မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကျေးလက်ဒေသအစွန်အဖျားတွင်နေထိုင်သည့် တိုင်းရင်းသားများစာတတ်မြောက်လာစေရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ စက်တင်ဘာ ၈ ရက်နံနက်ပိုင်းတွင် Naypyitaw State Academy ၌ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်း အနားတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ် သည်။
တိုင်းနှင့် ပြည်နယ်အစွန်အဖျားများရှိ တိုင်းရင်းသားပြည်သူများ၏ အရေး၊ အဖတ်၊ အတွက်အချက်များတတ်မြောက်လာစေရန်အတွက် တိုင်းနှင့်ပြည်နယ်များရှိ တိုင်းရင်းသားစာပေနှင့် အသင်းအဖွဲ့များ၊ နယ်စပ် ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ပညာရေးဝန်ကြီး ဌာနနှင့်ပူးပေါင်းပြီး တိုင်းနှင့် ပြည်နယ်အစိုးရအဖွဲ့များက အလေးအနက်ထားဆောင်ရွက်ရမည်ဟု ပြော သည်။
” တစ်ဆက်တည်းမှာ စာတတ် ပေတတ်၊ အတတ်ပညာ ရှင်အဖြစ်နဲ့သာကျေနပ်ရောင့်ရဲမနေကြဘဲ ဘဝအတွက် ပိုမိုပြည့်စုံဖို့၊ ဗဟုသုတကြွယ်ဝဖို့၊ အသိပညာပြည့်ဝဖို့အတွက် စာတတ်သူတိုင်း စာဖတ်ကြဖို့ကိုလည်း စီမံဆောင်ရွက်ပေးကြဖို့လိုပါတယ်”ဟု နိုင်ငံတော်သမ္မတက ပြောသည်။
ထို့ကြောင့် နိုင်ငံတော်အနေဖြင့် စာကြည့်တိုက်များဖွံ့ ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးကိုအားပေး ဆောင်ရွက်ပေးနေကာ ပညာဆိုသည်မှာ ရှာဖွေလေ့လာ ၍ မကုန်နိုင်သဖြင့် စာတတ်သူတိုင်း စာဖတ်ကြရေးနှင့် အစဉ်လေ့လာသင်ယူနေသည့် လူ့အဖွဲ့အစည်းအဖြစ် ရှင်သန်ရပ်တည်နိုင်ရေးတို့ကို ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ရမည်ဟု နိုင်ငံတော်သမ္မတက တိုက်တွန်းမှာကြားခဲ့သည်။
