Monday, August 3, 2026

မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး...

ရပ်တန့်နေသည့် ပူးတွဲကုန်သွယ်ရေးကော်မတီနှင့် နှစ်နိုင်ငံညှိနှိုင်းအစည်းအဝေးများ ပြန်လည်ကျင်းပနိုင်ရေး ဆွေးနွေး ဒါကာ၊ ဩဂုတ် ၃ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E....

လေးမျက်နှာမြို့မှရေဘေးသင့်သူများအား တစ်ကိုယ်ရေကျန်းမာရေးအသုံးအဆောင်ပစ္စည်း(၁၁)မျိုးပါဝင်သော စက္ကူပုံး(၅၀၀)ကို သမဝန်ကြီးဌာနကလှူဒါန်း 

ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေရေဘေးသင့်နေသူများအတွက် သမဝါယမနှင့်ကျေး လက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တစ်ကိုယ်ရေကျန်းမာရေးအသုံးအဆောင်ပစ္စည်း(၁၁)မျိုးပါဝင်သော စက္ကူပုံး(၅၀၀)ကို သြဂုတ် ၂ ရက်တွင်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ လေးမျက်နှာမြို့နယ်၊ စာရေးကွင်းအုပ်စု၊...

ဧရာဝတီဖောင်ဒေးရှင်းက ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့်...

ဧရာဝတီဖောင်ဒေးရှင်းက ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်များ၊ နည်းပညာတက္က သိုလ်များ၊ စီးပွားရေးတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ စိုက်ပျိုး ရေးတက္ကသိုလ်များတွင်တက်ရောက်ပ ညာသင်ကြားမည့် ထူးချွန်ကျောင်း...

ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်(၁၀)နှစ်ပြည့် အထိမ်းအမှတ် သဲပုံစေတီငယ်ပေါင်း(၁,၀၀၀)ကိုစုပေါင်းတည်ထားပူဇော်

ရှမ်းပြည်နယ် ဗုဒ္တတက္ကသိုလ်(၁၀)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သြဂုတ် ၂ ရက်တွင် သဲပုံစေတီငယ် ပေါင်း(၁,၀၀၀)ကိုစုပေါင်းတည်ထားပူဇော်ပြီး မိုင်းဖုန်းဆရာတော်ကြီး၏ နည်းနာနိဿယအတိုင်း နမ့်လန်မြို့၊ မဇ္ဈိမာရာမကျောင်းဆရာတော်ဦးဆောင်၍ စုပေါင်းပရိတ်ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
HomeInternationalဂျက်မား အပါအဝင် စီးပွားရေးလုပ်ငန်းရှင်းများနှင့်...

ဂျက်မား အပါအဝင် စီးပွားရေးလုပ်ငန်းရှင်းများနှင့် ရှီ တွေ့ဆုံ

ပေကျင်းအနေဖြင့် စီးပွားရေးနှေးကွေးလားမှု၊ အမေရိကနှင့် တင်းမာမှုများ မြင့်တက်လာမှုတို့နှင့် ကြုံနေရသည့်အချိန်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဖေဖော်ဝါရီ ၁၇ ရက်က အလီဘာဘာ ပူးတွဲတည်ထောင်သူ ဂျက်မာ အပါအဝင် စီးပွားရေးခေါင်းဆောင်များတက်ရောက်သော စာတမ်းဖတ်ပွဲတစ်ခုတွင် မိန့်ခွန်းပြောကြားခဲ့သည်။

စာတမ်းဖတ်ပွဲသို့ တက်ရောက်ခဲ့သည့် ပုဂ္ဂလိကလုပ်ငန်း ခေါင်းဆောင်များတွင် Huawei တည်ထောင်သူ Ren Zhengfei၊ Xiaomi တည်ထောင်သူ Lei Jun၊ BYD ၏ Wang Chuanfu၊ Unitree ၏ Wang Xingxing နှင့် CATL ၏ Robin Zeng တို့ပါဝင်သည်ကို စီစီတီဗီက ထုတ်လွှင့်ခဲ့သည့် ဗီဒီယိုတွင် တွေ့ရသည်။

ထို့အပြင် Meituan ၏ Wang Xing၊ China Feihe ၏ Leng Youbin နှင့် Will Semiconductor တည်ထောင်သူ Yu Renrong တို့လည်း တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

Tencent ၏ Pony Ma သည်လည်း ထိုအစည်းအဝေးတွင် ရှိနေခဲ့သည်ဟု အဆိုပါအကြောင်းအရာနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ အစည်းအဝေး အသေးစိတ်ကို လူသိရှင်ကြား ထုတ်ပြန်ခြင်းမရှိ၍ ၎င်းက အမည်ဖော်ခွင့် မပြုပေ။

ပုဂ္ဂလိက ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၏ ဆွေးနွေးတင်ပြမှုများအပြီးတွင် မစ္စတာ ရှီက မိန့်ခွန်းပြောကြားခဲ့သည်ဟု နိုင်ငံပိုင် ရှင်းဟွာသတင်းက ဆိုသည်။ ပေကျင်းရှိ ပြည်သူ့ခန်းမတွင် ကျင်းပပြုလုပ်သော အဆိုပါ စားတမ်းဖတ်ပွဲ၏ အသေးစိတ်အကြောင်းအရာများကိုမူ သတင်းတွင် မဖော်ပြခဲ့ပေ။

ပုဂ္ဂလိကကဏ္ဍ သဘောထားအမြင်များကို အားပေးမြှင့်တင်ရန်အတွက် မစ္စတာ ရှီသည် အလီဘာဘာ ပူးတွဲတည်ထောင်သူ ဂျက်မာ အပါအဝင် နိုင်ငံ၏ စီးပွားရေးခေါင်းဆောင်များတက်ရောက်ကြမည့် အစည်းအဝေးတစ်ခုကို ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြုလုပ်ရန် စီစဉ်နေသည်ဟု သတင်းရင်းမြစ်များကို ကိုးကား၍ ရိုက်တာက ဖေဖော်ဝါရီ ၁၄ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ အစည်းအဝေးသည် ပုဂ္ဂလိက ကဏ္ဍ သဘောထားအမြင်များကို အားပေးမြှင့်တင်ရန် ရည်ရွယ်ပြီး တရုတ်-အမေရိက နည်းပညာစစ်ပွဲအရှိန်မြင့်နေချိန်တွင် ကုမ္ပဏီအကြီးအကဲများအနေဖြင့် ၎င်းတို့၏ လုပ်ငန်းများအား ပြည်တွင်း၌ သာမက နိုင်ငံတကာတွင်ပါ တိုးချဲ့ရန် မစ္စတာရှီက တွန်းအားပေးသွားမည်ဟု မျှော်လင့်ရကြောင်း သတင်းရင်းမြစ်များက ပြောဆိုထားသည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး

ရပ်တန့်နေသည့် ပူးတွဲကုန်သွယ်ရေးကော်မတီနှင့် နှစ်နိုင်ငံညှိနှိုင်းအစည်းအဝေးများ ပြန်လည်ကျင်းပနိုင်ရေး ဆွေးနွေး ဒါကာ၊ ဩဂုတ် ၃ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E. Mr. Khandakar Abdul Muktadir နှင့် ဩဂုတ် ၂ ရက် နံနက်ပိုင်းက တွေ့ဆုံ၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား စိုက်ပျိုးရေးထွက်ကုန်၊ ရေထွက်ကုန်၊ ဆန်နှင့် ဆေးဝါးများ အပါအဝင် ကုန်ပစ္စည်းကုန်သွယ်ရေး တိုးမြှင့်ရေး၊ ရေကြောင်းပို့ဆောင်ရေး...

လေးမျက်နှာမြို့မှရေဘေးသင့်သူများအား တစ်ကိုယ်ရေကျန်းမာရေးအသုံးအဆောင်ပစ္စည်း(၁၁)မျိုးပါဝင်သော စက္ကူပုံး(၅၀၀)ကို သမဝန်ကြီးဌာနကလှူဒါန်း 

ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေရေဘေးသင့်နေသူများအတွက် သမဝါယမနှင့်ကျေး လက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တစ်ကိုယ်ရေကျန်းမာရေးအသုံးအဆောင်ပစ္စည်း(၁၁)မျိုးပါဝင်သော စက္ကူပုံး(၅၀၀)ကို သြဂုတ် ၂ ရက်တွင်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ လေးမျက်နှာမြို့နယ်၊ စာရေးကွင်းအုပ်စု၊ စာရေးကွင်း ကျေးရွာဓမ္မာရုံတွင်ဖွင့်လှစ်ထားသော ယာယီရေဘေးကယ်ဆယ်ရေးစခန်း၌လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။ အဆိုပါ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာ န၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှလှူဒါန်းသည့် ထောက်ပံ့ပစ္စည်းပုံးများကို အရေးပေါ်လိုအပ်သည့်နေရာများသို့ဆက်လက်ဖြန့်ခွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီဖောင်ဒေးရှင်းက ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် ကျောင်းသား/သူ(၅၀)ဦးကို AYA Scholarship အဖြစ် လစဉ်(၃)သိန်းကျပ်နှင့် သင်ထောက်ကူပစ္စည်းများအ တွက် နှစ်စဉ်(၅)သိန်းကျပ်ထောက်ပံ့မည်

ဧရာဝတီဖောင်ဒေးရှင်းက ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်များ၊ နည်းပညာတက္က သိုလ်များ၊ စီးပွားရေးတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ စိုက်ပျိုး ရေးတက္ကသိုလ်များတွင်တက်ရောက်ပ ညာသင်ကြားမည့် ထူးချွန်ကျောင်း သား/သူ(၅၀)ဦးကို AYA Scholarship ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ AYA Scholarship အား မြန် မာနိုင်ငံသား ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ထားသူ သက် ဆိုင်ရာ တက္ကသိုလ်/ကောလိပ်(သို့)ပ ညာရေးအဖွဲ့အစည်းတွင်တက်ရောက်ခွင့်ရရှိထားသူ ပညာရေးတွင်ထူးချွန်ပြီး သင်ယူလိုစိတ်/ကြိုးစားအားထုတ်မှုနှင့် ခေါင်းဆောင်မှုအလားအလာရှိသူ ပညာရေးကိုဆက်လက်သင်ယူလိုပြီး အမှန်တကယ်ပညာသင်ထောက်ပံ့ ကြေးလိုအပ်သော ‌ကျောင်းသား/သူ များအား ဦးစားပေးရွေးချယ်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။ သတ်မှတ်အရည်အချင်းများနှင့်ကိုက်ညီသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071