Thursday, August 6, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းဝန်ကြီးချုပ်က အစိုးရအိမ်တော်၌...

ဗန်ကောက်၊ ဩဂုတ် ၆ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့်...

YCDC ပြင်ပဓာတ်အားလိုင်း အဆင့်မြှင့်တင်မှုကြောင့် ရန်ကုန်မြို့နယ်...

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) သည် ရေကူးရေတွန်းစက်ရုံသို့ လျှပ်စစ်ဓာတ်အား ပိုမိုတည်ငြိမ်စွာ ပေးဝေနိုင်ရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ပိုင် မြောက်ကမ္ဘာအေးဓာတ်အားခွဲရုံ၌ 33 kV...

ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားနိုင်

နေပြည်တော်၊ ဩဂုတ်-၆ ပြည်တွင်းဆီစက်လုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေးနှင့် လိုအပ်သည့် စက်ပစ္စည်းများ ဖြည့်ဆည်းတပ်ဆင်နိုင်ရေးအတွက် ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေး ချေးငွေများ ထုတ်ချေးပေးလျက်ရှိပြီး ချေးငွေအဆိုပြုလွှာများကို ပေးပို့လျှောက်ထားနိုင်ကြောင်း စက်မှုနှင့် အသေးစား၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းဒုတိယဝန်ကြီးချုပ် ဦးဆောင်၍...

ဗန်ကောက်၊ ဩဂုတ် ၆ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official...
HomeInternationalဂါဇာတွင် အပစ်အခတ်ရပ်စဲရေး ဇန်နဝါရီ...

ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး ဇန်နဝါရီ ၁၉ ရက် စတင်မည်ဟု ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနကဆို

ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးသည် ဇန်နဝါရီ ၁၉ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၃၀ မိနစ်တွင် အသက်ဝင်မည်ဖြစ်ကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာဂျက် ဘင် မိုဟာမက် အယ်လ်အန်ဆရီ က ပြောကြားသည်။

“သဘောတူညီချက်အရ ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးကို ဇန်နဝါရီလ ၁၉ ရက်နေ့ ဒေသစံတော်ချိန် မနက် ၈ နာရီ ၃၀ မိနစ်မှာ စတင်မှာ ဖြစ်ပါတယ်။ ဂါဇာကမ်းမြောင်ဒေသခံတွေ ဒါကိုသတိထားကြဖို့ အကြံပြုထားပါတယ်” ဟု X လူမှုကွန်ရက်တွင် သူက ရေးသားခဲ့သည်။

ကာတာနိုင်ငံ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဘင် အဗ္ဗဒူရာမန် အယ်လ်-သန်နီက ဒိုဟာ၊ ကိုင်ရိုနှင့် ဝါရှင်တန်တို့၏ ကြားဝင်ဖျန်ဖြေရေး ကြိုးပမ်းမှုများမှတစ်ဆင့် အစ္စရေးနှင့် ဂါဇာအခြေစိုက် ပါလက်စတိုင်း အစွန်းရောက်အဖွဲ့ ဟားမတ်စ်တို့က ဂါဇာတွင် ထိန်းသိမ်းထားသည့် ဓ–ားစာခံများကို လွှတ်ပေးရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြောင်း ဇန်နဝါရီ ၁၅ ရက်က ကြေညာခဲ့သည်။

အပစ်အခတ်ရပ်စဲရေးကနဦး ၄၂ ရက်တာကာလအတွင်း ဟားမတ်စ်တို့သည် အစ္စရေးအကျဉ်းထောင်များမှ ပါလက်စတိုင်းအကျဉ်းသားများနှင့် အပြန်အလှန်လဲလှယ်ခြင်းအားဖြင့် အစ္စရေးစစ်သားနှင့် အရပ်သားအမျိုးသမီး ဓ–ားစာခံ ၃၃ ဦးအပြင် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရပ်သားများ၊ က-လေ-းများနှင့် သက်ကြီးရွယ်အိုများကို လွှတ်ပေးမည်ဖြစ်သည်။

ထို့အပြင် အစ္စရေးတို့ကလည်း ဂါဇာနယ်စပ်မှ အနည်းဆုံး မီတာ ၇၀၀ အကွာအထိ ၎င်း၏တပ်ဖွဲ့များကို ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုအား ကိုးကား၍ Al Jazeera ရုပ်သံလိုင်းက ဖော်ပြခဲ့သည်။ သဘောတူညီချက်၏ ပထမအဆင့်တွင် နှစ်ဖက်စလုံးက ဂါဇာမှ အစ္စရေးတပ်များ အပြီးအပြတ် ဆုတ်ခွာရေး အပါအဝင် နောက်ဆက်တွဲ စည်းကမ်းချက်များကို ညှိနှိုင်းရန် စီစဉ်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းဝန်ကြီးချုပ်က အစိုးရအိမ်တော်၌ နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆို

ဗန်ကောက်၊ ဩဂုတ် ၆ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံဝန်ကြီးချုပ်က ယနေ့ ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော်၌ နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုခဲ့သည်။ အစိုးရအိမ်တော်သို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရောက်ရှိလာရာ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်က ကြိုဆိုနှုတ်ဆက်ခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံဂုဏ်ပြုတပ်ဖွဲ့က မြန်မာနိုင်ငံတော်သီချင်းနှင့် ထိုင်းနိုင်ငံတော်သီချင်းတို့ကို တီးမှုတ်၍...

YCDC ပြင်ပဓာတ်အားလိုင်း အဆင့်မြှင့်တင်မှုကြောင့် ရန်ကုန်မြို့နယ် ၁၂ ခုတွင် ရေပေးဝေရေး ယာယီပြတ်တောက်မည်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) သည် ရေကူးရေတွန်းစက်ရုံသို့ လျှပ်စစ်ဓာတ်အား ပိုမိုတည်ငြိမ်စွာ ပေးဝေနိုင်ရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ပိုင် မြောက်ကမ္ဘာအေးဓာတ်အားခွဲရုံ၌ 33 kV Auto Recloser တပ်ဆင်ရေးလုပ်ငန်း ဆောင်ရွက်မည်ဖြစ်ရာ ရန်ကုန်မြို့နယ် ၁၂ ခု တွင် ရေပေးဝေရေး ယာယီပြတ်တောက်ခြင်း သို့မဟုတ် ရေအားနည်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း အသိပေးထုတ်ပြန်သည်။ အဆိုပါလုပ်ငန်းကို ဩဂုတ် ၇ ရက် နံနက် ၁၀ နာရီမှ နေ့လည် ၂ နာရီအထိ လေးနာရီကြာ ဆောင်ရွက်မည်ဖြစ်ပြီး ယင်းကာလအတွင်း...

ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားနိုင်

နေပြည်တော်၊ ဩဂုတ်-၆ ပြည်တွင်းဆီစက်လုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေးနှင့် လိုအပ်သည့် စက်ပစ္စည်းများ ဖြည့်ဆည်းတပ်ဆင်နိုင်ရေးအတွက် ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေး ချေးငွေများ ထုတ်ချေးပေးလျက်ရှိပြီး ချေးငွေအဆိုပြုလွှာများကို ပေးပို့လျှောက်ထားနိုင်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက အသိပေးထားသည်။ အဆိုပါချေးငွေများကို ပြည်တွင်းဆီစက်များ အဆင့်မြှင့်တင်ခြင်းနှင့် လုပ်ငန်းလိုအပ်ချက်အရ စက်ပစ္စည်းများ ဖြည့်ဆည်းဝယ်ယူတပ်ဆင်ခြင်းတို့အတွက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ချေးငွေအဆိုပြုလွှာများကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ရုံးခွဲများသို့ ပေးပို့လျှောက်ထားနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071