Thursday, August 6, 2026

အင်ချုံးလေဆိပ်လူဝင်မှုကြီးကြပ်ရေး၌ မိနစ် ၈၀ ခန့်...

ဩဂုတ်လ ၅ ရက် အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် တောင်ကိုရီးယားနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသွားများသည် လူဝင်မှုကြီးကြပ်ရေးကောင်တာများတွင် အချိန်အတော်ကြာ စောင့်ဆိုင်းရလျက်ရှိကြောင်းသိရသည်။ သောကြာနေ့က အင်ချုံး...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ မြန်မာ–ထိုင်း...

မြန်မာ–ထိုင်း–အိန္ဒိယ သုံးနိုင်ငံအဝေးပြေးလမ်းမကြီးက ဒေသတွင်းနှင့် နိုင်ငံတကာကုန်သွယ်ရေးတွင် မြန်မာနိုင်ငံ၏ အချက်အချာကျသည့် အခန်းကဏ္ဍကို မြှင့်တင်ပေးမည် ဗန်ကောက်၊ ဩဂုတ် ၆ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit)...

မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့်ပုံမှန်ဆက်ဆံရေးပြန်လည်ရရှိရေးကို အလေးထားဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သမ္မတ...

မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေး၊ အာဆီယံဆက်ဆံရေးတို့နှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော် Pakdi...

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိုင်းနိုင်ငံကပံ့ပိုးကူညီမည်ကို ကြိုဆိုအသိအမှတ်ပြုဟု...

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို ထိုင်းနိုင်ငံကပံ့ပိုးကူညီမည်ဖြစ်၍ ကြိုဆိုအသိအမှတ်ပြုသည်ဟု မြန် မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊...
HomeInternationalဂရင်းလန်း လွတ်လပ်ရေးသည် ဖြစ်နိုင်၊...

ဂရင်းလန်း လွတ်လပ်ရေးသည် ဖြစ်နိုင်၊ အမေရိကနှင့် ပေါင်းစည်းရေးမှာမူ ဖြစ်နိုင်ခြေမရှိဟု ဒိန်းမတ်ကပြော

ဂရင်းလန်းသည် ဒေသခံတို့ကသာ လိုလားပါက လွတ်လပ်သောဒေသတစ်ခုဖြစ်လာနိုင်သော်လည်း အမေရိက၏ ပြည်နယ်တစ်ခုဖြစ်လာနိုင်ခြေမရှိဟု ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။ အာတိတ်ဒေသကျွန်းကို ထိန်းချုပ်ရယူနိုင်ရေးတွင် အင်အားသုံးခြင်းမျိုးမလုပ်ဟု ပြောမရကြောင်း အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောဆိုခဲ့ပြီးနောက် ယင်းကဲ့သို့ တုန့်ပြန် ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဒိန်းမတ်၏ အုပ်ချုပ်မှုအောက်တွင်ရှိပြီး ဓါတ်သတ္ထု့ကြွယ်ဝကာ မဟာဗျူဟာအရ အရေးပါသောကျွန်း၏ ကံကြမ္မာနှင့်ပတ်သက်၍ ထရမ့်ပ်၏ မှတ်ချက်စကားကြောင့် ကမ္ဘာ့ထိပ်တန်းခေါင်းကြီးသတင်းဖြစ်ခဲ့ပြီးနောက်တစ်ရက်တွင် ဂရင်းလန်းဒေသခေါင်းဆောင်သည် ဗုဒ္ဓဟူးနေ့က ကိုပင်ဟေဂင်တွင် ဒိန်းမတ်ဘုရင်နှင့် တွေ့ဆုံခဲ့သည်။

ဇန်နဝါရီလ ၂၀ ရက် နေ့ တွင် ရာထူးတာဝန်စတင်ထမ်းဆောင်မည့် ထရမ့်ပ်က ဂရင်းလန်းကို အမေရိက၏ အစိတ်အပိုင်းအဖြစ်ရယူရန် စစ်ရေး၊ စီးပွားရေးအင်အားသုံးမည့် နည်းလမ်းကို သူ သုံးခြင် သုံးမည်ဟု အင်္ဂါနေ့တွင် ပြောဆိုခဲ့သည်။ ယင်းနေ့တွင်ပင် ထရမ့်ပ်၏သားကြီး ဒေါ်နယ်ထရမ့်ပ်ဂျူနီယာသည် ဂရင်းလန်းသို့ အလွတ်သဘော သွားခဲ့သည်။

ဒိန်းမတ်၏ အဖွဲ့ဝင်အဖြစ်မှတဆင့် နေတိုး၏အစိတ်အပိုင်းဖြစ်နေသော ဂရင်းလန်းသည် အာတိတ်ကျွန်းမှတဆင့် ဥရောပမှ မြောက်အမေရိကသို့ ဖြတ်သန်းသော အတိုဆုံးလမ်းကြောင်းဖြစ်လာပြီးကတည်းက အမေရိကန်စစ်တပ်အတွက်နှင့် ၎င်း၏ ပဲ့ထိန်းဒုံးကျည် ကြိုတင်သတိပေးစနစ်ထားရှိရန်အတွက် မဟာဗျူဟာမြောက်အရေးသည့်နေရာဖြစ်လာခဲ့သည်။

ကမ္ဘာ့အကြီးဆုံးကျွန်းဖြစ်သည့် ဂရင်းလန်းသည် ဒိန်းမတ်နိုင်ငံ၏ အစိတ်အပိုင်းအဖြစ် နှစ်ပေါင်း ၆၀၀ တိုင်တည်ရှိလာခဲ့သော်လည်း လူဦးရေ ၅၇၀၀၀ ခန့်ရှိ သော အဆိုပါ ဒေသသည် ပြည်တွင်းရေးကိစ္စများကို ၎င်းတို့ကိုယ်တိုင် စီမံအုပ်ချုပ်နေပြီဖြစ်သည်။ ဝန်ကြီးချုပ် Mute Egede ဦးဆောင်သော ကျွန်းဒေသအစိုးရသည် လွတ်လပ်ရေးရရှိရန် အန္တိမရည်မှန်းချက် ကို ထားရှိသည်။

ဂရင်းလန်းသည် ကိုယ်ပိုင်ရည်မှန်းချက်ရှိသည်ကို မိမိတို့ အပြည့်အ၀ အသိအမှတ်ပြုကြောင်း ယင်းအရာများ အကောင်အထည်ပေါ်လာပါက ဂရင်းလန်းသည် လွတ်လပ်သောနိုင်ငံဖြစ်လာမည်ဖြစ်ကြောင်း သို့ရာတွင် အမေရိကန်ပြည်ထောင်စုတွင် ဖက်ဒရယ်ပြည်နယ်တစ်ခုဖြစ်လာရန် ရည်မှန်းချက်မှာမူ ခဲယဉ်းမည်ဖြစ်ကြောင်း ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး Lars Lokke Rasmussen က ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noel Barrot က ဥရောပသည် ၎င်း၏ အချုပ်အခြာပိုင်နယ်နိမိတ်များကို အခြားနိုင်ငံများက တိုက်ခိုက်ခြင်းကို ခွင့်ပြုမည်မဟုတ်ဟု ပြောဆိုထားသည်။

Ref: ဂျပန်တိုင်းမ်၊ ဗီအိုဗီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်ချုံးလေဆိပ်လူဝင်မှုကြီးကြပ်ရေး၌ မိနစ် ၈၀ ခန့် စောင့်ရနိုင်

ဩဂုတ်လ ၅ ရက် အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် တောင်ကိုရီးယားနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသွားများသည် လူဝင်မှုကြီးကြပ်ရေးကောင်တာများတွင် အချိန်အတော်ကြာ စောင့်ဆိုင်းရလျက်ရှိကြောင်းသိရသည်။ သောကြာနေ့က အင်ချုံး အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal 1 ၌ နိုင်ငံခြားသား ခရီးသွားများသည် စစ်ဆေးမှုခံယူရန် တန်းစီစောင့်ဆိုင်းနေကြစဉ် အတန်းများသည် အလွန်အမင်း ရှည်လျားနေသည်ကို တွေ့ရသည်။ ခရီးသွား ၃၀၀ မှ ၄၀၀ ခန့်အထိ တန်းစီဧရိယာအတွင်း တိုးဝှေ့ဝင်ရောက်လာသဖြင့် ဝင်ပေါက်အနီးတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်ခဲ့သည်။ လေဆိပ်နှင့် လူဝင်မှုကြီးကြပ်ရေး လမ်းညွှန်ဝန်ထမ်းများ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ မြန်မာ–ထိုင်း စီးပွားရေးဖိုရမ် ၂၀၂၆ သို့ တက်ရောက်မိန့်ခွန်းပြောကြား

မြန်မာ–ထိုင်း–အိန္ဒိယ သုံးနိုင်ငံအဝေးပြေးလမ်းမကြီးက ဒေသတွင်းနှင့် နိုင်ငံတကာကုန်သွယ်ရေးတွင် မြန်မာနိုင်ငံ၏ အချက်အချာကျသည့် အခန်းကဏ္ဍကို မြှင့်တင်ပေးမည် ဗန်ကောက်၊ ဩဂုတ် ၆ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်တို့သည် ယနေ့ ဩဂုတ် ၆ ရက် မွန်းလွဲပိုင်းတွင် ကျင်းပသည့် မြန်မာ–ထိုင်း စီးပွားရေးဖိုရမ် ၂၀၂၆ သို့ အတူတကွတက်ရောက်၍ မိန့်ခွန်းများ ပြောကြားခဲ့ကြသည်။ အဆိုပါဖိုရမ်ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Queen Sirikit National...

မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့်ပုံမှန်ဆက်ဆံရေးပြန်လည်ရရှိရေးကို အလေးထားဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော

မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေး၊ အာဆီယံဆက်ဆံရေးတို့နှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော် Pakdi Bodin Building ၌ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ဦးဆောင်ကျင်းပသည့် မြန်မာ-ထိုင်းနှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးတွင် အိမ်နီးချင်းနှင့် ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးကိုထိန်းသိမ်းထားပြီး အာဆီယံနှင့်လည်း ပုံမှန်ဆက်ဆံရေးပြန်လည်ရရှိရေးကိုအလေးထားဆောင်ရွက်သွားမည်ဟု ပြောကြားသည်။ ထို့ပြင် မြန်မာ-ထိုင်းနှစ်နိုင်ငံသည် အစိုးရချင်းဆက်ဆံရေး၊ တပ်မတော်ချင်းဆက်ဆံရေး၊ ပြည်သူအချင်းချင်းနှင့် အဖွဲ့အစည်းများကြားဆက်ဆံရေးတို့တွင် ကဏ္ဍပေါင်းစုံ၌ ခိုင်မာအားကောင်းလျက်ရှိပြီး မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအဆင့်ရှိသည့် နိုင်ငံများဖြစ်သည်ဟု ပြောကြားသည်။ ထို့ကြောင့် နှစ်နိုင်ငံကြား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071