ (၁၄) ရက်၊ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမ တွင်ကျင်းပပြုလုပ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ် ကိုင်းတိုင်းဒေသကြီး အတွင်းရှိမြို့နယ်များသို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရောက်ရှိနေသည့် တိုက်ပွဲရှောင် ပြည်သူ များအား နိုင်ငံတော်မှ လစဉ်ချီးမြှင့်ငွေများ ပေးအပ်သွားမ ည့် အစီအစဉ်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ ကြောင်း သိရသည်။
