Home News Local News ချင်းပြည်နယ်၊ တွန်းဇံမြို့အနီး ၄.၂ မဂ္ဂနီကျုဒ် ငလျင်လှုပ်ခတ်

ချင်းပြည်နယ်၊ တွန်းဇံမြို့အနီး ၄.၂ မဂ္ဂနီကျုဒ် ငလျင်လှုပ်ခတ်

0
47

၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်နေ့ ညနေ ၆ နာရီ ၅၂ မိနစ် ၅၂ စက္ကန့်အချိန်တွင် ချင်းပြည်နယ်၊ တွန်းဇံမြို့အနီးကို ဗဟိုပြုပြီး အင်အား ၄.၂ မဂ္ဂနီကျုဒ်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မြေငလျင်ဌာနခွဲမှ သိရသည်။

အဆိုပါငလျင်သည် တမူးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၆၃ မိုင်ခန့်အကွာ၊ တွန်းဇံမြို့၏ အနောက်-အနောက်တောင်ဘက် ၈ မိုင်ခန့်အကွာကို ဗဟိုပြု၍ မြောက်လတ္တီတွဒ် ၂၃.၅၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃.၅၈ ဒီဂရီနှင့် အနက် ၇၀ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအတွင်း ငလျင်ငယ်နှင့် ငလျင်လတ်များ ဆက်တိုက်လှုပ်ခတ်နေပြီး တစ်ကျော့ပြန် ငလျင်ကြီးများ လှုပ်ခတ်လာနိုင်ခြေရှိသဖြင့် ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် ပညာရှင်များက သတိပေးထားသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here