Friday, May 29, 2026

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုကို...

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုများကို တိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့က ယနေ့ မေ၂၉ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ တိုင်းဒေသကြီးလွှတ်တော်ရုံး ဒု-ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက လွှတ်တော်အစည်းအဝေးကျင်း ပရန်ဆောင်ရွက်ထားရှိမှုများ၊ လွှတ်တော်ရုံးပရဝဏ်အ...

အရာတော်မြို့တွင် နယုန်လပြည့်နံနက်ပိုင်း၌ ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူကြမည်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့တွင် နယုန်လပြည့်နေ့နံနက်ပိုင်းတွင် ရိုးရာအစဥ်အလာအတိုင်း ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူကြမည်ဖြစ်ကြောင်း သိရသည်။ ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူနိုင်ရန် အရာတော်မြို့ရှိ ချမ်းသာကြီးစေတီတော်အတွင်းမှ ဗန်ဒါရွက်များကိုခူး၍ လုပ်အားကုသိုလ်ရှင်များက ယနေ့ မေ ၂၉...

ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့...

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပါ စည်းကမ်းချက်တွေကို ကျော်လွန်ပြီး ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့ အစ္စရေးစစ်တပ်(IDF) ကို ညွှန်ကြားထားတယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမင်...

အီရန်စစ်ဆင်ရေးတွေအတွက် ဒေါ်လာ ၉၅.၂ ဘီလီယံကျော်...

အီရန်နိုင်ငံ စစ်ဆင်ရေးတွေအတွက် အမေရိကန်က ဒေါ်လာ ၉၅.၂ ဘီလီယံကျော်အထိ သုံးစွဲထားတယ်လို့ "အီရန်စစ်ပွဲ ကုန်ကျစရိတ် စောင့်ကြည့်ရေးအဖွဲ့ (Iran War Cost...
HomeMusicကျွန်တော့် သီချင်းလေးတွေက ပွဲလမ်းသဘင်...

ကျွန်တော့် သီချင်းလေးတွေက ပွဲလမ်းသဘင် တွေမှာ အသုံးတည့်တယ် ဆိုတော့ ဝမ်းသာပါတယ် မနော

ma

မနောကို စသိတာက လှိုင်ဦးမော်နဲ့အတူ ထွက်ရှိလာတဲ့ “လက်ချောင်းများ” စီးရီးမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း သူ့ရဲ့သီချင်းတွေ တော်တော်များများပေါက် သီချင်းတွေဖြစ်ခဲ့တာတွေ့ရပြီး “ချစ်တယ်”၊ “ကြာဖြူ” ၊ “မိချော” ၊ “သနပ်ခါး လေးနဲ့မောင့်ချစ်သူ” စတဲ့ သီချင်းတွေက မြန်မာပြည်အနှံ့ တော်တော်များများမှာ ကြားခဲ့ရကာ အခုနှစ် ကထိန်ရာသီမှာတော့ တေးရေးသဟာအောင်ရေးပြီး မနောဆိုထားတဲ့ “ဗိုလ်အောင်ဒင်”သီချင်းက တစ်နိုင်ငံလုံးရဲ့ကထိန်လော်စပီကာတွေမှာ အပြည့်အဝ နေရာယူသွားပါတော့တယ်။ ဒီ “ဗိုလ်အောင်ဒင်” သီချင်းကို မနောတို့ ဘယ်လိုဖန်တီးဖြစ်ခဲ့ကြသလဲဆိုတာကတော..

” ဒီသီချင်းလေးကတော့ “မိချော” တုန်းကလိုပဲ မိုနိုဟန်လေးပေါ့။ အပျော်လေးပါပဲ။ သဟာအောင်က ရေးထားပြီး အပျော်လေးဆိုကြည့်မလားဆိုပြီး ပြတဲ့အခါ အပျော်ဆိုပေမယ့် တအား ဆိုးဆိုးဝါးဝါးတော့ မဟုတ်ပါဘူး၊ ဆိုကြမယ်ဆိုပြီး ဒါလေးကို အသံသွင်းကြတယ်။ သီချင်းလေးက ပျော်စရာ လေးဆိုတော့ အွန်လိုင်း အရင်တင်ကြမယ်ဆိုပြီး တင်လိုက်တာပါ။ စီးရီးခွေက မထွက်သေးဘူး။ ကျွန်တော်က မြန်မာသံစီးရီးတစ်ခွေလုပ်နေတယ်။ အဲဒါလေးကလည်း ဒီဇင်ဘာလထဲမှာ တော့ ထွက်ဖို့ ရှိပါတယ်။ “ချမ်းမြေ့ပါစေအမေ” လို့ နာမည်ပေးထားပါတယ်” လို့ မနောက မြန်မာသံစီးရီး တစ်ခွေ စီစဉ်နေတဲ့အကြောင်းလည်း ပြောပါတယ်။ မနောက အခုလို ပွဲလမ်းသဘင် ကာလတွေမှာ သူ့သီချင်း လေးတွေနဲ့ ပရိသတ်တွေ ပျော်ကြရွှင် ကြတဲ့အတွက်လည်း ဝမ်းသာပါတယ် လို့ ဆိုပါတယ်။

” အခုလို ကျွန်တော့်သီချင်း လေးတွေနဲ့ ပရိသတ်တွေ ပျော်ကြ ရွှင်ကြတာမြင်တော့ ဝမ်းသာမိပါတယ်။ ကျွန်တော်တို့က ညစ်ညစ်ပတ်ပတ် သီချင်းတွေလည်း မဆိုတတ်ပါ ဘူး။ ဆိုချင်တာက အကျိုးပြုတေးတို့၊ ဓမ္မတေးတို့ ဆိုချင်တာလေ။ အခု ဒီလိုပျော်စရာ သီချင်းလေးနဲ့လည်း ပရိသတ်တွေ အဆင်ပြေကြတယ်ဆို တော့ ဝမ်းသာပါတယ်။ ကျွန်တော်တို့ ရဲ့သီချင်း အနေအထားက တအားကြီးကြီးမားမားကြီးလည်း မဟုတ် တော့ အများကြီးတော့ မမှန်းပါဘူး။ ပျော်ပွဲရွှင်ပွဲလေးတွေမှာ ကျွန်တော့် သီချင်းလေးတွေက အသုံးတည့်တယ် ဆိုတော့ ဝမ်းသာစရာတော့ ကောင်းပါတယ်” လို့ မနောက ပြောပါတယ်။

မနောက စတီရီယိုစီးရီးအနေနဲ့ “အဆင်ပြေတဲ့နေ့” တစ်ကိုယ်တော် စီးရီးလည်း ထွက်ရှိခဲ့ပြီး စတီရီယိုလိုင်းရော၊ မိုနိုလိုင်းရော သီချင်းပုံစံမျိုးစုံနဲ့ အဆိုတော်တစ်ဦး ဖြစ်ပါ တယ်။ နောက်ပိုင်းမှာကော ဘယ်လိုင်းဘက်ကို မနော ဦးတည်သွားမလဲဆိုတော့..

“ကျွန်တော်ကတော့ စတီရီယိုပဲ သွားမှာပါ။ မြန်မာသံစဉ်ကတော့ ဒီတစ်ခွေကို အမှတ်တရအနေနဲ့ လုပ်တဲ့သဘောပါ။ အမြဲတမ်း မြန်မာသံစဉ်တွေပဲ ဆိုမှာမဟုတ်ပါ ဘူး။ အခု “ချမ်းမြေ့ပါစေအမေ” စီးရီးကတော့ အမှတ်တရအနေနဲ့ ထွက်မှာပါ” လို့ မနောက ပြောပါတယ်။ ဒီစီးရီးမှာလည်း တေးရေးက သဟာအောင်ပဲ ဖြစ်တာကြောင့် မနော နဲ့ သဟာအောင်တို့ရဲ့ ဆက်နွှယ်မှုကိုလည်း မနောက..

“ကျွန်တော်တို့ကတော့ သွေးသောက်တွေလိုပါပဲ။ ကျွန်တော်အောင်မြင်ရင်လည်း သူအောင်မြင်တာပဲ။ သူအောင်မြင်ရင်လည်း ကျွန်တော်အောင်မြင်တာပဲ။ တစ်ယောက်အခက်အခဲကို တစ်ယောက်ကူညီရင်း၊ တစ်ယောက် အားနည်းချက်ကို တစ်ယောက်ဖေးမရင်းနဲ့ပဲ ရှေ့ဆက်နေကြတာပါ” လို့ မနောက ပြောပြခဲ့ပါတယ်။

ရဲရဲ ၊ ဓာတ်ပုံ – အိသွဲ့ (တန့်ယန်း)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071