Thursday, April 30, 2026

ကဆုန်လပြည် (ဗုဒ္ဓနေ့) ပါမောက္ခချုပ်ဆရာတော်ကြီး၏ ကုသိုလ်တော်

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဒနေ့) တွင် ပါမောက္ခချုပ်ဆရာတော်ကြီးက ဗောဓိညောင်ပင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်တို့ဖြင့်ပူဇော်နေသည်ကို...

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ကုသိုလ်ယူခဲ့ကြသည့် ပျော်ဘွယ်မြို့နယ်...

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ၌ ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနက ကုသိုလ်ယူခဲ့ကြသည်။ ပျော်ဘွယ်မြို့နယ်၊ ကံသာအုပ်စု၊ မင်းရာမဘုရားတွင် သံဃာတော်...

မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့်...

အိမ်ထောင်စုပေါင်း (၁၃၀,၀၀၀) ခန့်ကို ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည့် တစ်နှစ်လျှင် ကီလိုဝပ်နာရီ သန်းပေါင်း (၂၀၂) သန်း ထုတ်လုပ်ပေးနိုင်မည့် မန္တလေးတိုင်းရှိ သာစည်...

မဟာမုနိဘုရားကြီး ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်ပုံရိပ်များ...

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဖွားမြင်သောနေ့၊ ဘုရားအဖြစ်သို့ရောက်သောနေ့၊ ပရိနိဗ္ဗာန်စံသောနေ့ဖြစ်ကာ ဗုဒ္ဓဘာသာဝင်များ အလေးထားအထူးမြတ်ထားသော နေ့လည်း ဖြစ်သည်။ ဓာတ်ပုံ - မဟာမုနိဘုရားကြီး Facebook page
HomeCelebrities' Newsကျွန်တော့်ရဲ့ ဘဝရည်မှန်းချက်ကိုပြောပါဆိုရင် သရုပ်ဆောင်ဖြစ်ချင်တာပဲလို့ဆိုလာတဲ့...

ကျွန်တော့်ရဲ့ ဘဝရည်မှန်းချက်ကိုပြောပါဆိုရင် သရုပ်ဆောင်ဖြစ်ချင်တာပဲလို့ဆိုလာတဲ့ Mister Teen International Winner ဆုရှင် ဇော်ရှိုင်းထက်

နိုင်ငံပေါင်း ၄၂ နိုင်ငံက ပြိုင်ပွဲ ဝင်တွေကို ဖြတ်ကျော်ပြီး Prince and Princess International 2018 ပြိုင်ပွဲရဲ့ Mister Teen International ကဏ္ဍမှာ Winner ရခဲ့သူကတော့ ဇော်ရှိုင်းထက်ပဲ ဖြစ် ပါတယ်။ ဇော်ရှိုင်းထက်ဟာ ၁၇ နှစ် အရွယ်သာ ရှိသေးပေမယ့်လည်း Mister Teen International Winner ဆုကို နီပေါနိုင်ငံသားကို ဖြတ်ကျော်ဆွတ်ခူးပြီး မြန်မာ့ဂုဏ် ဆောင်ပေးနိုင်ခဲ့သူတစ်ဦးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။

“တကယ်တမ်းဆိုရင် ဒီပြိုင်ပွဲ မှာ အရင်နှစ်တုန်းကလည်း ကျွန် တော်တို့ မြန်မာနိုင်ငံကပဲ ရရှိထားတာ ဖြစ်တယ်။ အဲဒီတော့ မျှော်လင့်ချက် သိပ်မရှိခဲ့ပေမယ့် နောက်ဆုံးအချိန် မှာ နီပေါက ပြိုင်ပွဲဝင်တစ်ယောက်နဲ့ ကျွန်တော်နဲ့ပဲ ကျန်ခဲ့တယ်။ နှစ် ယောက်စလုံးရှေ့ထွက်ပြီးတော့ တစ် ယောက်လက်ကို တစ်ယောက် ဆုပ် ကိုင်ထားကြတယ်။ ဆုကြေညာလိုက် တဲ့အချိန် The Winner is ဇော်ရှိုင်း ထက်ဆိုပြီး ကြေညာလိုက်တဲ့ အချိန် မှာ တအားပျော်သွားတယ်။ အဲဒီ တော့မှ သက်ပြင်းချနိုင်ခဲ့တယ်။ ပြိုင် ပွဲတောက်လျှောက်မှာလည်း ကျွန် တော်သည် လုံးဝ Active ဖြစ်အောင် နေခဲ့တယ်။ ပေါင်းသင်းဆက်ဆံရေးအပိုင်းမှာလည်း အကောင်းမွန်ဆုံး အနေအထားထိ ဖြစ်အောင် ကျွန် တော် ပြုမူနေထိုင်ခဲ့ပါတယ်။ အဲဒါ ကြောင့်လည်း ဒီနေ့ ကျွန်တော့်ရဲ့ ဦးခေါင်းထက်မှာ Winner ဆုတံ ဆိပ်ကြီးကို ပိုင်ဆိုင်ခွင့်ရခဲ့တာလို့ ယုံ ကြည်ပါတယ်”လို့ ဇော်ရှိုင်းထက်က ပြောပါတယ်။

ဇော်ရှိုင်းထက်က ပြိုင်ပွဲမလာ ခင် ရပ်ဆိုင်းထားခဲ့တဲ့ အလုပ်တွေကို အခုအချိန်မှာ ပြန်လည်လုပ် ဆောင် တော့မှာ ဖြစ်ပေမယ့် မိခင် အေဂျင် စီဖြစ်တဲ့ MMPA (Myanmar Male Pageant Academy) နဲ့လည်း အလုပ်တွေ ဆက်လက်လုပ်ဆောင် သွားမှာဖြစ်တယ်လို့ ပြောပြပါတယ်။

“ကျွန်တော် ရရှိခဲ့တာဆု ၂ ဆု ပေါ့။ တစ်ဆုက Winner ဖြစ်တယ်။Run-way Model Winner ဆု ကိုလည်း ကျွန်တော် ရရှိခဲ့တာဖြစ်ပါ တယ်။ျွRun-way Model ဆုဆိုတာ ကလည်း အရေးကြီးပါတယ်။ အဲဒီဆု အတွက် ကျွန်းတစ်ခုမှာ သွားရောက် ယှဉ်ပြိုင်ရတာဖြစ်တယ်။ အတော် ကြိုးစားပြီးမှ ရရှိခဲ့တာဖြစ်ပါတယ်။ နိုင်ငံပေါင်းများစွာက ပြိုင်ပွဲဝင်တွေ ကလည်း ဒီဆုအတွက် အတော်ကြိုး စားခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့ National Director ကဆိုရင် မင်း ဒီဆုကို ရအောင်ယူနိုင်ဖို့ ကြိုးစားရ မယ်ဆိုပြီးတော့ တွန်းအားပေးခဲ့ တယ်။ အဲဒါကလည်း အရေးကြီးတဲ့ ဆုဖြစ်တဲ့အတွက် သူများနဲ့ မတူ အောင် ကြိုးစားခဲ့ပြီးနောက် အဲဒီဆု ကို ရယူနိုင်ခဲ့ပါတယ်” လို့ ဇော်ရှိုင်း ထက်က ဆိုပါတယ်။

ဇော်ရှိုင်းထက် အနေနဲ့က သူ့အဓိကရည်မှန်းချက်ဟာ သရုပ် ဆောင်လောကအတွင်း ဝင်ရောက် ပြီး သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုလာပါ တယ်။

“အနုပညာသရုပ် ဆောင်လော ကမှာ အောင်မြင်ဖို့ဆိုတာ ကံရှိမှ ဖြစ်မယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ကြိုးစားသွားမှာပါ။ ဘယ်တော့မှ တော့ ဇွဲမလျှော့ပါဘူး။ ဘာလို့လဲ ဆို ရင် ငယ်ငယ်ကတည်းက ဘဝရည် မှန်းချက်ကို ပြောပါဆိုရင် သရုပ် ဆောင် ဖြစ်ချင်တာပဲ။ အဲဒီတော့ ကျွန်တော် ဆက်လက်ကြိုးစားနေ ပါ မယ်”လို့ ဇော်ရှိုင်းထက်က ပြောပြ ပေးခဲ့ပါတယ်။

ထက်လူ

Ads Space Available


Continue reading

ကဆုန်လပြည် (ဗုဒ္ဓနေ့) ပါမောက္ခချုပ်ဆရာတော်ကြီး၏ ကုသိုလ်တော်

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဒနေ့) တွင် ပါမောက္ခချုပ်ဆရာတော်ကြီးက ဗောဓိညောင်ပင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်တို့ဖြင့်ပူဇော်နေသည်ကို ကြည်ညိုဖွယ်ဖူးတွေ့ရသော မြင်ကွင်းပုံရိပ်များအား ဖော်ပြလိုက်ရပါသည်။

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ကုသိုလ်ယူခဲ့ကြသည့် ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာန

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ၌ ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနက ကုသိုလ်ယူခဲ့ကြသည်။ ပျော်ဘွယ်မြို့နယ်၊ ကံသာအုပ်စု၊ မင်းရာမဘုရားတွင် သံဃာတော် (၁၀၈) ပါးနှင့် သီလရှင်များအား စတုတ္ထအကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲတွင် လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူခြင်း၊ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းခြင်း၊ ကံမြင့်ဘုရားကြီးနှင့်ရင်ပြင်တော်များ၊ ရေသပ္ပါယ်ပူဇော်သန့်ရှင်းခြင်း၊ ညောင်ရေသွန်းလှူပူဇော်ခြင်းကုသိုလ်များကိုပြုလုပ်ခဲ့ကြသည်။

မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့် သပြေဝ (၄၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖွင့်လှစ်

အိမ်ထောင်စုပေါင်း (၁၃၀,၀၀၀) ခန့်ကို ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည့် တစ်နှစ်လျှင် ကီလိုဝပ်နာရီ သန်းပေါင်း (၂၀၂) သန်း ထုတ်လုပ်ပေးနိုင်မည့် မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့် သပြေဝ (၄၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ ဧပြီ (၂၉) ရက်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော်တည်ဆောက်ပြီးစီးခဲ့ကာ ဖွင့်လှစ်လိုက်ခြင်းလည်း ဖြစ်သည်။ ထို့ပြင် မကြာမီတွင် ဆောင်ရွက်ဆဲ (၂၁၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ပြီးမြောက်မည်ဖြစ်ကာ စက်ရုံအမြန်ပြီးစီးနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တွန်းအားပေးဆောင်ရွက်နေသည်ဟုလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071