Wednesday, July 29, 2026

ASEAN Hyundai Cup 2026...

ASEAN Hyundai Cup 2026 ပြိုင်ပွဲ၏ အုပ်စုပွဲစဉ်တစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားလျက်ရှိသော ဖိလစ်ပိုင်အမျိုးသားဘောလုံးအသင်းနှင့် မြန်မာအမျိုးသားဘောလုံးအသင်းတို့၏ ပွဲစဉ်တွင် ပထမပိုင်း (HT) ပြီးဆုံးချိန်၌...

နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC) ကနေ နှုတ်ထွက်မယ်လို့...

ချဒ်နိုင်ငံဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC) ကနေ နှုတ်ထွက်ဖို့ စီစဉ်နေကြောင်း တနင်္လာနေ့မှာ ကြေညာခဲ့ပြီး နောက်ဆုံး နှုတ်ထွက်တဲ့ နိုင်ငံ ဖြစ်လာပါတယ်။ ခုံရုံးရဲ့...

ရထားစီးခရီးသည်များ လိုက်နာရမည့် စည်းကမ်း ၉...

နေပြည်တော်၊ ဇူလိုင် ၂၈ ရထားခရီးစဉ်များ ချောမွေ့လုံခြုံစေရေးအတွက် စီးနင်းသူခရီးသည်များ လိုက်နာရမည့် စည်းကမ်း ၉ ချက်ကို ORTP က ထုတ်ပြန်ခဲ့ပြီး ဖောက်ဖျက်ပါက...

မြန်မာဘက်က လုပ်သားအင်အား၊ ဂျပန်ဘက်က နည်းပညာနဲ့...

"ကျွန်မတို့နိုင်ငံမှာ လူငယ်လုပ်သားအင်အားပေါများတာ အားသာချက်ဖြစ်ပြီး ဂျပန်နိုင်ငံမှာက နည်းပညာနဲ့ အရင်းအနှီးတွေရှိတာအားသာချက်ပါ။ ဒီအားသာချက်‌ေတွကို ပူးပေါင်းဆောင်ရွက်လိုက်ရင် နှစ်နိုင်ငံလုံးအတွက် Win-Win Situation ဖန်တီးနိုင်မှာပါ။ ဒါဟာ...
HomeCelebrities' Newsချစ်သူထားရင်ပရိသတ်တွေကို အသိပေးပါ့မယ်သရုပ်ဆောင် ထက်အောင်ရှိုင်း

ချစ်သူထားရင်ပရိသတ်တွေကို အသိပေးပါ့မယ်သရုပ်ဆောင် ထက်အောင်ရှိုင်း

သရုပ်ဆောင်ထက်အောင်ရှိုင်းက အခုအချိန်မှာတော့ တဖြည်းဖြည်းနဲ့ ပရိ သတ်တွေ အသိအမှတ်ပြုမှုကိုရရှိလာတဲ့ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပါ တယ်။ သူ့အနေနဲ့ထုတ်လုပ်ရေးတစ်ခုနဲ့ စာချုပ်ချုပ်ပြီးဇာတ်ကားတွေ ရိုက်ကူးခဲ့ ပေမယ့် ဗီဒီယိုလောကအခြေအနေ မကောင်းတဲ့အတွက်ကြောင့် အဆိုပါထုတ်လုပ် ရေးနဲ့ ၃ ကားလောက်ပဲရိုက်ကူးဖြစ်ခဲ့တယ်လို့ပြောပါတယ်။ သူ့အနေနဲ့ အခု လက်ရှိအချိန်မှာတော့ တခြားထုတ်လုပ်ရေးတွေနဲ့ရိုက်ကူးဖြစ်နေပြီး ဇာတ်ရုပ်ပိုင်းကိုရွေးချယ်ခြင်းမရှိပါဘူးလို့ သူက ပြောပါတယ်။

“ကျွန်တော့်အနေနဲ့ အများကြီးကြိုးစားရပါဦးမယ်။ ဘာ အောင်မြင်မှုမှမရသေးဘူးလို့ ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ထားပါ တယ်။ ဒီထက်ပိုပြီးတော့ အများကြီးဆက်ပြီးတော့ ကြိုးစားရဦး မယ်လို့ ကိုယ့်ကိုယ်ကိုယ်သုံးသပ်မိပါတယ်။ ကျွန်တော်လိုချင် တဲ့အောင်မြင်မှုတစ်ခုရတဲ့အထိကို ကျွန်တော်အစွမ်းကုန်ကြိုး စားသွားမှာပါ”လို့ အနုပညာနဲ့ပတ်သက်လို့ သူ့အနေနဲ့ ဆက် လက်ကြိုးစားသွားမယ့်အကြောင်းကို ထက်အောင်ရှိုင်းက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ဗယ်လင်တိုင်းဒေး နေ့မှာတော့ သူ့အနေနဲ့တစ်ယောက်တည်းပဲဖြတ်သန်းမှာ ဖြစ်ပြီး အရင်ကတည်းက ဒီနေ့ရောက်ပြီဆိုရင် ချစ်သူမရှိ တော့ဘဲ တစ်ယောက်တည်းပဲဖြတ်သန်းရတာများတယ်လို့ သူကပြောပါတယ်။

“ဘယ်ဗယ်လင်းတိုင်းဒေးမှာမှ ကိုယ့်ချစ်သူနဲ့အတူတူ ဖြတ်သန်းခဲ့ရတာမရှိပါဘူး။ ရှိရင်တောင်မှ အဲဒီနေ့ရောက်ရင် ပြတ်တယ်။ အခုလက်ရှိကတော့ ချစ်သူမရှိပါဘူး။ အလုပ်ကိုပဲ အာရုံစိုက်ပြီးတော့ ကြိုးစားချင်ပါသေးတယ်။ တကယ်လို့ ကျွန်တော့်အနေနဲ့ချစ်သူရည်းစားထားပြီဆိုရင်လည်း ပရိ သတ်တွေကို အသိပေးပြီးတော့ Official ထားမှာပါ။ ပရိ သတ်တွေကို ဘာမှဖုံးကွယ်မထားချင်ပါဘူး။ ကျွန်တော့် ပရိ သတ်တွေကို ကျွန်တော်ချစ်ပါတယ်။ တကယ်လို့ ရည်းစားရ သွားခဲ့ရင်လည်း ကျွန်တော့်ကိုနားလည်ပေးစေချင်ပါတယ်။ အရင်တိုင်းလည်းဆက်ပြီးတော့ အားပေးစေချင်ပါတယ်”လို့ ချစ်သူ များနေ့နဲ့ပတ်သက်လို့ ထင်အောင်ရှိုင်းက ပြောပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071