Monday, July 27, 2026

ဝဇီရာရုပ်ရှင်ရုံကြီးသည် အမျိုးသားအဆင့်ကဇာတ်ရုံကြီး ဖြစ်လာ‌တော့မည်ဟု နိုင်ငံ‌တော်သမ္မတ...

"ဝဇီရာကဇာတ်ရုံဟာ ဖျော်ဖြေမှု အဆောက်အအုံသက်သက်မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ခေတ်အဆက်ဆက် နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုတွေကို ကိုယ်စားပြုတဲ့ သမိုင်းမှတ်တန်းဝင်ကဇာတ်ရုံကြီးဖြစ်ကြောင်း သက်သေ‌ပြနေပါတယ်။ ဝဇီရာရုပ်ရှင်ရုံကြီးဟာ အနုပညာရှုထောင့်ကကြည့်ရင် မြန်မာ့ယဉ်ကျေးမှုကဏ္ဍမှာ...

ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် ကုက္ကိုပင်လဲကျ၍ ကားပေါ်ပိမိ၊...

ရန်ကုန်၊ဇူလိုင်-၂၇ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် ယနေ့ ဇူလိုင် ၂၇ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်ခန့်က ကုက္ကိုပင်တစ်ပင်...

မော်လမြိုင်-ရန်ကုန် DEMU ရထားပေါ်၌ ဆူညံစွာ...

ရထားပေါ်မှ ဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် စည်းကမ်း၊ ယဉ်ကျေးမှုနှင့် ဂုဏ်သိက္ခာဆိုင်ရာ အယူအဆများ အငြင်းပွားဖွယ်ဖြစ်ပေါ် မော်လမြိုင်ဘူတာမှ ရန်ကုန်ဘူတာကြီးသို့ ထွက်ခွာသည့် အမှတ် (၈၄) အဆုန်...

သားဖွားမီးယပ်အရေးပေါ်အခြေအနေများတွင် မှန်ကန်သည့် ဆုံးဖြတ်ချက်ချနိုင်ရေး Webinar...

ရန်ကုန်၊ ဇူလိုင် ၂၆ ဆေးရုံ၊ ဆေးခန်းများနှင့် ပြည်သူလူထုအတွင်း သားဖွားမီးယပ်အရေးပေါ်အခြေအနေများ၌ လျင်မြန်တိကျသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် ရည်ရွယ်သည့် အွန်လိုင်း Webinar ကို...
HomeNewsLocal Newsငလျင်ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့မည့် ဘိလပ်မြေအိတ်...

ငလျင်ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့မည့် ဘိလပ်မြေအိတ် (၅)သန်းကျော် ဖြန့်ဝေနိုင်ရန် ဘိလပ်မြေထုတ်လုပ်သူများအသင်းနှင့် ညိနှိုင်းထား

မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခို-က်ပျ-က်ဆီးခဲ့သည့် တိုင်းဒေသကြီး၊ ပြည်နယ်(၈)ခုတို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံမည် ဘိလပ်မြေအိတ်  (၅ ဒသမ ၃၄)သန်းကို ဖြန့်ဝေနိုင်ရန် ဘိလပ်မြေထုတ်လုပ်သူများအသင်းနှင့် ညိနှိုင်းထားပြီးဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း က ပြောသည်။

မြန်မာနိုင်ငံဘိလပ်မြေထုတ်လုပ်သူများအသင်း၏  (၄)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ(၉)ရက်က ကျင်းပစဥ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဘိလပ်မြေထုတ်လပ်မှု နည်းပညာများ တိုးတက်ပြန့်ပွားစေရေးအတွက် နည်းပညာတက္ကသိုလ်၊ ကောလိပ်စသည့် အသက်မွေးဝမ်းကြောင်း ပညာသင်ကျောင်းများတွင် ဘာသာရပ်တစ်ခုအနေဖြင့် ထည့်သွင်းသင်ကြားပေးနိုင်ရန် ဆွေးနွေးလျက်ရှိကြောင်းလည်း သိရသည်။

ဘိလပ်မြေစက်ရုံများအနေဖြင့်လည်း ကျောင်းသားကျောင်းသူများ လက်တွေ့လာရောက်ကွင်းဆင်းရာတွင် လက်ခံဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိရန်လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။

ထို့နောက် အစည်းအဝေးတွင် ငလျင်ဒ-ဏ်သင့်ဒေသများကို ဘိလပ်မြေဖြန့်ဖြူးပေးနိုင်ရေး အခြေအနေများနှင့် အရည်သွေးပြည့်မှီစွာထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဝဇီရာရုပ်ရှင်ရုံကြီးသည် အမျိုးသားအဆင့်ကဇာတ်ရုံကြီး ဖြစ်လာ‌တော့မည်ဟု နိုင်ငံ‌တော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား

"ဝဇီရာကဇာတ်ရုံဟာ ဖျော်ဖြေမှု အဆောက်အအုံသက်သက်မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ခေတ်အဆက်ဆက် နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုတွေကို ကိုယ်စားပြုတဲ့ သမိုင်းမှတ်တန်းဝင်ကဇာတ်ရုံကြီးဖြစ်ကြောင်း သက်သေ‌ပြနေပါတယ်။ ဝဇီရာရုပ်ရှင်ရုံကြီးဟာ အနုပညာရှုထောင့်ကကြည့်ရင် မြန်မာ့ယဉ်ကျေးမှုကဏ္ဍမှာ ထူးခြားလှတဲ့ ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်နဲ့ ဒြပ်မဲ့ယဉ်‌ကျေးမှု အမွေအနှစ်ပေါင်းစပ်ရာ နှလုံးအိမ်ကြီးဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ဒီလိုတန်ဖိုးမဖြတ်နိုင်တဲ့ ယဉ်ကျေးမှုအမွေအနှစ်ကြီးကို မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းနိုင်ဖို့ အထူးအလေးထားဆောင်ရွက်ခဲ့ပါတယ်။ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ပြီး ဂုဏ်သိက္ခာရှိတဲ့ အမျိုးသားအဆင့်ဂုဏ်ဒြပ်ကို ဖော်ဆောင်နိုင်တဲ့ ဝဇီရာရုပ်ရှင်ရုံကြီးဟာနိုင်ငံတကာအဆင့်မီခမ်းနားထည်ဝါစွာ တင်ဆက်ကြည့်ရှုနိုင်မယ့် တစ်ခုတည်းသော အမျိုးသားအဆင့်ကဇာတ်ရုံကြီး ဖြစ်လာတော့မှာပါ။ ဝဇီရာရုပ်ရှင်ရုံကြီးဟာ ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းရုံသာမက ရှေးဟောင်းအမွေအနှစ် ခရီးသွားလုပ်ငန်း (Heritage Tourism) နဲ့...

ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် ကုက္ကိုပင်လဲကျ၍ ကားပေါ်ပိမိ၊ အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ

ရန်ကုန်၊ဇူလိုင်-၂၇ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် ယနေ့ ဇူလိုင် ၂၇ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်ခန့်က ကုက္ကိုပင်တစ်ပင် လဲကျပြီး မောင်းနှင်နေသည့် ကားပေါ်သို့ ပိမိခဲ့ရာ လူ ၂ ဦး ကားအတွင်းညပ်နေခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်ကယ် ဆယ်ရေးဆောင်ရွက်ခဲ့သည့် လူမှုကူညီရေးအသင်းတစ်ခုထံမှ သိရသည်။ အခင်းဖြစ်နေရာတွင် ကားအတွင်းညပ်နေသည့် ဒဏ်ရာရအမျိုးသားတစ်ဦးနှင့် သေဆုံးနေသည့် အမျိုးသားတစ်ဦးတို့ကို မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကာ ကားအ တွင်းမှ...

မော်လမြိုင်-ရန်ကုန် DEMU ရထားပေါ်၌ ဆူညံစွာ သီချင်းဆိုခြင်းနှင့် စည်းကမ်းဖောက်ဖျက်ခဲ့သူ (၅၄) ဦးအား ရထားပို့ဆောင်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူ

ရထားပေါ်မှ ဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် စည်းကမ်း၊ ယဉ်ကျေးမှုနှင့် ဂုဏ်သိက္ခာဆိုင်ရာ အယူအဆများ အငြင်းပွားဖွယ်ဖြစ်ပေါ် မော်လမြိုင်ဘူတာမှ ရန်ကုန်ဘူတာကြီးသို့ ထွက်ခွာသည့် အမှတ် (၈၄) အဆုန် DEMU လူစီးအမြန်ရထားပေါ်တွင် ဆူညံစွာ အော်ဟစ်သီချင်းဆိုခြင်းနှင့် စည်းကမ်းမဲ့ အပြုအမူများ ပြုလုပ်ကာ အခြားခရီးသည်များအား စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည့် ဒေါ်မြသန်း ပါဝင်သော အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၅၄) ဦးတို့အား မီးရထားဌာနက တရားလိုပြုလုပ်၍ ရထားပို့ဆောင်ရေးဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၂၃...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071