Tuesday, August 4, 2026

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ “ဝ”ပြည် သွေး...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ "ဝ"ပြည် သွေး စည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့က ယနေ့ ဩဂုတ် ၄ ရက်တွင်...

မြန်မာ-လာအိုပြိုင်ပွဲတွင် မြန်မာအသင်းက ၇ –...

ရန်ကုန်၊ ဩဂုတ် ၄အာဆီယံ ဟွန်ဒိုင်းဖလား ပြိုင်ပွဲ အုပ်စု (B) နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယနေ့ ဩဂုတ် ၄...

မြန်မာနိုင်ငံမှ ရန်ကုန်မြို့၊ နေပြည်တော်တို့အပါအဝင် နိုင်ငံတကာမြို့ပေါင်း(၁၉)မြို့နှင့်...

မြန်မာနိုင်ငံမှ ရန်ကုန်မြို့၊ နေပြည်တော်တို့အပါအဝင် နိုင်ငံတကာမြို့ပေါင်း(၁၉)မြို့နှင့် ရုရှားနိုင်ငံ၊ မော်စကိုမြို့တို့ကြား သယ်ယူပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလျှောက်ထားလွှာကိုလက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ဩဂုတ် ၂ ရက်မှ ၆...
HomeNewsLocal Newsဂမ်ဘီယာနိုင်ငံက ကြားနာပွဲနဲ့ သက်ဆိုင်ခြင်းမရှိတဲ့...

ဂမ်ဘီယာနိုင်ငံက ကြားနာပွဲနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ နိုင်ငံရေးကိစ္စတွေကိုပြောဆိုမှု လျော်ကန်သင့်မြတ်မှုမရှိလို့ အိုင်စီဂျေအား ဝန်ကြီးဦးကိုကိုလှိုင်လျှောက်လဲ

ဂမ်ဘီယာနိုင်ငံက ကြားနာပွဲနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ နိုင်ငံရေးကိစ္စတွေကိုပြောဆိုမှု လျော်ကန်သင့်မြတ်မှုမရှိလို့ အိုင်စီဂျေအား ဝန်ကြီးဦးကိုကိုလှိုင်လျှောက်လဲ

ဂမ်ဘီယာနိုင်ငံက တင်သွင်းခဲ့တဲ့ အမှုအပေါ် တရားရုံးကစီရင်ပိုင်ခွင့် မရှိကြောင်းနဲ့ သို့တည်းမဟုတ် ဂမ်ဘီယာနိုင်ငံအနေနဲ့ တရားစွဲဆိုပိုင်ခွင့်မရှိကြောင်း ကြေညာပေးဖို့ မြန်မာက ဆက်လက်လျှောက်လဲလိုက်ပါတယ်။

နယ်သာလန် အိုင်စီဂျေမှာ ပြုလုပ်တဲ့ ဂန်ဘီယာနိုင်ငံက မြန်မာကို ရိုဟင်ဂျာအရေးနဲ့ ပတ်သတ်ပြီး စွပ်စွဲပြောဆိုတရားစွဲဆိုဖို့ ကြိုးပမ်းနေတဲ့ ကိစ္စအပေါ် ကနဦးကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲမှာ မြန်မာနိုင်ငံဘက်က ချေပမှုထပ်မံပြုလုပ်စဉ် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်က လျှောက်လဲလိုက်တာဖြစ်ပါတယ်။

ဝန်ကြီးဦးကိုကိုလှိုင်က ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဂမ်ဘီယာဘက်က ရှေ့နေများက ကနဦးကန့်ကွက်လွှာ ကြားနာပွဲနဲ့ သက်ဆိုင်ဆီလျှော်မှုမရှိတဲ့ အချက်အလက်ပိုင်းဆိုင်ရာနဲ့ နိုင်ငံရေးဆိုင်ရာ စွပ်စွဲပြောဆိုမှုတွေ ပြုလုပ်လျှောက်လဲခဲ့တာကို တွေ့ရပြီး အဲ့ဒီလို လျှောက်လဲချက်တွေဟာ တရားရုံးတော်ဥပဒေအရ ယခုတရားရင်ဆိုင်မှုအဆင့်မှာ လျော်ကန်သင့်မြတ်နေခြင်း မရှိပါဘူးလို့ အိုင်စီဂျေကို တင်ပြပါတယ်။

“ မြန်မာနိုင်ငံအနေဖြင့် အဆိုပါစွပ်စွဲချက်များအပေါ် တုံ့ပြန်သွားရမည့် ကာလံဒေသံမဟုတ်တာကြောင့် တုံ့ပြန်ပြောဆိုသွားမှာ မဟုတ်ပါဘူး”လို့ ဝန်ကြီးကပြောပါတယ်။

ဂမ်ဘီယာနိုင်ငံရဲ့ အပြုအမှုတင်ပြမှုများနဲ့ ပတ်သတ်ပြီး ဝန်ကြီးက သူနားလည်ထားတာကတော့ ထိုစွပ်စွဲချက်များကတော့ဖြင့် တရားရုံးအနေနဲ့ ပင်မအမှု (merits)ကို ဆက်လက်တရားစီရင်ပိုင်ခွင့် ရှိ မရှိကို မဆုံးဖြတ်ရသေးမီ မြန်မာနိုင်ငံအား လူမျိုးသုဉ်းစေမှုကို ကျူးလွန်သူများအဖြစ် ဂုဏ်သရေရှိတရားသူကြီးတွေနဲ့ အများပြည်သူတို့ ယူဆလာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။

ယနေ့အချိန်အထိ ဂမ်ဘီယာရဲ့ စွပ်စွဲချက်တွေကို တရားရုံးတော်ရှေ့မှောက်မှာ လက်ခံကြားနာနိုင်ခွင့် (သို့မဟုတ်) ၎င်းတို့ရဲ့ စွပ်စွဲပြောဆိုချက်တွေကို သက်သေပြနိုင်ခွင့် မရှိသေးတာမို့ ထိုသို့သောအခြေအနေမျိုးမှာ ဂမ်ဘီယာအနေနဲ့ ယခုကဲ့သို့ လုပ်ဆောင်ဖို့ရာ မသင့်ဘူးလို့လည်း ဝန်ကြီးဦးကိုကိုလှိုင်က ဆက်ပြောပါတယ်။

ဒါ့အပြင် ဂမ်ဘီယာဟာ ပင်မအမှု (merits)နဲ့ပတ်သက်တဲ့ စွပ်စွဲချက်တွေကို လျှောက်လဲ၍ ယခုကြားနာပွဲအား ကြားခံ (Platform)တစ်ခုအနေဖြင့် အသုံးချနေမှုအပေါ် မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်(Agent)အနေဖြင့် လုံးဝတုံ့ပြန်ခြင်းမပြုဘဲ တရားရုံးတော်၌ နှုတ်ဆိတ်နေနိုင်မှာ မဟုတ်ဘူးလို့ပါ တုန့်ပြန်ပါတယ်။

ဆက်ပြီး မြန်မာအနေနဲ့ မြေပြင်အခြေအနေများကို တိုးတက်ကောင်းမွန်စေရန် အစဉ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်ဟာဆိုရင်ဖြင့် အထိုက်အလျောက် တည်ငြိမ်လျက်ရှိပြီး အကြမ်းဖက်မှုဖြစ်စဉ်များ ကြီးကြီးမားမားမရှိဘဲ ငြိမ်းချမ်းလျက်ရှိနေတယ်လို့ပါ ပြောဆိုခဲ့ပါတယ်။

Zaw Gyi

ဂမ္ဘီယာႏိုင္ငံက ၾကားနာပြဲနဲ႔ သက္ဆိုင္ျခင္းမရွိတဲ့ ႏိုင္ငံေရးကိစၥေတြကိုေျပာဆိုမႈ ေလ်ာ္ကန္သင့္ျမတ္မႈမရွိလို႔ အိုင္စီေဂ်အား ဝန္ႀကီးဦးကိုကိုလႈိင္ေလွ်ာက္လဲ

ဂမ္ဘီယာႏိုင္ငံက တင္သြင္းခဲ့တဲ့ အမႈအေပၚ တရား႐ုံးကစီရင္ပိုင္ခြင့္ မရွိေၾကာင္းနဲ႔ သို႔တည္းမဟုတ္ ဂမ္ဘီယာႏိုင္ငံအေနနဲ႔ တရားစြဲဆိုပိုင္ခြင့္မရွိေၾကာင္း ေၾကညာေပးဖို႔ ျမန္မာက ဆက္လက္ေလွ်ာက္လဲလိုက္ပါတယ္။

နယ္သာလန္ အိုင္စီေဂ်မွာ ျပဳလုပ္တဲ့ ဂန္ဘီယာႏိုင္ငံက ျမန္မာကို ႐ိုဟင္ဂ်ာအေရးနဲ႔ ပတ္သတ္ၿပီး စြပ္စြဲေျပာဆိုတရားစြဲဆိုဖို႔ ႀကိဳးပမ္းေနတဲ့ ကိစၥအေပၚ ကနဦးကန႔္ကြက္လႊာဆိုင္ရာ ၾကားနာပြဲမွာ ျမန္မာႏိုင္ငံဘက္က ေခ်ပမႈထပ္မံျပဳလုပ္စဥ္ အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးျပည္ေထာင္စုဝန္ႀကီးဦးကိုကိုလႈိင္က ေလွ်ာက္လဲလိုက္တာျဖစ္ပါတယ္။

ဝန္ႀကီးဦးကိုကိုလႈိင္က ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔က ဂမ္ဘီယာဘက္က ေရွ႕ေနမ်ားက ကနဦးကန႔္ကြက္လႊာ ၾကားနာပြဲနဲ႔ သက္ဆိုင္ဆီေလွ်ာ္မႈမရွိတဲ့ အခ်က္အလက္ပိုင္းဆိုင္ရာနဲ႔ ႏိုင္ငံေရးဆိုင္ရာ စြပ္စြဲေျပာဆိုမႈေတြ ျပဳလုပ္ေလွ်ာက္လဲခဲ့တာကို ေတြ႕ရၿပီး အဲ့ဒီလို ေလွ်ာက္လဲခ်က္ေတြဟာ တရား႐ုံးေတာ္ဥပေဒအရ ယခုတရားရင္ဆိုင္မႈအဆင့္မွာ ေလ်ာ္ကန္သင့္ျမတ္ေနျခင္း မရွိပါဘူးလို႔ အိုင္စီေဂ်ကို တင္ျပပါတယ္။

“ ျမန္မာႏိုင္ငံအေနျဖင့္ အဆိုပါစြပ္စြဲခ်က္မ်ားအေပၚ တုံ႔ျပန္သြားရမည့္ ကာလံေဒသံမဟုတ္တာေၾကာင့္ တုံ႔ျပန္ေျပာဆိုသြားမွာ မဟုတ္ပါဘူး”လို႔ ဝန္ႀကီးကေျပာပါတယ္။

ဂမ္ဘီယာႏိုင္ငံရဲ႕ အျပဳအမႈတင္ျပမႈမ်ားနဲ႔ ပတ္သတ္ၿပီး ဝန္ႀကီးက သူနားလည္ထားတာကေတာ့ ထိုစြပ္စြဲခ်က္မ်ားကေတာ့ျဖင့္ တရား႐ုံးအေနနဲ႔ ပင္မအမႈ (merits)ကို ဆက္လက္တရားစီရင္ပိုင္ခြင့္ ရွိ မရွိကို မဆုံးျဖတ္ရေသးမီ ျမန္မာႏိုင္ငံအား လူမ်ိဳးသုဥ္းေစမႈကို က်ဴးလြန္သူမ်ားအျဖစ္ ဂုဏ္သေရရွိတရားသူႀကီးေတြနဲ႔ အမ်ားျပည္သူတို႔ ယူဆလာေအာင္ ရည္႐ြယ္ခ်က္ရွိရွိ လုပ္ေဆာင္ျခင္းျဖစ္တယ္လို႔လည္း ေျပာဆိုပါတယ္။

ယေန႔အခ်ိန္အထိ ဂမ္ဘီယာရဲ႕ စြပ္စြဲခ်က္ေတြကို တရား႐ုံးေတာ္ေရွ႕ေမွာက္မွာ လက္ခံၾကားနာႏိုင္ခြင့္ (သို႔မဟုတ္) ၎တို႔ရဲ႕ စြပ္စြဲေျပာဆိုခ်က္ေတြကို သက္ေသျပႏိုင္ခြင့္ မရွိေသးတာမို႔ ထိုသို႔ေသာအေျခအေနမ်ိဳးမွာ ဂမ္ဘီယာအေနနဲ႔ ယခုကဲ့သို႔ လုပ္ေဆာင္ဖို႔ရာ မသင့္ဘူးလို႔လည္း ဝန္ႀကီးဦးကိုကိုလႈိင္က ဆက္ေျပာပါတယ္။

ဒါ့အျပင္ ဂမ္ဘီယာဟာ ပင္မအမႈ (merits)နဲ႔ပတ္သက္တဲ့ စြပ္စြဲခ်က္ေတြကို ေလွ်ာက္လဲ၍ ယခုၾကားနာပြဲအား ၾကားခံ (Platform)တစ္ခုအေနျဖင့္ အသုံးခ်ေနမႈအေပၚ ျမန္မာႏိုင္ငံ၏ ကိုယ္စားလွယ္(Agent)အေနျဖင့္ လုံးဝတုံ႔ျပန္ျခင္းမျပဳဘဲ တရား႐ုံးေတာ္၌ ႏႈတ္ဆိတ္ေနႏိုင္မွာ မဟုတ္ဘူးလို႔ပါ တုန႔္ျပန္ပါတယ္။

ဆက္ၿပီး ျမန္မာအေနနဲ႔ ေျမျပင္အေျခအေနမ်ားကို တိုးတက္ေကာင္းမြန္ေစရန္ အစဥ္ႀကိဳးပမ္း ေဆာင္႐ြက္လ်က္ရွိၿပီး လက္ရွိအခ်ိန္မွာ ရခိုင္ျပည္နယ္ဟာဆိုရင္ျဖင့္ အထိုက္အေလ်ာက္ တည္ၿငိမ္လ်က္ရွိၿပီး အၾကမ္းဖက္မႈျဖစ္စဥ္မ်ား ႀကီးႀကီးမားမားမရွိဘဲ ၿငိမ္းခ်မ္းလ်က္ရွိေနတယ္လို႔ပါ ေျပာဆိုခဲ့ပါတယ္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း ရေဝင်ရောက်မှုများဖြစ်ပေါ်နေ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊ နတ်ကြီးကုန်းရပ်ကွက်၊ ဆင်ဘိုကုန်းရပ်ကွက်၊ စိမ်းမြောက်(ပေ ၆၀ လမ်း)၊ အောင်ချမ်းသာရပ်ကွကနှင့် အုတ်ကျင်းရပ်ကွက်များအတွင်းသို့ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ရင်းချောင်းရေမြင့်တက်ပြီး ချောင်းဘေးတစ်လျှောက်ရှိနေအိမ်များအတွင်းသို့လည်း ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်နေသည့် ရပ် ကွက်များရှိ နေအိမ်များအတွင်းနှင့် နမ့်ရင်းချောင်းဘေးတွင်နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ “ဝ”ပြည် သွေး စည်းညီညွတ်ရေးပါတီ(UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့လာရောက်ဂါရဝပြုတွေ့ဆုံ   တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်သန္နိဋ္ဌာန်ချမှတ်ပြီးမဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော်နေဟု နိုင်ငံတော်သမ္မတ ပြော

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ "ဝ"ပြည် သွေး စည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့က ယနေ့ ဩဂုတ် ၄ ရက်တွင် နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် နိုင်ငံတော်သမ္မတက နိုင်ငံ တော်အစိုးရသစ်လက်ထက်တွင် တိုင်း ပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ် နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန် သန္နိဋ္ဌာန်ချမှတ်ပြီးမဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် UWSP ဒုတိယဥက္ကဋ္ဌဦးဒုတိယဥက္ကဋ္ဌဦးကျောက်ကော်အန်းတိို့သည် နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်သန္နိ ဋ္ဌာန်ချမှတ်၍ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအားလုံးကိုဖိတ်ခေါ်ဆွေး နွေးလျက်ရှိမှု၊ နိုင်ငံတော်အနေဖြင့် ပြည်သူများလိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်...

မြန်မာ-လာအိုပြိုင်ပွဲတွင် မြန်မာအသင်းက ၇ – ၂ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိ

ရန်ကုန်၊ ဩဂုတ် ၄အာဆီယံ ဟွန်ဒိုင်းဖလား ပြိုင်ပွဲ အုပ်စု (B) နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယနေ့ ဩဂုတ် ၄ ရက် ညနေပိုင်းတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၇ ဂိုး - ၂ ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့သဖြင့် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ရန် အလားအလာကောင်းနေကြောင်း သိရသည်။ အဆိုပါ ပွဲစဉ်၏ ပထမပိုင်း ပွဲချိန်အပြီးတွင် မြန်မာအသင်းက ၄ ဂိုး - ၂ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071