Monday, February 2, 2026

ဒေသတွင်း နိုင်ငံများနှင့်ယှဥ်ပြိုင်နိုင်​အောင်ကြိုးစားနေသည့်ကုန်သေတ္တာများသယ်ယူပို့ဆောင်ရေး အသင်း

မန္တလေးတိုင်း၊ ကျောက်ဆည်တွင် ကုန်သေတ္တာများသယ်ယူပို့ဆောင်ရေး အသင်းရုံးခွဲဖွင့်လှသ်ရန် လုပ်ဆောင်နေကြောင်း (၁၂)ကြိမ်မြောက် မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း နှစ်ပတ် လည်အသင်းသားစုံညီအစည်းအဝေးတွင် (၂ဝ၂၂- ၂၀၂၅)ယခင်အလုပ်အမှုဆောင်သက်တမ်း၏ ဥက္ကဋ္ဌဦးစိုးနိုင်က ပြောကြားခဲ့သည်။ ကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းကို...

အာဆီယံ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကို မြန်မာပါဝင်တက်ရောက်

အာဆီယံ အပေါင်း ၃(တရုတ်၊ဂျပန်၊ကိုးရီးယား )ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အစီအစဉ်များကို အတည်ပြု ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်မှ...

မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဖွဲ့စည်း

မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကို ဇန်နဝါရီ ၃၀ ရက်က မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှကြီးမှူး၍ ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။ မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရွေးချယ်တင်​မြှောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦး​ဌေးမိုးကကြီးမှူး၍ မြို့နယ်(၁၀) မြို့နယ်မှတက်​ရောက်လာသောကိုယ်စားလှယ်များထဲမှ...

HomePoemကျွန်တော့်ကို ၀င်ခွင့်ပြုပါမေမေ

ကျွန်တော့်ကို ၀င်ခွင့်ပြုပါမေမေ

တစ်ချိန်က
မေမေ့ရဲ့တံခါးကို ခွင့်မတောင်းဘဲ
ဖွင့်ဝင်ခဲ့မိသူ
မေမေ့ရဲ့အသွေးအသားကို
အသက်ကယ်ဆေးလို

အနှစ်သုံးဆယ်ကျော်
အသုံးပြုရှင်သန်ခဲ့သူတစ်ယောက်
အခုတော့
ကျွန်တော့်ကို ဖိတ်ခေါ်သမျှ အခန်းတိုင်း
ခွင့်တောင်းပြီးမှ ဝင်နေရတယ် မေမေ။
ဘေးနားက စားပွဲဝိုင်းတွေမှာ
အပျော်တွေပြည့်နှက်နေသလောက်
ကျွန်တော့်မှာတော့

တစ်ယောက်တည်းပါပဲ
(မေမေ့ကိုတစ်ယောက်တည်း
ထားခဲ့မိတဲ့ ဝဋ်ကြွေးတွများလား)
တစ်လောကလုံးရဲ့အလင်းဓာတ်ဟာ
ကျွန်တော့်မျက်စိရှေ့ရောက်မှ
ဝေဝါးတယ်။

ကျွန်တော့်အပေါ် ဥပေက္ခာပြုနိုင်လွန်းတဲ့
သံသရာထဲမှာ
အတွေးများစွာ သံသရာထက်ရှည်လို့
ရွက်ကျပင်ပေါက်လို
နေ့ရက် အချိန်ကာလများစွာထဲ
အမှန်တရားအတွက်
ကမ္ဘာ့အပြင်ထိ အထုတ်ခံဝံ့သူ
ယုံကြည်ချက်အတွက်
ဘဝကို လောင်းကြေးထပ်ဝံ့သူ
ချစ်ခြင်းမေတ္တာအတွက်
အိပ်မက်များစွာကို စွန့်လွှတ်ဝံ့သူ
တစ်ယောက်အပျော်တွေကို
အိတ်ပေါက်နဲ့ကောက်ခဲ့တယ်
ခလုတ်ကန်သင်းတွေအပြည့်နဲ့
ပြေးလမ်းထက်မှာ။

လင်းလွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071