Thursday, June 25, 2026

ပြည်ထောင်စုလွှတ်တော်နာယကနှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့ တွေ့ဆုံ

လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများအား အိန္ဒိယနိုင်ငံသို့ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းများ စေလွှတ်ရေး ဆွေးနွေး ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr....

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃...

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့်...

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ...

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက်...

ပျဥ်းမနား-တောင်ညိုလမ်းတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကျော်ပြီးလမ်းပိတ်နေ 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယနေ့ ဇွန် ၂၄ ရက်နေ့လည် ၃ နာရီကျော်ခန့်မှစတင်ကာ ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေ ကျော်၍လမ်းပိတ်နေကြောင်း သိရသည်။ ဉတ္တရသီရိမြို့နယ်အတွင်း...
HomeNewsLocal Newsဂျပန်မှာ ပထမဆုံး အမျိုသမီးဝန်ကြီးချုပ်...

ဂျပန်မှာ ပထမဆုံး အမျိုသမီးဝန်ကြီးချုပ် တက်လာဖွယ်ရှိ

  ဂျပန်နိုင်ငံ၏ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ(LDP) ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခံလိုက်ရသော ဆာနဲ တာကိုင်ချီသည် နိုင်ငံ့သမိုင်းတွင် နိုင်ငံတော်ကိုဦးဆောင်မည့် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာဖွယ်ရှိနေပြီဖြစ်သည်။

 ပထမအကျော့မဲပေးမှုတွင် ကိုယ်စားလှယ်လောင်း ငါးဦးစလုံး လုံလောက်သည့်မဲအရေအတွက် မရခဲ့ကြဘဲ စနေနေ့က အဆုံးအဖြတ်မဲပေးမှုတွင်မူ တာကိုင်ချီက ဝန်ကြီးချုပ်ဟောင်း ဂျူနီချီရို ကိုအိဇုမိ၏ သားဖြစ်သော ရှင်ဂျီရို ကိုအိဇုမိကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

  ကိုအိဇုမိသာ အနိုင်ရခဲ့ပါက ရာစုနှစ်တစ်ခုအကျော်အတွင်း အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာမည့် အခြေအနေရှိခဲ့သည်။

   အသက် ၆၄ နှစ်အရွယ်ရှိပြီဖြစ်သည့် စီးပွားဖူလုံ‌ေရးဝန်ကြီးဟောင်း တာကိုင်ချီသည် LDP ၏ လက်ယာစွန်းအစုဘက်ကို ယိမ်းသူဖြစ်သည်။

  ဂျပန်၏ နောက်တက်မည့် ဝန်ကြီးချုပ်ကို ရွေးချယ်မည့် လွှတ်တော်၌မဲပေးမှုကို အောက်တိုဘာလ ၁၅ ရက် နေ့တွင် ကျင်းပမည်ဟု မျှော်လင့်ထားသည်။

    LDP သည် လွှတ်တော်တွင် အကြီးဆုံးပါတီအဖြစ် ဆက်လက်တည်ရှိနေသောကြောင့် တာကိုင်ချီအနေဖြင့် ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာ၏ နေရာကို အစားထိုးနိုင်မည်ဟု မျှော်လင့်ထားသည်။ သို့သော်လည်း မကြာသေးမီက ရွေးကောက်ပွဲများအပြီးတွင် LDP ဦးဆောင်သော ညွန်ပေါင်းအဖွဲ့သည် လွှတ်တော်နှစ်ရပ်စလုံးတွင် အများစုနေရာယူထားနိုင်ခြင်းမရှိတော့သောကြောင့် ထိထိရောက်ရောက် လွှမ်းမိုးမှုယူနိုင်ရန်အတွက် အတိုက်အခံအမတ်များနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်မည်ဖြစ်သည်။

  ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရပါက တာကိုင်ချီအနေဖြင့် သက်ကြီးရွယ်အိုဦးရေ မြင့်တက်နေမှု၊ ပထဝီနိုင်ငံရေး ကသောင်းကနင်းဖြစ်မှု၊ စီးပွားရေးကျဆင်းမှုနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မတည်ငြိမ်မှုများ တိုးပွားလာမှုအပါအဝင် ရှုပ်ထွေးသော ပြဿနာများစွာကို ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်သည်။

Ref: အယ်ဂျာဇီးယား

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်ထောင်စုလွှတ်တော်နာယကနှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့ တွေ့ဆုံ

လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများအား အိန္ဒိယနိုင်ငံသို့ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းများ စေလွှတ်ရေး ဆွေးနွေး ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur အား ယမန်နေ့ က နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မပျက် ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများအား အိန္ဒိယနိုင်ငံသို့ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းများ စေလွှတ်ရေး၊ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုပြင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား သံတမန်ရေးရာနှင့်ဥပဒေရေးရာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ၊ နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား...

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃ သန်းနီးပါးရောင်းချပေး

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့် FX Trading အစီအစဉ်တွင် ကဏ္ဍအသီးသီးမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ကြရာ ကားနှင့် ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍက ၂၇ ရာခိုင်နှုန်းဖြင့် အများဆုံးရရှိခဲ့သည်။ အဆိုပါ FX Trading တွင် စက်သုံးဆီကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်းကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်းကဏ္ဍမှ ၁၁ ရာခိုင်နှုန်း၊ စားသုံးဆီကဏ္ဍမှ ၁၀ ရာခိုင်နှုန်းနှင့်...

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေးတက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ဇွန် ၂၈ ရက်တွင်ထုတ်ပြန်မည်

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက် ၆ နာရီတွင်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံမှ သိရသည်။ အောင်စာရင်းများကို မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်းကပ်ထားမည်ဖြစ်ကာ www.myanmarexam.org နှင့် result.dme.gov.mm တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ ထို့ပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်မကောင်းသည့် စာစစ်ဌာနများ၏ အောင်စာ ရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှ အောင်စာ ရင်းထွက်သည့်နေ့တွင်ကြေညာပေးမည်ဖြစ်ကာ အောင်စာရင်းနှင့်ပတ်သက်၍မရှင်းလင်းပါက မြန်မာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071