စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း (၃၀) ထပ်မံရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
စက်သုံးဆီလုပ်ငန်းရှင်များအတွက် ယခုတစ်ကြိမ် ထပ်မံထုတ်ရောင်းပေးမှုအပါအဝင် (၅)လကျော်အတွင်း ဒေါ်လာ (၆၁၃) သန်း ထုတ်ရောင်းပေးထားပြီးဖြစ်ကြောင်း သိရသ ည်။
၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်အစဖြစ်သည့် ဧပြီလတွင် (၉၃) သန်း၊ မေလတွင် ဒေါ်လာ (၈၆) သန်းနှင့် ထိုင်းဘတ်သန်း (၂၀၀)၊ ဇွန်လတွင် ဒေါ်လာ (၁၂၅) သန်း၊ ဇူလိုင်လတွင် ဒေါ်လာ (၁၅၃) သန်းနှင့် ဩဂုတ်လတွင် ဒေါ်လာ (၁၂၆) သန်း ထုတ်ရောင်ပေးထားသည်။
ထိုကဲ့သို့ ရောင်းချပေးလျက်ရှိသည့်အတွက် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာတည်ငြိမ်လျက်ရှိပြီး ယနေ့ ဈေးကွက်အတွင်း၌ ဓာတ်ဆီ (၉၂) တစ်လီတာ (၂၉၃၅)ကျပ်၊ ဓာတ်ဆီ (၉၅) တစ်လီတာ (၃၀၂၅) ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ(၂၅၃၅) ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ (၃၁၄၀) ကျပ် ရောင်းချလျက်ရှိသည်။
