ကွယ်လွန်တာ၂လပြည့်သွားပြီဖြစ်တဲ့ ဖခင်အတွက် အလွမ်းစာလေးရေးခဲ့တဲ့ မေတ္တာမြင့်မြတ်ဟိန်း
လူရွှင်တော်ကြီး ဦးမေတ္တာ ကွယ်လွန်သွားခဲ့တာ အခုဆိုရင် ၂လပြည့်တောင်ရှိခဲ့ပါပြီ။ သူ့ကိုချစ်တဲ့ ပရိသတ်တွေ ကလည်း သူရဲ့ အနုပညာလေးတွေကို လွမ်းဆွတ်နေရပြီး သားဖြစ်သူ မေတ္တာမြင့်မြတ်ဟိန်းကလည်း ပြန်မလာနိုင်တော့တဲ့ အဖေ့အတွက် လွမ်းတဲ့ စာလေးရေးခဲ့တဲ့ အကြောင်းကို သူ့ရဲ့ဖေ့ဘုတ်စ်စာမျက်နှာမှာအခုလိုပဲရေးသားထားပါတယ်။
“ ပြန်မလာနိုင်တော့တဲ့ ခရီးရှည်ကြီးကို ထွက်ခွာသွားတာ
၂လတောင်ပြည့်ခဲ့ပီဗျာ..။
ဘယ်နေရာဖြစ်ဖြစ် ပွဲသွားကတိုင်း Video call နဲ့
” အဆင်ပြေရဲ့လား သား…နေကောင်းရဲ့လား
ဂရုစိုက်အုံးနော် ” လို့အမြဲမှာတတ်သလို
အခုလဲအဝေးကနေ မှာနေမယ်ဆိုတာ သိပါတယ်အဖေ
ဖေဖေရော အဆင်ပြေရဲ့လား…။
မေမေနဲ့ညီမလေးအတွက်လည်း စိတ်ချပါနော်
အမေနဲ့ ညီမလေးရယ် နောက် အဖေ့ကိုချစ်တဲ့
ကျနော်တို့ကိုချစ်တဲ့ ကျေးဇူးရှင်ပရိသတ်တွေအတွက်
အမြဲကြိုးစားရင်း အနုပညာနဲ့ ဂါရဝပြု
ရှေ့ဆက်နေပါ့မယ်
ပွဲကပီဆို ပရိသတ်တွေကြားထဲကနေ ရုပ်ဖျက်ပီး
လာလာကြည့်တတ်တဲ့ အဖေ
ပွဲတွေပြန်ကရလို့ စင်ပေါ်ကိုရောက်တိုင်း
သားအမြဲမျှော်နေမယ်နော်
အရမ်းသတိရတယ် ဖေဖေ
အရမ်းချစ်တယ် “ လို့ ရေးသားထားပါတယ်။

