Saturday, May 2, 2026

ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထားအကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဟုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီပြော

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထားအကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပဲခူးတိုင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် မေ ၁ ရက်ကတွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများကို...

ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တို့၌ အပန်းဖြေရိပ်သာများတည်ဆောက်နေ

ရန်ကုန်တိုင်းရှိ ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တို့၌ အပန်းဖြေရိပ်သာများတည်ဆောက်လျက်ရှိရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်မှ ဧပြီ ၃၀ ရက်ကကြည့်ရှုစစ် ဆေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက ဒဂုံတက္ကသိုလ်ရှိ အပန်းဖြေ ရိပ်သာတည်ဆောက်နေမှု၊...

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်...

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊...

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊...

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊...
HomeNewsLocal Newsကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေးအတွက်စည်းရုံးဆောင်ရွက်ရန် နစက...

ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေးအတွက်စည်းရုံးဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

လူသားအရင်းအမြစ်ကောင်းများရရှိစေရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ငလျင်ဒဏ်သင့်ခဲ့သည့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ အ.ထ.က(၁)အား ယနေ့ ဇွန် ၁၀ ရက်ကကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အနေဖြင့် ပညာရည်မြင့်မားရေးအတွက် KG + 9 အထိ အခမဲ့ပညာရေးစနစ်ဖြင့် သင်ကြားပေးလျက်ရှိကာ ပညာတတ်များဖြစ်မှသာလျင် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်သည့် လူသားအရင်းအမြစ်ကောင်းများရရှိနိုင်မည်ဖြစ်ကာ ဒေသနှင့် နိုင်ငံ၏အကျိုးကိုလည်းပိုမိုဖော်ဆောင်နိုင်မည်ဟု ပြောသည်။

ထို့ကြောင့် ပညာရေးဝန်ထမ်းများအနေဖြင့် မိမိတို့တာဝန်ယူထားရသည့် သင်ကြားရေးလုပ်ငန်းတာဝန်များကိုကျေပွန်စွာထမ်းဆောင်ကြရန်၊ စာပေပညာ၊ လူမှုဆက်ဆံရေးအသိပညာများရရှိစေရေး သင်ကြားပေးရန် “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက”ဟူသည့်အတိုင်း ကလေးငယ်များအနေဖြင့် ငယ်စဉ်ကလေးဘဝကပင် စည်းကမ်းစနစ်တကျဖြင့် နေထိုင်သွားလာပြောဆိုတတ်စေရေး သင်ကြားပေးရန်၊ ကျောင်းနေအရွယ်ကလေးများအားလုံးပညာသင်ကြားနိုင်ရေးအတွက် စည်းရုံးဆောင်ရွက်ရန်တို့ကိုလည်း နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် ပြန်လည်ပြုပြင်တည်ဆောက်ရန်လိုအပ်သည့် စာသင်ဆောင်များနှင့် ယာယီစာသင်ဆောင်ဆောက်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီးနောက် စာသင်ဆောင်များပြန်လည်ပြု ပြင်တည်ဆောက်ရာတွင် ရေရှည်ခိုင်ခံ့ကောင်းမွန်ရေးအတွက် စနစ်တကျဆောင်ရွက်ရန်မှာကြားပြီး စာသင်ဆောင်များတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနေမှုကိုကြည့်ရှုအားပေးခဲ့သည်။

ထို့ပြင် နစက ဥက္ကဋ္ဌသည် ဧရာဝတီတံတား(ရတနာပုံ)၊ စစ်ကိုင်းတံတား(အင်းဝ) ဂုံးအမှတ်(၄)နှင့်(၅) အပျက်အစီးများကိုဖယ်ရှားရှင်းလင်း၍ ရေလမ်းကြောင်း ဖွင့်လှစ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ဧရာဝတီတံတား(ရတနာပုံ)တွင် Lateral Bracing, Bearing နှင့် Pier တိုင်များပျက်စီးသည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထားအကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဟုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီပြော

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထားအကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပဲခူးတိုင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် မေ ၁ ရက်ကတွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများကို ဥပဒေအကာအကွယ်အောက်တွင် ငြိမ်းငြိမ်းချမ်းချမ်းသာသာယာယာနေနိုင်အောင် ဆောင်ရွက်ပေးရန်တာဝန်မှု၊ ပြည်သူ့ကိုယ်စားလှယ်များဖြစ်၍ ပြည်သူလူထုနှင့် တစ်သားတည်းဖြစ်စေရန်၊ ပြည်သူလူထု၏ဆန္ဒများကို ဖြည့်ဆည်းကူညီဆောင်ရွက်ပေးရန် တာဝန်ရှိမှုတို့ကို ပြောကြားသည်။ ဥပဒေပြုရေးလုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ပြည်သူများကိုကာကွယ်ပေးနိုင်သည့် ဥပဒေ ဟုတ်/မ ဟုတ်တို့ကို စိစစ်ဆောင်ရွက်ရန်၊ နိုင်ငံတော်တွင်လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေကိုအချိန်နှင့်တစ်ပြေးညီ သိရှိထားရန်၊ လွှတ်တော်သည် နိုင်ငံနှင့် ပြည်သူလူထုအတွက် အားကိုးအားထားပြုရသည့်အဖွဲ့အစည်းတစ် ရပ်ဖြစ်အောင်ဆောင်ရွက်ရန် ပြောကြားသည်။ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်ရုံးခန်းများဖွင့်လှစ်၍ ဒေသခံများ၏...

ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တို့၌ အပန်းဖြေရိပ်သာများတည်ဆောက်နေ

ရန်ကုန်တိုင်းရှိ ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တို့၌ အပန်းဖြေရိပ်သာများတည်ဆောက်လျက်ရှိရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်မှ ဧပြီ ၃၀ ရက်ကကြည့်ရှုစစ် ဆေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက ဒဂုံတက္ကသိုလ်ရှိ အပန်းဖြေ ရိပ်သာတည်ဆောက်နေမှု၊ တက္ကသိုလ်‌ဘောလုံးကွင်းများအဆင့်မြှင့်တင်နိုင်ရေး၊ ရန်ကုန်ပညာရေးတက္ကသိုလ်၌ အပန်းဖြေရိပ်သာတည်ဆောက်ရန်ဆောင်ရွက်နေမှု၊ ပြည်၊ ပုဂံ၊ တကောင်း၊ သံပျင်၊ အမရာ အဆောင်များနှင့် အားကစားကွင်းများအတွက် လျာထားနေရာများကိုကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီတည်ဆောက်ပြီးစီးရန် ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး ပွဲစျေး မြင်ကွင်းများ

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊ ဂေါတမဘုရား တို့အား ရည်မှန်းထားတော်မူသော ရုပ်ပွားတော် လေးဆူသည် အရပ်မျက်နှာအသီးသီးသို့ မျက်နှာမူလျက် ကျောတော်များကပ်၍ တင့်တယ်စွာ စံတော်မူဟန်ဖြင့် တည်ထားကိုးကွယ်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071