Monday, September 21, 2026

ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကိုအလွဲသုံး စားပြု၍ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိနေ...

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ ဘွဲ့အမည်ကိုအလွဲသုံးစားပြု၍ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိနေ၍သတိပြုကြရန် အနီးကပ်ကပ္ပိယအဖွဲ့က စက်တင်ဘာ ၁၇ ရက်တွင်အသိပေးထုတ်ပြန်ခဲ့သည်။ ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကို အလွဲသုံး စားပြုလုပ်၍ အလှူခံခြင်း၊ ဆရာတော်ကြီးထံသွား...

Smart Agriculture အဖြစ်ဖော်ဆောင်ရာတွင် နည်းပညာသည်တောင်သူများအတွက်...

လယ်ယာကဏ္ဍကိုသမားရိုးကျ ထုတ်လုပ်မှုစနစ်ကနေ ခေတ်မီထိရောက်ပြီးရေရှည်တည်တံ့တဲ့ထုတ်လုပ်မှုစနစ်ကူးပြောင်းဖို့အထူးလိုအပ်ပါတယ်။ လယ်ယာကဏ္ဍမြှင့်တင်ရေးဟာ နိုင်ငံစီးပွားရေးတိုးတက်ရေးနဲ့ဆင်းရဲနွမ်းပါးမှုလျော့ချရေးရဲ့ပထမခြေလှမ်းဖြစ်ပါတယ်။ နည်းပညာဟာတောင်သူတွေအတွက် အပိုကုန်ကျစရိတ်တစ်ခုမဖြစ်သင့်ဘဲ ထုတ်လုပ်မှုကုန်ကျစရိတ်ကိုလျော့ချပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဖြစ်လာဖို့ လိုအပ်ပါတယ်။ စီးပွား‌ရေးအကျိုးမြတ်တစ်ခုတည်းကိုမကြည့်ဘဲ စားရေရိက္ခာဖူလုံရေးကိုလည်း အခြေခံမူဝါဒအဖြစ်ထားရှိဖို့ လိုအပ်ပါတယ်။ အစိုးရကမူဝါဒနဲ့ပတ်ဝန်းကျင်ကောင်းဖန်တီးပေးခြင်း၊...

နှစ်နှစ်ကျော်ကြာ ယာယီပိတ်ထားသည့် ရိုးမဘဏ် လားရှိုးဘဏ်ခွဲ...

လားရှိုး၊ စက်တင်ဘာ ၂၁ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် နယ်မြေမတည်ငြိမ်မှုနှင့် လုံခြုံရေးဆိုင်ရာ အခြေအနေများကြောင့် နှစ်နှစ်ကျော်ကြာ ယာယီပိတ်ထားခဲ့သည့် ရိုးမဘဏ် လားရှိုးဘဏ်ခွဲကို ယနေ့ စက်တင်ဘာ...

ရေဘေးသင့် လေးမျက်နှာမြို့နယ်တွင် လူဦးရေ ၂,၇၀၀...

လေးမျက်နှာ၊ စက်တင်ဘာ ၂၁ ဧရာဝတီတိုင်းဒေသကြီး၊ ရေဘေးသင့် လေးမျက်နှာမြို့နယ်တွင် စက်တင်ဘာ ၁၇ ရက်အထိ လူဦးရေ ၂,၇၀၀ ကျော်အတွက် သောက်သုံးရေ လီတာ...
HomeCelebrities' Newsဂျပန်နိုင်ငံတွင် ကျင်းပမည့်ကလေးများ ရုပ်ရှင်ပွဲတော်သို့...

ဂျပန်နိုင်ငံတွင် ကျင်းပမည့်ကလေးများ ရုပ်ရှင်ပွဲတော်သို့ သရုပ်ဆောင် ပိုင်ဖြိုးသု ဦးဆောင်ကာ သွားရောက် ယှဉ်ပြိုင်မည်

၂ဝ၁၈ ခုနှစ် အာရှအပြည်ပြည်ဆိုင်ရာ ကလေးများရုပ်ရှင်ပွဲတော်တွင် မြန်မာနိုင်ငံမှသွားရောက်ယှဉ်ပြိုင်နိုင်ရန် အတွက် မြန်မာကိုယ်စားပြု ပြိုင်ပွဲဝင်များကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဇာတ်လမ်းတိုပြိုင်ပွဲများ ကျင်းပပြုလုပ်ပြီး ရွေးချယ်ခဲ့သည်။ ‘မိမိကိုယ်မိမိ တာဝန်ယူမှု၊ တာဝန်ခံမှု’ ခေါင်းစဉ်ဖြင့် ဇာတ်လမ်းတိုပြိုင်ပွဲအတွက် ပေးပို့ယှဉ်ပြိုင် လာသော ဇာတ်လမ်းတို ၁၅ကားကို Group 1 မှ Group 15 အထိသတ်မှတ်ကာ စိစစ်ရေးကော်မတီအဖွဲ့က ရွေးချယ်ခဲ့သည်။

မြန်မာတစ်နိုင်ငံလုံးမှ ပေးပို့ယှဉ်ပြိုင်လာသမျှ မည်သူမည်ဝါ မည်သည့်သင်တန်းကျောင်းဆင်းမှန်း မသိဘဲ မျှမျှတတရွေးချယ်ဆုံးဖြတ်ရန်၊ လူကြီးသူမများ၏ စိတ်ကူးစိတ်သန်းသြဇာလွှမ်းမိုးမှုများ တတ် နိုင်သမျှမပါဝင်စေဘဲ ကလေးစိတ်ကူး ကလေးအတွေးဖြင့် ကလေးဆန်ဆန်တင်ပြထားသော ဇာတ်ကားကို ဦးစားပေးရွေးချယ်ရန် စသည့်စည်းကမ်းသတ်မှတ်ချက်များဖြင့် ဆုံးဖြတ်ခဲ့ရာ ပထမဆုကို ဟိန်းကျော်စိုးမိုး ဦးဆောင်သည့် Group 8 ဇာတ်ကား၊ ဒုတိယဆုကို ယုနန္ဒာအေး ဦးဆောင်သည့် Group 15 ဇာတ်ကား၊ တတိယဆုကို ကောင်းမင်းခန့် ဦးဆောင်သည့် Group 7 ဇာတ်ကားတို့က အသီးသီးရရှိခဲ့ကြသည်။

ဆုရရှိခဲ့သူများသည် ဂျပန်နိုင်ငံတွင် နိုဝင်ဘာလအတွင်း ကျင်းပမည့် ပြိုင်ပွဲသို့သွားရောက် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး သရုပ်ဆောင်ပိုင်ဖြိုးသုက ဦးဆောင်ကာ သွားရောက်မည်ဖြစ်ကြောင်းသိရ သည်။

ခိုင်ဝါဝင်း

Ads Space Available


Continue reading

ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကိုအလွဲသုံး စားပြု၍ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိနေ သတိပြုကြရန် အနီးကပ်ကပ္ပိယအဖွဲ့သတိပေး

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ ဘွဲ့အမည်ကိုအလွဲသုံးစားပြု၍ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိနေ၍သတိပြုကြရန် အနီးကပ်ကပ္ပိယအဖွဲ့က စက်တင်ဘာ ၁၇ ရက်တွင်အသိပေးထုတ်ပြန်ခဲ့သည်။ ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကို အလွဲသုံး စားပြုလုပ်၍ အလှူခံခြင်း၊ ဆရာတော်ကြီးထံသွား ရောက်လှူဒါန်းပေးမည်ဟုဆိုကာ ငွေကြေးလိမ်လည်ကောက်ခံခြင်းများပြုလုပ်နေခြင်းများကို တွေ့ရှိနေရကြောင်း အနီးကပ်ကပ္ပိယအဖွဲ့က အသိပေးခဲ့သည်။ ထို့ကြောင့် အလှူအတန်းများနှင့်ပတ်သက်၍ ဆရာတော်ကြီးထံတိုက်ရိုက်လျှောက်ထားပြီး ဆရာတော်ကြီးခွင့်ပြုသည့် အလှူကိစ္စရပ်များမှလွဲ၍ တဆင့်လှူဒါန်းရန် ငွေကြေးကောက်ခံခြင်း၊ ပါဝင်လှူဒါန်းခြင်းများလုံးဝ (လုံးဝ)မပြုလုပ်ကြပါရန် ဆရာတော်ကြီး၏ တိုက်ရိုက်ညွှန်ကြားချက်အရ အနီးကပ်ကပ္ပိယအဖွဲ့က အသိပေးထုတ်ပြန်ခဲ့သည်။

Smart Agriculture အဖြစ်ဖော်ဆောင်ရာတွင် နည်းပညာသည်တောင်သူများအတွက် အပိုကုန်ကျစရိတ်မဖြစ်သင့်ဘဲ ထုတ်လုပ်မှုကုန်ကျစရိတ်ကိုလျော့ချပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုဖြစ်လာရန်လို

လယ်ယာကဏ္ဍကိုသမားရိုးကျ ထုတ်လုပ်မှုစနစ်ကနေ ခေတ်မီထိရောက်ပြီးရေရှည်တည်တံ့တဲ့ထုတ်လုပ်မှုစနစ်ကူးပြောင်းဖို့အထူးလိုအပ်ပါတယ်။ လယ်ယာကဏ္ဍမြှင့်တင်ရေးဟာ နိုင်ငံစီးပွားရေးတိုးတက်ရေးနဲ့ဆင်းရဲနွမ်းပါးမှုလျော့ချရေးရဲ့ပထမခြေလှမ်းဖြစ်ပါတယ်။ နည်းပညာဟာတောင်သူတွေအတွက် အပိုကုန်ကျစရိတ်တစ်ခုမဖြစ်သင့်ဘဲ ထုတ်လုပ်မှုကုန်ကျစရိတ်ကိုလျော့ချပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဖြစ်လာဖို့ လိုအပ်ပါတယ်။ စီးပွား‌ရေးအကျိုးမြတ်တစ်ခုတည်းကိုမကြည့်ဘဲ စားရေရိက္ခာဖူလုံရေးကိုလည်း အခြေခံမူဝါဒအဖြစ်ထားရှိဖို့ လိုအပ်ပါတယ်။ အစိုးရကမူဝါဒနဲ့ပတ်ဝန်းကျင်ကောင်းဖန်တီးပေးခြင်း၊ ပုဂ္ဂလိကက နည်းပညာနဲ့ရင်းနှီးမှုကို ဆောင်ရွက်ခြင်း၊ တောင်သူကအရည်သွေးရှိတဲ့ကုန်ကြမ်းထုတ်လုပ်ခြင်း၊ သုတေသနနဲ့ ပညာရေးကဏ္ဍက နည်းပညာနဲ့အသိပညာဖြည့်ဆည်းပေးခြင်း ထိုသို့အပြန်အလှန်အားဖြည့်တဲ့စနစ်တစ်ရပ် တည်ဆောက်ပေးဖို့လိုအပ်ပါတယ်။ ဒါဟာ Public - Private Partnership ကိုအခြေခံပြီးလယ်ယာကဏ္ဍကနေ စက်မှုကဏ္ဍကိုချိတ်ဆက်ဖော်ဆောင်ခြင်းဖြစ်ပါတယ်။

နှစ်နှစ်ကျော်ကြာ ယာယီပိတ်ထားသည့် ရိုးမဘဏ် လားရှိုးဘဏ်ခွဲ ပြန်လည်ဖွင့်လှစ်

လားရှိုး၊ စက်တင်ဘာ ၂၁ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် နယ်မြေမတည်ငြိမ်မှုနှင့် လုံခြုံရေးဆိုင်ရာ အခြေအနေများကြောင့် နှစ်နှစ်ကျော်ကြာ ယာယီပိတ်ထားခဲ့သည့် ရိုးမဘဏ် လားရှိုးဘဏ်ခွဲကို ယနေ့ စက်တင်ဘာ ၂၁ ရက်မှစတင်၍ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ရိုးမဘဏ်က ထုတ်ပြန်ထားသည်။ ပြန်လည်ဖွင့်လှစ်သည့် ရိုးမဘဏ် လားရှိုးဘဏ်ခွဲသည် လားရှိုးမြို့၊ အမှတ် (၂) ရပ်ကွက်၊ လမ်းမတော်လမ်းနှင့် ရွှေဘိုလမ်းထောင့်တွင် တည်ရှိသည်။ အဆိုပါဘဏ်ခွဲတွင် ငွေသွင်း၊ ငွေထုတ်ခြင်းအပါအဝင် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများကို ယနေ့မှစတင်၍ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071