Friday, September 18, 2026

တစ်ပတ်အတွင်း တရားမဝင်သစ် ၉၂ တန်ကျော်နှင့်...

နေပြည်တော်၊ စက်တင်ဘာ ၁၈ သစ်တောဦးစီးဌာနက တရားမဝင်သစ်ထုတ်လုပ်မှုများကို နည်းလမ်းမျိုးစုံဖြင့် စောင့်ကြပ်ဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ တစ်ပတ်တာကာလအတွင်း တရားမဝင်သစ်...

သီတဂူဆရာတော်ကြီးက လေးမျက်နှာမြို့နယ်ရေဘေး၏ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်သိန်း...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဥ်ကြောင့် အခက်အခဲများကြုံတွေ့ခဲ့ရသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် သီတဂူဆရာတော်ကြီးက ငွေကျပ်သိန်း (၁,၀၀၀) ကို ယနေ့ စက်တင်ဘာ ၁၈ ရက်လှူဒါန်းခဲ့ကြောင်း...

ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်မတော်တဆမှု ၂ ကြိမ်ဖြစ်ပွား၊...

ရန်ကုန်၊ စက်တင်ဘာ ၁၀ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယနေ့ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက အရှိန်မထိန်းနိုင်ခြင်းနှင့် ယာဉ်မောင်းအိပ်ငိုက်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်နှစ်ခုစလုံးတွင်...

iPhone 18 စီးရီးသစ် ဝယ်ယူရန်...

စင်ကာပူ၊ စက်တင်ဘာ ၁၈ Apple ၏ iPhone 18 စီးရီးသစ်ကို စတင်ရောင်းချသည့် စက်တင်ဘာ ၁၈ ရက်တွင် စင်ကာပူနိုင်ငံ အော်ချတ်လမ်းရှိ...
HomeCelebrities' Newsဂီတလမ်းမပေါ် ရောက်ရှိလာခဲ့ပေမယ့် ...

ဂီတလမ်းမပေါ် ရောက်ရှိလာခဲ့ပေမယ့် နေရာတစ်ခုမရသေးပါဘူးဆိုတဲ့မိုင်းမိုင်ဆိုင် (Myanmar Idol)

Myanmar Idol သီချင်းဆို ပြိုင်ပွဲမှတစ်ဆင့် ပရိသတ်အသိအမှတ်ပြုခြင်းခံလာရတဲ့ မိုင်းမိုင်းဆိုင်ကတော့ လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ကြိုးစားလုပ်ဆောင် နေပြီဖြစ်ပါတယ်။ ပြိုင်ပွဲပြီးကတည်းက အနုပညာအလုပ်တွေကို ကြိုးစားလုပ်ဆောင် နေပြီး ကိုယ်ပိုင်သီချင်းတွေလည်း လုပ်နေပြီဖြစ်ကြောင်း ခုလိုပြောပြခဲ့ပါတယ်။

“မိုင်းမိုင်းလည်း အခွေထွက်နိုင်ဖို့ ကြိုးစားနေပါတယ်။ တော် တော်တော့ ခရီးရောက်နေပါပြီ။ ပိုက်ဆံလေးတွေစုနေတယ်။ စုထားတာလေးတွေနဲ့ လုပ်ဖြစ်နေပါတယ်။ မိုင်းမိုင်း ဂီတလမ်းကြောင်းကိုလျှောက်လှမ်းလာတှာိုသူ ကနေမြှင့်တင်ပေးလိုက်တဲ့အတွက် ဂီတလမ်းမပေါ် ရောက်လာ တယ်။ ဂီတလမ်းမပေါ်ရောက်သွားတယ်ဆိုပေမယ့် ကိုယ်က နေရာ တစ်နေရာတော့ မရသေးပါဘူး။ သူတို့ကတော့ ကိုယ့်ကို ဒီလမ်းမပေါ် ကို ရောက်ရှိအောင်လုပ်ပေးပြီးထားပြီ။ အဲ့ဒါကြောင့် အောင်မြင် တယ်၊ မအောင်မြင်ဘူးဆိုတာထက် နေရာတစ်နေရာရအောင် လုပ်ရမယ်ဆိုတဲ့ခံယူချက်ရှိပါတယ်။ ပြိုင်ပွဲဝင်ကတည်းက ပရိသတ်က မိုင်းမိုင်းကို ကြမ်းကြမ်းတမ်းတမ်းနဲRocker တစ်ယောက်လိုမြင်ထားကြတယ်။ အဲ့ဒါကြောင့် လည်း မိုင်းမိုင်းကို နောက်ပိုင်းမှာRock သီချင်းလေးတွေနဲRocker တစ်ယောက်အနေနဲ့ မြင်တွေ့ရမှာပါ။ မိုင်းမိုင်းကြိုးစားနေပါတယ်” လို့ ပြောပြခဲ့ပါတယ်။

သူမကတော့ ပြိုင်ပွဲပြီးကတည်းက ဖျော်ဖြေပွဲတွေလည်း သီဆိုဖြစ်တဲ့အတွက် ပရိသတ်နဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ခံစားမှုကို ဆက်လက်မေးမြန်းခဲ့ရာ . . .

“မိုင်းမိုင်း ပြိုင်ပွဲပြီးကတည်းက နယ်ဖျော်ဖြေပွဲတွေလည်း သီဆိုဖြစ်ပါတယ်။ နယ် ပရိသတ်တွေကကျတော့ ကိုယ့်ကိုပိုပြီးချစ်သလိုခံစားရတယ်။ ပြီးတော့သူတို့က ကိုယ့် ကိုတွေ့ရင် ပျော်နေကြတယ်။ ရန်ကုန်ကပရိသတ်တွေလည်း ကိုယ့်ကိုအားပေးကြပါတယ်။ ဒါပေမဲ့ နည်းနည်းတော့ကွာခြားတာပေါ့။ ဖျော်ဖြေပွဲတွေမှာ မိုင်းမိုင်းဖျော်ဖြေဖြစ်တာ ကတော့ ပြိုင်ပွဲတုန်းကသီဆိုခဲ့တဲ့သီချင်းတွေပေါ့။ ကိုလေးဖြူရဲ့ အမဲလိုက်အကတို့၊ တတိယ မြောက်ရည်းစားစကားတို့ အဲ့ဒီသီချင်းလေးတွေသီဆိုဖြစ်ပါတယ်”လို့ သူကပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071