Sunday, July 5, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့ လွန်ပရာဘန်မြို့သို့...

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ယနေ့ ဇူလိုင် ၅ ရက် နံနက်ပိုင်းက လာအိုနိုင်ငံ၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး လာအိုနိုင်ငံ လွန်ပရာဘန်မြို့သို့...

လာအိုနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်...

မုတ်သုံလေအား အလွန်ကောင်းနေ၍ ဇူလိုင် ၁၂...

မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်းနှင့် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မြန်မာနိုင်ငံဒေသအများအပြားတွင် ယနေ့ (ဇူလိုင် ၅ ရက်)...

မြန်မာ-လာအိုနယ်စပ် မဲခေါင်မြစ်ပေါ် ၂၇၉၀ မဂ္ဂါဝပ်...

လာအိုနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ၏ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာ-လာအို လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်နိုင်ရေးအတွက် မြန်မာ-လာအိုနယ်စပ် မဲခေါင်မြစ်တစ်လျှောက် ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်သည့်...
HomeMoviesကျောက်ဆည်၊ မြစ်သားနှင့် ကူမဲမြို့တို့တွင်...

ကျောက်ဆည်၊ မြစ်သားနှင့် ကူမဲမြို့တို့တွင် ဓာတ်အားခွဲရုံ ပြုပြင်ထိန်းသိမ်းရေးကြောင့် ယာယီဓာတ်အားပြတ်တောက်မည်

နိုင်ငံတော်ဓာတ်အားစနစ်၏ ဝန်အားမျှတတည်ငြိမ်စွာ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရေးအတွက် ၁၃၂ ကေဗွီ အင်းကုန်းပင်မဓာတ်အားခွဲရုံ၌ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်၊ မြစ်သားနှင့် ကူမဲမြို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။

လက်ရှိတွင် ၁၃၂ ကေဗွီ အင်းကုန်းပင်မဓာတ်အားခွဲရုံရှိ ၃၃ ကေဗွီ စက်မှုလိုင်း၏ ဓာတ်အားဖြတ်ခလုတ် (Circuit Breaker) (B-Phase) တွင် ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပေါ်နေသဖြင့် အရန်ပစ္စည်းများဖြင့် အစားထိုးလဲလှယ်နိုင်ရေးအတွက် အဆိုပါခွဲရုံရှိ ၃၃ ကေဗွီ Main Bus ကို ဇူလိုင် ၅ ရက် မွန်းလွဲ ၃ နာရီမှ ညနေ ၆ နာရီအထိ ယာယီဓာတ်အားပိတ်ကာ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ကျောက်ဆည်မြို့၊ မြစ်သားမြို့နှင့် ကူမဲမြို့တို့ရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ပြီး၊ သက်ဆိုင်ရာ ဓာတ်အားသုံးစွဲသူများအား မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများမှတစ်ဆင့် ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့ လွန်ပရာဘန်မြို့သို့ ရောက်ရှိ

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ယနေ့ ဇူလိုင် ၅ ရက် နံနက်ပိုင်းက လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ ဝပ်တိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် လွန်ပရာဘန်မြို့သို့ ရောက်ရှိခဲ့သည်။ လွန်ပရာဘန်မြို့ရှိ လေဆိပ်သို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့အား လွန်ပရာဘန်မြို့မှ တာဝန်ရှိသူများက လေဆိပ်တွင် သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး လာအိုနိုင်ငံ လွန်ပရာဘန်မြို့သို့ ဆက်လက်ထွက်ခွာ

လာအိုနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၅ ရက် နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ ဝပ်တိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် လာအိုနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုမြို့တော်ဖြစ်သည့် လွန်ပရာဘန်မြို့သို့ ဆက်လက်ထွက်ခွာခဲ့သည်။ နိုင်ငံတော်သမ္မတ၏ လွန်ပရာဘန်ခရီးစဉ်အတွင်း ဒေသဆိုင်ရာ ယဉ်ကျေးမှုနှင့် သမိုင်းဝင်အမွေအနှစ်နေရာများကို လေ့လာကြည့်ရှုခြင်းနှင့် မြန်မာ-လာအို နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဖလှယ်မှုများ ပိုမိုမြှင့်တင်နိုင်ရေးဆိုင်ရာ အစီအစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မုတ်သုံလေအား အလွန်ကောင်းနေ၍ ဇူလိုင် ၁၂ ရက်အထိ ဒေသအချို့တွင် မိုးကြီးနိုင်၊ ရုတ်တရက်ရေကြီးမြေပြိုအန္တရာယ် သတိပြုရန် အသိပေး

မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်းနှင့် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မြန်မာနိုင်ငံဒေသအများအပြားတွင် ယနေ့ (ဇူလိုင် ၅ ရက်) မှ ဇူလိုင် ၁၂ ရက်အထိ မိုးထစ်ချုန်းရွာသွန်းပြီး အချို့ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၅ ရက် နံနက် ၈ နာရီတွင် ထုတ်ပြန်သည့် မိုးကြီးမည့်သတိပေးချက် အမှတ်စဉ် (၆/၂၀၂၆) အရ သိရသည်။ သတိပေးချက်အရ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071