ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ ချင်းချောင်းနန်းတော်ကိုအမျိုးသားအနုပညာပြတိုက်အဖြစ် ဖွင့်လှစ်ရန် ဆောင်ရွက်နေသည်။
ယင်းသို့ ဖွင့်လှစ်နိုင်ရန် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ်မှစကာ ယခုချိန် အထိ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေခြင်း ဖြစ်သည်။
ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက လိုက်လံစစ်ဆေးခဲ့ပြီး ပြင်ဆင်ပြီးပါက ခင်းကျင်းပြသွားမည့် စီမံချက်၊ လျာထားချက်များချင်းချောင်းနန်းတော်အတွင်း ဘွဲ့လွန်မြန်မာပြက္ခဒိန်ပညာဒီပလိုမာသင်တန်းနှင့် နက္ခတ်တာ ရာကြည့်ပြခန်း၊ ပြက္ခဒိန်ပညာဆိုင်ရာစာကြည့်တိုက်တို့ ဖွင့်လှစ်နိုင်ရေးတို့ကို ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အမျိုးသားပြတိုက်၊ အမျိုးသားစာကြည့်တိုက်နှင့် အမျိုးသားဇာတ်ရုံတို့ အသီးသီး တည်ထောင်ပြီးဖြစ်သော်လည်း အမျိုးသား အနုပညာပြတိုက် တည်ထောင်ရန် ကျန်ရှိနေသေးခြင်း ဖြစ်သည်။
