Monday, July 27, 2026

ဝဇီရာရုပ်ရှင်ရုံကြီးသည် အမျိုးသားအဆင့်ကဇာတ်ရုံကြီး ဖြစ်လာ‌တော့မည်ဟု နိုင်ငံ‌တော်သမ္မတ...

"ဝဇီရာကဇာတ်ရုံဟာ ဖျော်ဖြေမှု အဆောက်အအုံသက်သက်မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ခေတ်အဆက်ဆက် နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုတွေကို ကိုယ်စားပြုတဲ့ သမိုင်းမှတ်တန်းဝင်ကဇာတ်ရုံကြီးဖြစ်ကြောင်း သက်သေ‌ပြနေပါတယ်။ ဝဇီရာရုပ်ရှင်ရုံကြီးဟာ အနုပညာရှုထောင့်ကကြည့်ရင် မြန်မာ့ယဉ်ကျေးမှုကဏ္ဍမှာ...

ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် ကုက္ကိုပင်လဲကျ၍ ကားပေါ်ပိမိ၊...

ရန်ကုန်၊ဇူလိုင်-၂၇ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် ယနေ့ ဇူလိုင် ၂၇ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်ခန့်က ကုက္ကိုပင်တစ်ပင်...

မော်လမြိုင်-ရန်ကုန် DEMU ရထားပေါ်၌ ဆူညံစွာ...

ရထားပေါ်မှ ဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် စည်းကမ်း၊ ယဉ်ကျေးမှုနှင့် ဂုဏ်သိက္ခာဆိုင်ရာ အယူအဆများ အငြင်းပွားဖွယ်ဖြစ်ပေါ် မော်လမြိုင်ဘူတာမှ ရန်ကုန်ဘူတာကြီးသို့ ထွက်ခွာသည့် အမှတ် (၈၄) အဆုန်...

သားဖွားမီးယပ်အရေးပေါ်အခြေအနေများတွင် မှန်ကန်သည့် ဆုံးဖြတ်ချက်ချနိုင်ရေး Webinar...

ရန်ကုန်၊ ဇူလိုင် ၂၆ ဆေးရုံ၊ ဆေးခန်းများနှင့် ပြည်သူလူထုအတွင်း သားဖွားမီးယပ်အရေးပေါ်အခြေအနေများ၌ လျင်မြန်တိကျသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် ရည်ရွယ်သည့် အွန်လိုင်း Webinar ကို...
HomeNewsLocal Newsကျောက်မဲမြို့သို့ပြန်ဝင်ရောက်လာသူများအား မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းတို့...

ကျောက်မဲမြို့သို့ပြန်ဝင်ရောက်လာသူများအား မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းတို့ ပြုလုပ်ပေး

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့အား တပ်မတော်မှပြန် လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ပြီးနောက် ပြန်လည်ဝင်ရောက်လာသူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ သန်းခေါင်စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းနှင့် မှတ်ပုံတင်ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့ အောက်တိုဘာ ၁၀ ရက်တွင်လည်း ကျောက်မဲမြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၌ ကျောင်းသား/ကျောင်းသူ(၇၅၆)ဦး ထပ်မံကျောင်းအပ်ခဲ့သဖြင့် အောက်တိုဘာ ၈ ရက်မှ ယနေ့အထိ ကျောင်းသား၊ ကျောင်းသူ(၁,၉၇၇)ဦး ကျောင်းတက်လျက်ရှိကာ ထပ်မံကျောင်းအပ်သည့် ကျောင်း သား/ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှ ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ထောက်ပံ့ပစ္စည်းများကို အခမဲ့ထောက်ပံ့ပေးခဲ့သည်။

ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်မှဆရာဝန်များ၊ သူနာပြုများပူးပေါင်း၍ ကျောက်မဲမြို့ရှိ လာဘမုနိတရုတ်ဘုံကျောင်း၌ ယာယီဆေးရုံဖွင့်လှစ်ကာ ဆေးကုသပေးလျက်ရှိရာ ယနေ့တွင် ပြင်ပလူနာ (၁၀၅)ဦးနှင့် ဆေးရုံတက်ရောက်ကုသရန်လိုအပ်သော လူနာ(၆)ဦးတို့ကို လိုအပ်သည့်ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြသည်။

လုံခြုံရေးအဖွဲ့ဝင်များမှလည်း ကျောက်မဲမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် အများပြည်သူသွားလာနေထိုင်လျက်ရှိသည့်နေရာများတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိ​နေသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဝဇီရာရုပ်ရှင်ရုံကြီးသည် အမျိုးသားအဆင့်ကဇာတ်ရုံကြီး ဖြစ်လာ‌တော့မည်ဟု နိုင်ငံ‌တော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား

"ဝဇီရာကဇာတ်ရုံဟာ ဖျော်ဖြေမှု အဆောက်အအုံသက်သက်မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ခေတ်အဆက်ဆက် နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုတွေကို ကိုယ်စားပြုတဲ့ သမိုင်းမှတ်တန်းဝင်ကဇာတ်ရုံကြီးဖြစ်ကြောင်း သက်သေ‌ပြနေပါတယ်။ ဝဇီရာရုပ်ရှင်ရုံကြီးဟာ အနုပညာရှုထောင့်ကကြည့်ရင် မြန်မာ့ယဉ်ကျေးမှုကဏ္ဍမှာ ထူးခြားလှတဲ့ ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်နဲ့ ဒြပ်မဲ့ယဉ်‌ကျေးမှု အမွေအနှစ်ပေါင်းစပ်ရာ နှလုံးအိမ်ကြီးဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ဒီလိုတန်ဖိုးမဖြတ်နိုင်တဲ့ ယဉ်ကျေးမှုအမွေအနှစ်ကြီးကို မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းနိုင်ဖို့ အထူးအလေးထားဆောင်ရွက်ခဲ့ပါတယ်။ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ပြီး ဂုဏ်သိက္ခာရှိတဲ့ အမျိုးသားအဆင့်ဂုဏ်ဒြပ်ကို ဖော်ဆောင်နိုင်တဲ့ ဝဇီရာရုပ်ရှင်ရုံကြီးဟာနိုင်ငံတကာအဆင့်မီခမ်းနားထည်ဝါစွာ တင်ဆက်ကြည့်ရှုနိုင်မယ့် တစ်ခုတည်းသော အမျိုးသားအဆင့်ကဇာတ်ရုံကြီး ဖြစ်လာတော့မှာပါ။ ဝဇီရာရုပ်ရှင်ရုံကြီးဟာ ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းရုံသာမက ရှေးဟောင်းအမွေအနှစ် ခရီးသွားလုပ်ငန်း (Heritage Tourism) နဲ့...

ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် ကုက္ကိုပင်လဲကျ၍ ကားပေါ်ပိမိ၊ အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ

ရန်ကုန်၊ဇူလိုင်-၂၇ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် ယနေ့ ဇူလိုင် ၂၇ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်ခန့်က ကုက္ကိုပင်တစ်ပင် လဲကျပြီး မောင်းနှင်နေသည့် ကားပေါ်သို့ ပိမိခဲ့ရာ လူ ၂ ဦး ကားအတွင်းညပ်နေခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်ကယ် ဆယ်ရေးဆောင်ရွက်ခဲ့သည့် လူမှုကူညီရေးအသင်းတစ်ခုထံမှ သိရသည်။ အခင်းဖြစ်နေရာတွင် ကားအတွင်းညပ်နေသည့် ဒဏ်ရာရအမျိုးသားတစ်ဦးနှင့် သေဆုံးနေသည့် အမျိုးသားတစ်ဦးတို့ကို မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကာ ကားအ တွင်းမှ...

မော်လမြိုင်-ရန်ကုန် DEMU ရထားပေါ်၌ ဆူညံစွာ သီချင်းဆိုခြင်းနှင့် စည်းကမ်းဖောက်ဖျက်ခဲ့သူ (၅၄) ဦးအား ရထားပို့ဆောင်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူ

ရထားပေါ်မှ ဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် စည်းကမ်း၊ ယဉ်ကျေးမှုနှင့် ဂုဏ်သိက္ခာဆိုင်ရာ အယူအဆများ အငြင်းပွားဖွယ်ဖြစ်ပေါ် မော်လမြိုင်ဘူတာမှ ရန်ကုန်ဘူတာကြီးသို့ ထွက်ခွာသည့် အမှတ် (၈၄) အဆုန် DEMU လူစီးအမြန်ရထားပေါ်တွင် ဆူညံစွာ အော်ဟစ်သီချင်းဆိုခြင်းနှင့် စည်းကမ်းမဲ့ အပြုအမူများ ပြုလုပ်ကာ အခြားခရီးသည်များအား စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည့် ဒေါ်မြသန်း ပါဝင်သော အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၅၄) ဦးတို့အား မီးရထားဌာနက တရားလိုပြုလုပ်၍ ရထားပို့ဆောင်ရေးဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၂၃...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071