Wednesday, May 6, 2026

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက...

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန်...
HomeCelebrities' Newsဂျပန်ပညာတော်သင် စကောလားရှစ်ကြောင့် အဆင့်မြင့်...

ဂျပန်ပညာတော်သင် စကောလားရှစ်ကြောင့် အဆင့်မြင့် ဂီတပညာရပ်တွေ သင်ယူခွင့်ရခဲ့တဲ့ အကယ်ဒမီ ဓိရာမိုရ်

အကယ်ဒမီ ဓီရာမိုရ်လို့ အနုပညာနယ်ပယ်မှာ နာမည်ကျော်ကြား လူသိထင်ရှားသူဖြစ်သလို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)ဂီတဌာနမှာ ပါမောက္ခဦးမောင် မောင်ဇော်ထက်အဖြစ် တပည့်တွေရဲ့ ချစ်ခင်မှု၊ လေးစားမှုကို ရရှိထားသူပါ။ တကယ်တော့ ဓီရာမိုရ်ဆိုတဲ့ ဂီတပညာရှင်ဟာ မြန်မာနိုင်ငံမှာဆိုရင်လည်း ကိုယ်တိုင်အနုပညာ ဖန်တီးမှုတွေ ပြုလုပ်ကာ ဂီတနဲ့ပတ်သက်တဲ့ ပညာရပ်တွေကိုလည်း ပြန်လည်သင်ကြားပေးနေသူ၊ နိုင်ငံတ ကာကို ထိုးဖောက်မယ်ဆိုရင်လည်း နိုင်ငံတကာနဲ့ ရင်ပေါင်တန်းလုပ်ကိုင် နိုင်သူဖြစ်ပါတယ်။ သူကပါရမီရှင်ပါ။ ပါရမီရှင်ဆိုတဲ့အပေါ်မှာ ကြိုးစားမှုတွေ ဆင့်ကဲလိုက်တော့ ဓီရာမိုရ်ဆိုပြီးဖြစ် လာရောပေါ့။

”ဂီတဘဝကတော့ ငယ်ငယ်ကတည်းက ဂီတနဲ့ရင်းနှီးနေတယ်။ ၁၂ နှစ်၊ ၁၃ နှစ်မှာ ဂစ်တာအတီးသင်တယ်။ အဲဒါလည်း အစ်ကိုတွေဆီကနေသင်တာပဲ။ သင်ပြီးတော့မှ သိလာ တာက သြော် …ကိုယ်က သူများထက် ပိုမြန်နေပါလားပေါ့။ အဲဒီကနေဆက်ပြီးတော့မှ တက္ကသိုလ်ကို ရောက်လာတော့မှ ပထမတုန်းကတော့ အပျော်တမ်းပေါ့နော်။ နောက်ပိုင်းကျ တော့မှ ပရော်ဖက်ရှင်နယ်လိုမျိုးဖြစ်လာတာပေါ့။ Professional Life ကို သွားမယ်။ ဂီတကို ပဲရွေးချယ်မယ်ဆိုပြီးတော့ ဂီတဘက်ကိုသွားတာ။ ပထမဦးဆုံး အနုပညာတက္ကသိုလ်ဖွင့်တာက ရန်ကုန်၊ ကုက္ကိုင်းမှာ။ ချင်းချောင်းနန်းတော်ကြီးမှာ ဖွင့်တယ်။ ၁၉၉၃ ခုနှစ်မှာတက်တယ်။ ၁၉၉၇ ခုနှစ်မှာ ဘွဲ့ရပြီးဆရာပြန်လုပ်တယ်။ ဆရာပြန်လုပ်ပြီး ဆက်ပြီးပညာကသင်ချင်သေးတယ်။ Professional ဘက်ကို သွားချင်တယ်။ Music တွေကို Creation တအားလုပ်ချင်တယ်။ အဲဒီအတွက် ဂျပန်ပညာတော်သင်စကောလားရှစ်လာတဲ့အခါမှာ ဝင်လျှောက်တယ်။ လျှောက် ခွင့်ရအောင်ကြိုးစားတယ်။ အဲဒီကနေ ဂျပန်ကိုသွားခွင့်ရတယ်။ အဓိကကတော့ Music Composition ပေါ့နော်။ Arrangement တွေ၊ Harmony တွေ၊Counter Point တွေ၊ ဒါမျိုးတွေနားလည်စေချင်လို့သွားတယ်။ ဒါပေမဲ့ တကယ့်တကယ် ဟိုမှာသင်ရတာက အလွန် အဆင့်မြင့်တဲ့ မြူးဇစ်ပညာရပ်တွေကို သင်ရတယ်။ အဲဒီကနေ အတွေ့အကြုံတွေရော၊ ပညာ တွေရော၊ ဗဟုသုတတွေရော အများကြီးရလာခဲ့တယ်။ အဲဒါကတော့ အဓိက အကျိုးကျေးဇူးပါပဲ” လို့ သူ့ရဲ့ဂီတဘဝဖြတ်သန်းမှုကို အကျဉ်းချုပ် ပြောပြပါတယ်။

ရုပ်ရှင်နဲ့ပတ်သက်လို့ နောက်ခံတေးတီးခတ်ပေးတာတွေ၊ တခြားပြင်ပဂီတလှုပ်ရှားမှုတွေကို အချိန်သိပ်မပေးဖြစ်ပေမယ့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှာ ပညာရပ်တွေနဲ့ ပတ်သက်ပြီး အချိန်ပြည့်တာဝန်ယူထားသူတစ်ယောက်ဖြစ်ကြောင်းလည်း ဓီရာမိုရ်ကပြော ပြပါတယ်။

”ပထမက ဆရာဖြစ်ချင်တဲ့စိတ်တွေ ဘာတွေသိပ်မရှိဘူး။ နယ်မပြန်ချင်တာတစ်ကြောင်း၊ နောက်ပြီးတော့ ရန်ကုန်မှာနေချင်တာတစ်ကြောင်း။ ဆရာပြန်ခန့်တဲ့အခါမှာ ဆရာဖြစ်ပြီး တော့ နောက်ပိုင်းကျတော့မှ Music Education ဆိုတဲ့ သဘောကို ပိုပြီးတော့ နားလည်လာ တာပေါ့နော်။ ပထမတုန်းကတော့ Artists ပဲ။ အနုပညာရှင်ပဲ ဖြစ်ချင်တာပေါ့နော်။Daily Life ကိုပြောမယ်ဆိုရင် မနက် ၉နာရီကနေ ညနေ ၄နာရီအထိ ဒါကတော့Full Time ပေါ့။ ကျောင်းနဲ့ပတ်သက်တဲ့ဟာတွေ၊ ကျောင်းမှာ လုပ်စရာရှိစရာတွေကိုလုပ်တယ်။ ဘဝတစ်ခုလုံးရဲ့ အရေးကြီးတဲ့လုပ်ငန်းကဏ္ဍကတော့ ကျောင်းမှာမြုပ်နှံထားတယ်ပေါ့နော်။ ကျောင်းကအဓိကပဲ။အပြင်အလုပ်တွေဆိုရင် သိပ်မလုပ်ဖြစ်တော့ဘူး။ ရွေးချယ်ပြီး တော့ပဲ လုပ်ဖြစ်တာပေါ့နော်”လို့ ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှာ ဆရာအဖြစ်လုပ်ကိုင်ဖို့ ရွေးချယ်ဖြစ်ခဲ့ပုံအကြောင်း ပြောပြရာမှ သိရ ပါတယ်။ ဓီရာမိုရ်တစ်ယောက် နှစ်ရှည်လများ ဖန်တီးနေတဲ့ ဖန်တီးမှုကြီးတစ်ခုလည်းရှိပါသေးတယ်။ အဲဒါက မြန်မာ့ဂီတနဲ့ပတ်သက်ပြီး သီချင်းအပုဒ်တစ်ထောင်ကို စုစည်းနေခြင်းဖြစ်ပါတယ်။ အဲဒီကိစ္စက မကြာမီအကောင်အထည်ပေါ်လာတော့မှာဖြစ်ကြောင်းလည်းသိရှိရပါ တယ်။

”အဲဒါကတော့ မြန်မာ့ဂီတစတင်ပေါ်ပေါက်ခဲ့တဲ့အချိန်ကနေစပြီး တော့ သက္ကရာဇ် ၂ဝဝဝ ပြည့်နှစ်ဝန်းကျင် ဆရာကြီးစန္ဒရားလှထွဋ်တို့ရဲ့ လက်ရာတွေလောက်ထိပေါ့နော်။ ဂီတရေစီးကြောင်းမှာအထင်ကရဖြစ် တဲ့ သီချင်းမျိုးတွေပေါ့။ အထူးသဖြင့်တော့ မဟာဂီတရယ်၊ ရှေးဟောင်း ဂီတတွေရယ်ပေါ့။ တိမ်မြုပ်ပျောက်ကွယ်ခါနီးဖြစ်နေတဲ့ သမားစဉ်တွေ၊ ဂီတတွေ၊ ဆိုင်းတွေ အဲဒါတွေကို စုစည်းမှတ်တမ်းတင်ထားပြီးတော့ Library လုပ်တာပေါ့ နော်။ သီချင်းအပုဒ်တစ်ထောင်အတွက် ဖိုင်နယ်ဒီဇိုင်း အချောသတ်နေပါပြီ” လို့ ဓီရာမိုရ်က မြန်မာဂီတအနုပညာနဲ့ပတ်သက်ပြီး လှုပ်ရှား မှုအကြောင်း ပြောပြခဲ့ပါတယ်။

မျိုးမောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071