Saturday, May 9, 2026

၂၀၂၆ ကမ္ဘာ့ဖလားသီချင်း ‘Dai Dai’...

ကမ္ဘာ့ဖလားသီချင်းများ၏ ဘုရင်မဟု တင်စားရမည့် ကိုလံဘီယာအဆိုတော် ရှာကီရာ (Shakira) သည် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တရားဝင်သီချင်းဖြစ်လာမည့် “Dai Dai"...

မြန်မာနိုင်ငံဒေသအချို့၌ မြင်တွေ့ခဲ့ရသည့် အလင်းတန်းမှာ အိန္ဒိယဒုံးပျံလွှတ်တင်မှုကြောင့်...

ယမန်နေ့ မေလ (၈) ရက် မြန်မာစံတော်ချိန် ည (၇) နာရီခွဲဝန်းကျင်ခန့်တွင် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နေရာအချို့၌ ကောင်းကင်ယံတွင် ထူးခြားသော...

ရန်ကုန်စတော့အိတ်ချိန်းတွင် မေလပထမပတ်အတွင်း ရှယ်ယာစောင်ရေ ၆၇,၀၀၀...

ရန်ကုန်စတော့အိတ်ချိန်း (YSX) ၏ မေလပထမပတ်အတွင်း စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှုမှာ ကျပ်သန်း ၃၄၀ ကျော် တန်ဖိုးရှိသည့် ရှယ်ယာအစောင်ရေ ၆၇,၀၀၀ ကျော်အထိ...

မန္တလေးရှိ သုသာန်များတွင် မီးသင်္ဂြိုဟ်ခ တိုးမြှင့်ကောက်ခံမည်

မန္တလေးမြို့ရှိ သုသာန်များတွင် စက်သုံးဆီအခက်အခဲများကြောင့် မီးသင်္ဂြိုဟ်ခ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။ ထိုသို့တိုးမြှင့်ကောက်ခံမှုသည် ယနေ့ (မေ ၉) တွင် စတင်ခဲ့ပြီ ဖြစ်ကြောင်းလည်း...
HomeNewsLocal Newsကျိုးကျပျက်စီးခဲ့ရသည့် တွံတေးတံတားအဆင်းမှ 230...

ကျိုးကျပျက်စီးခဲ့ရသည့် တွံတေးတံတားအဆင်းမှ 230 KV ဓာတ်အားလိုင်း တိုင်(၃)တိုင်ကို ဝန်ထမ်း (၁၃၀) ကျော်ဖြင့် ပြုပြင်နေ

လှိုင်သာယာ-ကျိုက်လတ် ဓာတ်အားလိုင်း တွံတေးတံတားအဆင်း သံဖြူရုံကျေးရွာအနီးရှိ 230 KV ဓာတ်အားလိုင်းတိုင် (၃)တိုင် ကျိုးကျခဲ့ရာ ချို့ယွင်းသွားသော တာဝါတိုင်များကို ပြုပြင်ခြင်း၊ အသစ်အစားထိုး လဲလှယ်ခြင်းများကို ဝန်ထမ်းအင်အား (၁၃၀)ကျော်ဖြင့် အချိန်နှင့် တပြေးညီ ပြုပြင်လျက်ရှိကြောင်း ဖျာပုံခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

အဆိုပါ 230 KV ဓာတ်အားလိုင်း တိုင်အမှတ် ၄၅ / ၄၆/ ၄၇ (၃) တိုင်မှာ ဖေဖော်ဝါရီ (၂၄)ရက်၊ နေ့လယ် (၁)နာရီ (၁၅) မိနစ်အချိန်ခန့်က ကျိုးကျပျက်စီးသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ တာဝါတိုင်များ ကျိုးကျပျက်စီးခဲ့ရသဖြင့် ဖျာပုံခရိုင်အတွင်းရှိ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲနှင့် မြင်းကကုန်းမြို့များ ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ပြီး ပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှသာ ဖျာပုံခရိုင်အတွင်း ဓာတ်အားပြန်လည်ရရှိမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ချို့ယွင်းသွားသော တာဝါတိုင်များကို ပြုပြင်ခြင်း၊ အသစ်အစားထိုးလဲလှယ်ခြင်းများကို စီမံကိန်း မန်နေဂျာ(၁)ရုံး (ရန်ကုန်)၊ ရေကြည်လိုင်းရုံး၊ ကမာနတ်လိုင်းရုံး၊ ပြည်လိုင်းရုံးများမှ ဝန်ထမ်းအင်အား (၁၃၀)ကျော်ဖြင့် အချိန်နှင့်တပြေးညီ လျှပ်စစ်ဓာတ်အား အမြန်ဆုံးရရှိရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၆ ကမ္ဘာ့ဖလားသီချင်း ‘Dai Dai’ ကို ကမ္ဘာကျော်အဆိုတော် ရှာကီရာ မိတ်ဆက်

ကမ္ဘာ့ဖလားသီချင်းများ၏ ဘုရင်မဟု တင်စားရမည့် ကိုလံဘီယာအဆိုတော် ရှာကီရာ (Shakira) သည် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တရားဝင်သီချင်းဖြစ်လာမည့် “Dai Dai" ကို မကြာမီ ဖြန့်ချိတော့မည်ဖြစ်ကြောင်း မိတ်ဆက်လိုက်သည်။ ထူးခြားသည့် ပူးပေါင်းမှုနှင့် ဗီဒီယိုရို-က်ကူးမှု အသက် ၄၉ နှစ်အရွယ်ရှိပြီဖြစ်သော ရှာကီရာသည် ယခုသီချင်းသစ်တွင် နာမည်ကြီး နိုင်ဂျီးရီးယားအဆိုတော် Burna Boy နှင့် တွဲဖက်သီဆိုထားခြင်းဖြစ်သည်။ သူမသည် အဆိုပါသီချင်းအတွက် ဘရာဇီးလ်နိုင်ငံ၏ သမိုင်းဝင် မာရာကာနာ (Maracanā) အားကစားကွင်းတွင် ရို-က်ကူးထားသည့် ဗီဒီယိုအမြည်း (Teaser)...

မြန်မာနိုင်ငံဒေသအချို့၌ မြင်တွေ့ခဲ့ရသည့် အလင်းတန်းမှာ အိန္ဒိယဒုံးပျံလွှတ်တင်မှုကြောင့် ဖြစ်ပေါ်သည့် သိပ္ပံနည်းကျဖြစ်စဉ်ဖြစ်ကြောင်း MASES အသိပေး

ယမန်နေ့ မေလ (၈) ရက် မြန်မာစံတော်ချိန် ည (၇) နာရီခွဲဝန်းကျင်ခန့်တွင် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နေရာအချို့၌ ကောင်းကင်ယံတွင် ထူးခြားသော အလင်းတန်းတစ်ခု ပျံသန်းသွားသည်ကို ဒေသခံများ မြင်တွေ့ခဲ့ကြရပြီး ယင်းဖြစ်စဉ်အပေါ် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် အမျိုးမျိုးသော ခန့်မှန်းချက်များထွက်ပေါ်လာခဲ့သည်။ ယင်းဖြစ်စဉ်မှာ အိန္ဒိယသမုဒ္ဒရာအတွင်းမှ ဒုံးပျံပျံတက်သွားစဉ် စွန့်ထုတ်ခဲ့သည့် လောင်စာအကြွင်းအကျန်များကြောင့် ဖြစ်ပေါ်လာရသည့် သိပ္ပံနည်းကျဖြစ်စဉ်တစ်ခုသာဖြစ်ကြောင်း နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအသင်းက အသိပေးထားသည်။ အဆိုပါ အလင်းတန်းမှာ အိန္ဒိယနိုင်ငံ အာကာသလေ့လာရေးဌာန (ISRO) မှ ဂြိုဟ်တုနည်းပညာသုံး ကိရိယာများ တင်ဆောင်လွှတ်တင်လိုက်သည့် ဒုံးပျံမှ...

ရန်ကုန်စတော့အိတ်ချိန်းတွင် မေလပထမပတ်အတွင်း ရှယ်ယာစောင်ရေ ၆၇,၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ပေါ်၊ မေလ ၈ ရက်၌ စောင်ရေ ၁၉,၀၀၀ ကျော်ဖြင့် အမြင့်ဆုံးစံချိန်တင်

ရန်ကုန်စတော့အိတ်ချိန်း (YSX) ၏ မေလပထမပတ်အတွင်း စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှုမှာ ကျပ်သန်း ၃၄၀ ကျော် တန်ဖိုးရှိသည့် ရှယ်ယာအစောင်ရေ ၆၇,၀၀၀ ကျော်အထိ ရှိခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏ ထုတ်ပြန်ချက်များအရ သိရသည်။ တစ်ပတ်တာအတွင်း နေ့စဉ်အရောင်းအဝယ်ဖြစ်မှု မေလ ၁ ရက်မှ ၃ ရက်အထိ အစိုးရရုံးပိတ်ရက်များ ဖြစ်သောကြောင့် အရောင်းအဝယ် နားခဲ့သော်လည်း ကျန်ရက်များတွင် အရှိန်အဟုန်ဖြင့် အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည် - မေ ၄ ရက်: ကျပ် ၈၅ သန်းကျော် (၁၇,၁၅၆ စောင်)မေ ၅...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071