Sunday, September 20, 2026

ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ရည်စူး၍ ငါးရက်တိုင် တရားပွဲများ...

ရန်ကုန်၊ စက်တင်ဘာ ၂၀ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ရည်စူး၍ စက်တင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိ ငါးရက်တိုင်...

ပန်တိုဂျာကို မကျေပွဲတွင် ထပ်မံအနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံခါးပတ်ကို...

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့ရှိ Crypto.com Arena ၌ စက်တင်ဘာ ၁၉ ရက် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်း)...

မြန်မာ့ပြောင်း တန်ချိန် ၁ သန်းခန့်...

ရန်ကုန်၊ စက်တင်ဘာ ၂၀ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အကောက်ခွန်ကင်းလွတ်ခွင့်ရရှိသည့် ကာလအတွင်း ပြောင်းတန်ချိန် ၁ သန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ မြန်မာ့ပြောင်းများကို...

တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ ကျောက်တုံးကြီးလိမ့်ကျကာ လမ်းပိတ်ဆို့ခဲ့ လမ်းကိုယာယီပိတ်ထားပြီး...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ စက်တင်ဘာ ၁၉ ရက်ည ၁၀ နာရီခွဲကျော်ခန့်က ကျောက်တုံးကြီးလိမ့်ကျလာကာလမ်းပိတ်ဆိုခဲ့ကြောင်း သိရသည်။ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ် ရှမ်းပြည်နယ်သတ္တုတွင်းဦးစီးဌာနရုံး၏ အနောက်ဘက်တောင်ပေါ်မှ...
HomeNewsLocal Newsကျောက်ဖြူရေနက်ဆိပ်ကမ်း လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်ရန်ညွှန်ကြား

ကျောက်ဖြူရေနက်ဆိပ်ကမ်း လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်ရန်ညွှန်ကြား

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် တရုတ်နိုင်ငံ CITIC Group ဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီလီမိတက်တို့အကြား လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်သက်တမ်း သတ်မှတ်ရက်မရောက်ခင် လုပ်ငန်းများကိုပြီးစီးအောင်ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်က ပြောသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာဘက်နှင့် CITIC ဘက်မှ နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်များ (Conditions Precedent) နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ (၁) ၌ ကျင်းပခဲ့သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် တရုတ်နိုင်ငံ CITIC Group ဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီ လီမိတက်တို့အကြား လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၅) ရက်တွင် ချုပ်ဆိုခဲ့ကြောင်း၊ အဆိုပါ Concession Agreement ၏ နောက်ဆက်တွဲစာချုပ် (Addendum) ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၂၆) ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး Long Stop Date ကို (၁၈) လကာလ သက်တမ်းတိုးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ Long Stop Date သက်တမ်းတိုးမြှင့်ထားသည့်ကာလမှာ ၂၀၂၅ ခုနှစ် ဇွန် (၂၆) ရက်တွင် ပြည့်မြောက်မည်ဖြစ်ပြီး ယင်းသက်တမ်း မပြည့်မြောက်မီ နှစ်လအလိုဖြစ်သည့် ၂၀၂၅ ခုနှစ် ဧပြီ (၂၆)ရက်မတိုင်မီ လုပ်ငန်းများပြီးပြတ်အောင်ဆောင်ရွက်နိုင်ရန် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိသည့်အတွက် သတ်မှတ်ရက်မရောက်မီ လုပ်ငန်းများပြီးစီးအောင်‌ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်က ပြောသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် အစုရှယ်ယာရှင်များနှင့်သက်ဆိုင်သော သဘောတူစာချုပ် (Share-holders’ Agreement) တွင် ဖော်ပြထားသည့်အတိုင်း မြန်မာ-တရုတ်နှစ်ဖက်အနေဖြင့် စီမံကိန်းမစတင်မီ ကြိုတင်ဖြည့်ဆည်းဆောင်ရွက်ရမည့် စာချုပ်ပါအချက် (၁၆) ချက်အနက် မြန်မာဘက်က ဆောင်ရွက်ရမည့်အချက် (၁၀) ချက်၊ မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်ရမည့် အချက်လေးချက် စသည့်လုပ်ငန်းတာဝန်များကို သတ်မှတ်ကာလအတိုင်း ပြီးမြောက်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ဆက်လက်ပြောကြခဲ့သည်။

အဆိုပါ စီမံကိန်းတွင်မြန်မာဘက်မှ အစုရှယ်ယာ (၃၀)ရာခိုင်နှုန်းနှင့် တရုတ်ဘက်မှ အစုရှယ်ယာ (၇၀)ရာခိုင်နှုန်း ပါဝင်ပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းအား အဆင့်လေးဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကာ စုစုပေါင်း ဆိပ်ခံတံတားပေါင်း (၁၀)ခုဖြင့် နှစ်စဉ်ကုန်တင်ကုန်ချပမာဏ TEU ကွန်တိန်နာပေါင်း (၇,၀၀၀,၀၀၀) လက်ခံနိုင်ရန်လျာထားပြီးစီမံကိန်းပြီးစီးအောင်မြင်ပါက မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာ အဆင့်မီရေနက်ဆိပ်ကမ်းအဖြစ် ရပ်တည်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ရည်စူး၍ ငါးရက်တိုင် တရားပွဲများ ကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၂၀ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ရည်စူး၍ စက်တင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိ ငါးရက်တိုင် ညစဉ် တရားပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇော်ပွဲ ကျင်းပရေးအစီအစဉ်အရ သိရသည်။ အဆိုပါ တရားပွဲများကို ညစဉ် ၇ နာရီတွင် ကျင်းပမည်ဖြစ်ပြီး စက်တင်ဘာ ၂၀ ရက်တွင် ရွှေမင်းဝံဆရာတော် ဒေါက်တာဘဒ္ဒန္တသောဘန၊ စက်တင်ဘာ ၂၁ ရက်တွင် တိပိဋကယောဆရာတော် ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၊ စက်တင်ဘာ ၂၂ ရက်တွင် အဝေရာရာမ...

ပန်တိုဂျာကို မကျေပွဲတွင် ထပ်မံအနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သည့် ဂျိုရှုအာဗန်

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့ရှိ Crypto.com Arena ၌ စက်တင်ဘာ ၁၉ ရက် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်း) က ကျင်းပခဲ့သည့် UFC 331 ပြိုင်ပွဲ၏ အဓိကခေါင်းဆောင်ပွဲစဉ် (Main Event) တွင် မြန်မာပြည်ဖွား UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဂျိုရှုအာဗန် (Joshua Van) သည် စိန်ခေါ်သူ အလက်ဇန်းဒါး ပန်တိုဂျာ (Alexandre Pantoja) ကို မကျေပွဲ၌ အမှတ်ဖြင့် ထပ်မံအနိုင်ယူကာ...

မြန်မာ့ပြောင်း တန်ချိန် ၁ သန်းခန့် ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ခဲ့

ရန်ကုန်၊ စက်တင်ဘာ ၂၀ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အကောက်ခွန်ကင်းလွတ်ခွင့်ရရှိသည့် ကာလအတွင်း ပြောင်းတန်ချိန် ၁ သန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ မြန်မာ့ပြောင်းများကို ထိုင်းနိုင်ငံသို့ နှစ်စဉ် ဖေဖော်ဝါရီလမှ ဩဂုတ်လအထိ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့်ရရှိထားပြီး ယင်းကာလအတွင်း ရန်ကုန်၊ ကော့သောင်း-ရနောင်းနှင့် မြဝတီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် တင်ပို့ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ ပြောင်းများကို ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သို့ အဓိကတင်ပို့လျက်ရှိရာ ထိုင်းနိုင်ငံ၏ အကောက်ခွန်ကင်းလွတ်ခွင့်ကာလ ပြီးဆုံးသွားပြီဖြစ်သော်လည်း ဖိလစ်ပိုင်နိုင်ငံသို့ ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လက်ရှိတွင် ပြည်တွင်းတိရစ္ဆာန်အစာထုတ်လုပ်သည့် စက်ရုံများ၏ ပြောင်းဝယ်ယူမှု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071