Monday, December 15, 2025

သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ...

ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေအတွင်း တရားမဝင် ဝင်ရောက်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများကို မြန်မာနိုင်ငံအနေဖြင့် ကယ်ဆယ်ထိန်းသိမ်းထားပြီး သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် မေတ္တာရပ်ခံထားသည်။...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ယနေ့ ဒီဇင်ဘာ ၁၄ ရက်...

မင်းလက်ပံဖြစ်စဥ်သည် KNU ၏ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ပြီး...

မင်းလက်ပံ၌ဖြစ်ပွားခဲ့သော ပြည်ပနိုင်ငံသားများကို KNU မှ ပ-စ်ခတ်ခဲ့မှုနှင့်ပတ်သက်ကာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ယနေ့ ဒီဇင်ဘာ ၁၄ ရက်နံနက် ၁၀...

မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် အွန်လိုင်းလောင်းကစားမှုများ၊ လိမ်လည်မှုများကို...

ပြည်သူများအနေဖြင့် သက်ဆိုင်ရာကို သတင်းပေးကာ ပူးပေါင်းပါဝင်ပေးရန် တိုက်တွန်း မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် အွန်လိုင်းလောင်းကစားမှုများ၊ လိမ်လည်မှုများကို ပြတ်ပြတ်သားသားနှိမ်နင်းသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၄ ရက်က ကျင်းပသည့်...
HomeNewsLocal Newsကြားဖြတ်အစိုးရဖွဲ့ရန် အသင့်ရှိ--Bhumjaithai ပါတီ(ထိုင်း)

ကြားဖြတ်အစိုးရဖွဲ့ရန် အသင့်ရှိ–Bhumjaithai ပါတီ(ထိုင်း)

ထိုင်းနိုင်ငံတွင် လေးလအတွင်း အောက်လွှတ်တော်ကို ဖျ-က်သိမ်းကာ အောက်လွှတ်တော်တွင် အင်အားအကြီးဆုံးပါတီဖြစ်သည့် အတိုက်အခံ ပြည်သူ့ပါတီ၏ ထောက်ခံမှုဖြင့် မဟာမိတ်ပါတီများနှင့်အတူ ကြားဖြတ်အစိုးရဖွဲ့သွားရန် အသင့်ဖြစ်နေပြီဟု Bhumjaithai ပါတီက ပြောကြားလိုက်သည်။

အခြေခံဥပဒေခုံရုံးက ပေတုံတန်ရှင်နာဝပ်ထရာကို ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခဲ့ပြီးနောက် နိုင်ငံရေးအဆက်ပြတ်မှုမဖြစ်စေရန်အတွက် ၂၀၂၃ ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်သော ပြည်သူ့ပါတီ၏ အဆိုပြုချက်ကို ထောက်ခံကြရန် Bhumjaithai ပါတီခေါင်းဆောင် အနူတင်ချန်ဗီရာကူလ်က သောကြာနေ့တွင် စတင်စည်းရုံးနေပြီဖြစ်သည်။

၎င်း၏ ညွန့်ပေါင်းအဖွဲ့တွင် ပြည်သူ့ပါတီမှ အမတ်များအပြင် လုံလောက်သော အမတ်အရေအတွက် ရရှိထားပြီဟု သောကြာနေ့ညပိုင်းက ပါတီရုံးချုပ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ အနူတင်က ပြောကြားခဲ့သည်။ ဝန်ကြီးချုပ်နေရာအတွက်လည်းသူ အသင့်ဖြစ်နေပြီဟု သူက ပြောကြားခဲ့သည်။

ယခုနှစ်ကုန်တွင် အောက်လွှတ်တော်ကို ဖျ-က်သိမ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရေး ဆန္ဒခံယူပွဲကျင်းပမည့် အခြေအနေအရ အစိုးရသစ်ဖွဲ့စည်းရေးကို ထောက်ခံသွားမည်ဟု ပြည်သူ့ပါတီက ထုတ်ဖော်ပြောကြားထားသည်။

ပြည်သူ့ပါတီသည် အတိုက်အခံအဖြစ်ရပ်တည်နေပြီး အစိုးရအဖွဲ့သစ်ကို အပြည့်အ၀ စိစစ်နေကာ အစိုးရအဖွဲ့တွင် ပြည်သူ့ပါတီက ဝန်ကြီးတစ်နေရာမျှ ယူမည်မဟုတ်ဟု ပါတီက ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်အသစ်ကို လာမည့်ရက်ပိုင်းအတွင်း ရွေးချယ်သွားမည်ဟု မျှော်လင့်ရပြီး အောက်လွှတ်တော်ရှိ အမတ်ထက်ဝက် သို့မဟုတ် အမတ်ဦးရေ ၄၉၂ ဦးတွင် ၂၄၇ ဦး၏ ထောက်ခံချက် ရရှိရမည်ဖြစ်သည်။ Bhumjaithai ဦးဆောင်သော မဟာမိတ်အဖွဲ့က မစ္စတာအနူတင်ကို ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်မည်ဖြစ်သည်။

အောက်လွှတ်တော်တွင် Bhumjaithai ပါတီက အမတ် ၆၉ ဦးနှင့် ပြည်သူ့ပါတီက ၁၄၃ ဦး စုစုပေါင်း ၂၁၂ ဦးရှိနေသည်။ ၎င်းတို့အနေဖြင့် အာဏာဆက်ထိန်းထားရန် ကြိုးပမ်းနေသည့် ဖြူထိုင်းပါတီကို အနားပေးရန်အတွက် နောက်ထပ် ၃၅ မဲလိုအပ်မည်ဖြစ်သည်။ လက်ရှိ ညွန့်ပေါင်းအဖွဲ့သည် စည်းလုံးနေဆဲဟု ဖြူထိုင်းက ဆိုထားသော်လည်း အမတ်ဦးရေ ၂၅ ဦးရှိ Klatham ပါတီကဲ့သို့ ဘက်ယိမ်းသွားနိုင်သော အမတ်အချို့၏ ထောက်ခံမှုရနိုင်ကြောင်း သိရသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ မေတ္တာရပ်ခံ

ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေအတွင်း တရားမဝင် ဝင်ရောက်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများကို မြန်မာနိုင်ငံအနေဖြင့် ကယ်ဆယ်ထိန်းသိမ်းထားပြီး သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် မေတ္တာရပ်ခံထားသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့‌ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ပြုလုပ်သည့်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ဖြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ "ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးအရအနေနဲ့ကတော့ နိုင်ငံခြားသားတွေကို သူတို့နိုင်ငံတွေရဲ့အစိုးရတွေက လာမခေါ်မချင်း လူသားချင်းစာနာထောက်ထားမှုအပြည့်နဲ့ ထိန်းသိမ်းထားတာဖြစ်ပါတယ်။ ဒီတာဝန်ဟာ တော်တော်ကြီးလေးတဲ့တာဝန်ဖြစ်ပါတယ်။ သူတို့အတွက်တနေ့တာ လိုအပ်တဲ့အစားအစာအပြင် သောက်ရေ၊ သုံးရေ၊ ဝတ်စရာ၊...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ယနေ့ ဒီဇင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့၌ ကျင်းပသည့် နိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ "အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို အမြစ်ပြတ်ချေမှုန်းသွားမှာပါ။ မြဝတီဒေသမှာမှမဟုတ်ဘူး မြန်မာနိုင်ငံရဲ့ ဘယ်နေရာဒေသမှာမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို ပြင်းပြင်းထန်ထန် အမြစ်ပြတ်ချေမှုန်းသွားမယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်၍ နှစ်နိုင်ငံဆက်သွယ်ဆက်ဆံရေးမှာ ရှေးနှစ်ပေါင်းများစွာကပင်ရှိခဲ့သဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်...

မင်းလက်ပံဖြစ်စဥ်သည် KNU ၏ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ပြီး ၎င်းတို့နှင့်ပတ်သက်မှုမရှိကြောင်းကိုပြသလိုသောလုပ်ကွက်ဖြစ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

မင်းလက်ပံ၌ဖြစ်ပွားခဲ့သော ပြည်ပနိုင်ငံသားများကို KNU မှ ပ-စ်ခတ်ခဲ့မှုနှင့်ပတ်သက်ကာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ယနေ့ ဒီဇင်ဘာ ၁၄ ရက်နံနက် ၁၀ နာရီက ရန်ကုန်မြို့၌ကျင်းပသည့် နိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ "မင်းလက်ပံကိစ္စက KNU အနေနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို သူတို့ကျူးလွန်ပြီးနောက်ပိုင်းမှာ အွန်လိုင်းလိမ်လည်မှုနဲ့ သူတို့မပတ်သက်ပါဘူးဆိုတာကို ပြချင်တဲ့လုပ်ကွက်တစ်ခုပဲဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို အမြစ်ပြတ်အောင်ချေမှုန်းနေတဲ့အပေါ်မှာ အာရုံပြောင်းဖို့အတွက်ဖြစ်ပါတယ်။ သူတို့တွေဟာ တစ်ချို့နေရာတွေမှာ ဟန်ပြသိမ်းပိုက်ပြီး သူတို့ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေတဲ့အကြောင်းကို လူမသိအောင်လုပ်ဖို့ ဆောင်ရွက်တာဖြစ်ပါတယ်" ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071