Monday, February 2, 2026

ဒေသတွင်း နိုင်ငံများနှင့်ယှဥ်ပြိုင်နိုင်​အောင်ကြိုးစားနေသည့်ကုန်သေတ္တာများသယ်ယူပို့ဆောင်ရေး အသင်း

မန္တလေးတိုင်း၊ ကျောက်ဆည်တွင် ကုန်သေတ္တာများသယ်ယူပို့ဆောင်ရေး အသင်းရုံးခွဲဖွင့်လှသ်ရန် လုပ်ဆောင်နေကြောင်း (၁၂)ကြိမ်မြောက် မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း နှစ်ပတ် လည်အသင်းသားစုံညီအစည်းအဝေးတွင် (၂ဝ၂၂- ၂၀၂၅)ယခင်အလုပ်အမှုဆောင်သက်တမ်း၏ ဥက္ကဋ္ဌဦးစိုးနိုင်က ပြောကြားခဲ့သည်။ ကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းကို...

အာဆီယံ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကို မြန်မာပါဝင်တက်ရောက်

အာဆီယံ အပေါင်း ၃(တရုတ်၊ဂျပန်၊ကိုးရီးယား )ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အစီအစဉ်များကို အတည်ပြု ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်မှ...

မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဖွဲ့စည်း

မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကို ဇန်နဝါရီ ၃၀ ရက်က မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှကြီးမှူး၍ ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။ မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရွေးချယ်တင်​မြှောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦး​ဌေးမိုးကကြီးမှူး၍ မြို့နယ်(၁၀) မြို့နယ်မှတက်​ရောက်လာသောကိုယ်စားလှယ်များထဲမှ...

HomePoemချစ်သောနိုင်ငံတော်

ချစ်သောနိုင်ငံတော်

ချစ်သောနိုင်ငံတော်

အမြို့ မြို့ အနယ်နယ်က ပလက်ဖောင်းများပေါ်

ကွမ်းတံတွေးကွက်တွေ ဖျက်သိမ်းပေးပါ

ကိုယ်စီတာဝန်တော့ မသိပါဘူး

နိုင်ငံကြီးသားပီသဖို့တွက်

နောက်ဆုံးထွက်အိုင်ဖုန်းဝယ်နိုင်ဖို့လောက်

ကျန်တာစိတ်မဝင်စားဘူး နိုင်ငံတော်ဟာ ဖေ့စ်ဘုတ်ခ်ပေါ်မှာ

ကီးဘုတ်ဖိုက်တာတွေရဲ့ သုံးသပ်ချက် ခပ်နဲ့နဲ့နဲ့

စင်ကာပူကို အမှီလိုက်ကြမယ်ဟေ့။

အတိုအပြတ်တွေ ဝတ်ကြ

ဆယ်ဖီတွေ များများရိုက်၊ ဖိုတိုဂရာဖာလို့ဟစ်ကြွေး

ဟာသလို့ ခေါင်းစဉ်တပ်ပြီး မြန်မာပေါကားတွေ ရိုက်ကြနာမည်ကြီးဖို့အတွက်သောက်ပေါအကွက်တွေ ထုတ်ပြ

အဟေးဟေး ခေတ်မီလာပြီကွ။

အလုပ်လုပ်ဖို့ မလိုဘူး

အစိုးရကောင်းရင် အလုပ်ရဖို့ အာရုံပြု ကြ

စင်ကာပူကြီးက ရယ်တယ်

မင်းတို့ဦးနှောက်တွေ

ကိုရီးယားဇာတ်လမ်းတွဲတွေအထဲက

ရုန်းမထွက်နိုင်ပါဘူးကွာ ဆိုပြီး

မြန်မာ့ဦးနှောက်ကို ကမ္ဘာ့ဈေးကွက် တင်ရောင်းရင်ဈေးကြီးကြီးရတယ်ဆိုတဲ့ ပုံပြင်ကိုသာ

လက်ဆင့်ကမ်း သယ်လာခဲ့ကြတယ်။

ဘယ်လူငယ် တက်သစ်စကမှ ရယ်စရာကောင်းနေကြတာက လွဲရင်

မခံချင်စိတ် နည်းနည်းလေးမှ မထားခဲ့ ကြဘူး

လေယာဉ်ပျံတီထွင်တဲ့ ကောင်လေး

ရက်ပိုင်းပဲ ဆယ်လီဖြစ်လိုက်တယ်

ဟိုကောင်မလေးရဲ့ ဖင်ကြီးကြီးကိတ်ချက်က

တစ်သက်တာဆယ်လီဆု ရထားတယ်

မြန်မာတွေ ဘာလုပ်တတ်သလဲမေးရင်Like and Share ပဲ လုပ်တတ်တယ်လို့ ဝန်ခံစမ်းပါ

လုပ်မနေနဲ့ ဆယ်လီဖြစ်ဖို့က ပိုအေ၇း ကြီးတယ်ဟ

ဒီလိုပါပဲ နောက်ခေတ်အဆက်ဆက်လည်း

အမှားတစ်ရာကိုပဲ အမှန်တရားတွေ ထပ်လုပ်ကြ

သောက်တလွဲ ခေတ်မီခြင်းများနဲ့ နိုင်ငံတော်ဟာ ဂုဏ်သရေနဲ့ ပြည့်စုံ ဦးမယ်

အိုခေပါ … ချစ်သောနိုင်ငံတော် လေးစားလျက်ပါ။

သံလွင်ဆေး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071