Sunday, September 20, 2026

ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ရည်စူး၍ ငါးရက်တိုင် တရားပွဲများ...

ရန်ကုန်၊ စက်တင်ဘာ ၂၀ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ရည်စူး၍ စက်တင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိ ငါးရက်တိုင်...

ပန်တိုဂျာကို မကျေပွဲတွင် ထပ်မံအနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံခါးပတ်ကို...

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့ရှိ Crypto.com Arena ၌ စက်တင်ဘာ ၁၉ ရက် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်း)...

မြန်မာ့ပြောင်း တန်ချိန် ၁ သန်းခန့်...

ရန်ကုန်၊ စက်တင်ဘာ ၂၀ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အကောက်ခွန်ကင်းလွတ်ခွင့်ရရှိသည့် ကာလအတွင်း ပြောင်းတန်ချိန် ၁ သန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ မြန်မာ့ပြောင်းများကို...

တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ ကျောက်တုံးကြီးလိမ့်ကျကာ လမ်းပိတ်ဆို့ခဲ့ လမ်းကိုယာယီပိတ်ထားပြီး...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ စက်တင်ဘာ ၁၉ ရက်ည ၁၀ နာရီခွဲကျော်ခန့်က ကျောက်တုံးကြီးလိမ့်ကျလာကာလမ်းပိတ်ဆိုခဲ့ကြောင်း သိရသည်။ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ် ရှမ်းပြည်နယ်သတ္တုတွင်းဦးစီးဌာနရုံး၏ အနောက်ဘက်တောင်ပေါ်မှ...
HomeNewsLocal Newsကျားဖြန့်နှိမ်နင်းရေး ဇင်ယော်လှုပ်ရှားမှု ဒုတိယပိုင်းကို...

ကျားဖြန့်နှိမ်နင်းရေး ဇင်ယော်လှုပ်ရှားမှု ဒုတိယပိုင်းကို စတင်ရန်ရှိဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးဆို

တရုတ်နိုင်ငံအပါအဝင် အာဆီယံ (၅)နိုင်ငံပါဝင်သည့် အွန်လိုင်းငွေလိ-မ်ဂိုဏ်း(ကျားဖြန့်)များ နှိမ်နင်းရန် “ဇင်ယော်” တရားဥပဒေစိုးမိုးရေး ပူးပေါင်းလှုပ်ရှားမှု ဒုတိယပိုင်းကို စတင်ရန်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သတင်းထုတ်ပြန်သည်။

အာဆီယံ ငါးနိုင်ငံတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ် တို့ ပါဝင်ပြီး ယင်းလှုပ်ရှားမှုကို ယခုနှစ်၏ သင့်လျော်သောအချိန်ကောင်းတွင် စတင်သွားမည်ဖြစ်သည်ဟုဆိုသည်။

ယင်းလှုပ်ရှားမှုမှ တဆင့် ဆက်သွယ်ရေးလိ-မ်-လ-ည်မှုနှင့် ကွင်းဆက်ရာဇဝတ်မှုများအား အဆက်မပြတ် အာရုံစိုက် တိုက်ဖျက်သွားမည်ဖြစ်ကာ နိုင်ငံအသီးသီးမှ ပျောက်ဆုံး၊ ပိတ်လှောင်ခံနေရသူများကို အစွမ်းကုန် ကယ်ဆယ်သွားမည်ဖြစ်ပြီး နိုင်ငံအသီးသီးမှ နိုင်ငံသားများ၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးနှင့် ဒေသတွင်း လုံခြုံတည်ငြိမ်အေးချမ်းရေးတို့ကို လက်တွေ့ကျကျ ကာကွယ်စောင့်ရှောက်သွားမည်ဟု ဆိုသည်။

လက်ရှိတွင် အွန်လိုင်းငွေလိ-မ်လုပ်ငန်း(ကျားဖြန့်)အပါအဝင် ဆက်သွယ်ရေးလိ-မ်-လ-ည်မှုများကို မြန်မာအပါအဝင်ဒေသတွင် (၆) နိုင်ငံ ပူးပေါင်းလုပ်သည့် အထူးစစ်ဆင်ရေးအတွင်း လူ (၇) သောင်းကျော်ကို ဖမ်းမိထားကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်မှုတွင် ဖော်ပြသည်။

ထိုစစ်ဆင်ရေးနာမည်ကို ထုတ်မပြောသော်လည်း ယင်းပူးပေါင်းလှုပ်ရှားမှုသည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ၂၀၂၃ ခုနှစ်၊ သဩဂုတ်လအတွင်း မြန်မာ၊ ထိုင်း၊ လာအို၊ တရုတ်နိုင်ငံတို့၏ ရဲတပ်ဖွဲ့များ တွေ့ဆုံဆွေးနွေးမှုအပြီး စတင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင်လည်း ကမ္ဘောဒီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီး ဌာန၊ တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ တော်ဝင်ရဲတပ်ဖွဲ့၊ ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြသည့်“ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကို ဇန်နဝါရီလ (၂၁)ရက်တွင် တရုတ်နိုင်ငံ ၊ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ရည်စူး၍ ငါးရက်တိုင် တရားပွဲများ ကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၂၀ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ရည်စူး၍ စက်တင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိ ငါးရက်တိုင် ညစဉ် တရားပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇော်ပွဲ ကျင်းပရေးအစီအစဉ်အရ သိရသည်။ အဆိုပါ တရားပွဲများကို ညစဉ် ၇ နာရီတွင် ကျင်းပမည်ဖြစ်ပြီး စက်တင်ဘာ ၂၀ ရက်တွင် ရွှေမင်းဝံဆရာတော် ဒေါက်တာဘဒ္ဒန္တသောဘန၊ စက်တင်ဘာ ၂၁ ရက်တွင် တိပိဋကယောဆရာတော် ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၊ စက်တင်ဘာ ၂၂ ရက်တွင် အဝေရာရာမ...

ပန်တိုဂျာကို မကျေပွဲတွင် ထပ်မံအနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သည့် ဂျိုရှုအာဗန်

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့ရှိ Crypto.com Arena ၌ စက်တင်ဘာ ၁၉ ရက် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်း) က ကျင်းပခဲ့သည့် UFC 331 ပြိုင်ပွဲ၏ အဓိကခေါင်းဆောင်ပွဲစဉ် (Main Event) တွင် မြန်မာပြည်ဖွား UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဂျိုရှုအာဗန် (Joshua Van) သည် စိန်ခေါ်သူ အလက်ဇန်းဒါး ပန်တိုဂျာ (Alexandre Pantoja) ကို မကျေပွဲ၌ အမှတ်ဖြင့် ထပ်မံအနိုင်ယူကာ...

မြန်မာ့ပြောင်း တန်ချိန် ၁ သန်းခန့် ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ခဲ့

ရန်ကုန်၊ စက်တင်ဘာ ၂၀ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အကောက်ခွန်ကင်းလွတ်ခွင့်ရရှိသည့် ကာလအတွင်း ပြောင်းတန်ချိန် ၁ သန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ မြန်မာ့ပြောင်းများကို ထိုင်းနိုင်ငံသို့ နှစ်စဉ် ဖေဖော်ဝါရီလမှ ဩဂုတ်လအထိ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့်ရရှိထားပြီး ယင်းကာလအတွင်း ရန်ကုန်၊ ကော့သောင်း-ရနောင်းနှင့် မြဝတီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် တင်ပို့ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ ပြောင်းများကို ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သို့ အဓိကတင်ပို့လျက်ရှိရာ ထိုင်းနိုင်ငံ၏ အကောက်ခွန်ကင်းလွတ်ခွင့်ကာလ ပြီးဆုံးသွားပြီဖြစ်သော်လည်း ဖိလစ်ပိုင်နိုင်ငံသို့ ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လက်ရှိတွင် ပြည်တွင်းတိရစ္ဆာန်အစာထုတ်လုပ်သည့် စက်ရုံများ၏ ပြောင်းဝယ်ယူမှု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071