မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ (၂၃) သန်း ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ဗဟိုဘဏ်မှ ပြီးခဲ့သည့် ဇန်နဝါရီလတွင်လည်း သွင်းကုန်လုပ်ငန်းရှင်များနှင့် စက်သုံးဆီ လုပ်ငန်းရှင်များအတွက် ဇန်နဝါရီလ (၂)ရက်မှ (၃၁)ရက်အထိ ဒေါ်လာ (၁၇၃) သန်းကျော်၊ ထိုင်းဘတ် (၉) သန်းနီးပါး၊ တရုတ်ယွမ် (၁၅) သန်းကျော် ထုတ်ရောင်းပေးထားသည်။
ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၊ ဘတ်နှင့် ယွမ်များကို ပြီးခဲ့သည့်ဇန်နဝါရီလမှစတင်ကာ ဆက်တိုက်ထုတ်ရောင်းပေးခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁) ရက်မှ နိုဝင်ဘာလ (၂၉) ရက်အထိ ဗဟိုဘဏ်အနေဖြင့် (၄)လအတွင်း ဒေါ်လာ (၃၃၅)သန်းကျော်၊ ထိုင်းဘတ် (၁ ဒသမ ၂၇၄) ဘီလျံကျော်နှင့် တရုတ်ယွမ် (၅၆) သန်းခန့်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်သည့်အပြင် ယခုဘဏ္ဍာနှစ် (၈)လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ(၁)ဘီလီယံ သီးသန့်ထုတ်ရောင်းပေးထားသည်။
