Sunday, May 3, 2026

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်(...

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ...

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄...

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း...

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့်...

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ...
HomePoemကျွန်တော် တောင်းယူလိုက်တဲ့ နာကျင်...

ကျွန်တော် တောင်းယူလိုက်တဲ့ နာကျင် အချိန်ပို

 

ခင်ဗျားလည်း သိမှာပါ. . .
အလင်းတွေ ဆွဲဆွဲ မျိုချနေတဲ့
အာကာသတွင်းနက်ကြီး အကြောင်းကို
ခေတ်မှာဖွားထားတဲ့
ကလောင်သွေးတွေရဲ့ ပစ်အားတွေက
ကဗျာချစ်သော ‘အား’နဲ့ သစ္စာတရားကို
အထမြောက်ရင်း
အစာကောက်ထားတာ
အရေးပေါ်ရင့်ကျက်မှုဆိုတာမျိုးကို
အခုချက်ချင်းဖမ်းပြီး ထည့်လို့ရတဲ့
အရာထဲမှာ ကဗျာမပါဘူး။
ခင်ဗျားလည်း သိမှာပါ. . .

ခင်ဗျားတို့ ကဗျာတွေ
မှော်ဆန်နေပါ တယ်လို့
ပြောပြီး ပြန်လာနိုင်ခဲ့ရင်
ကျူပ်ဗီဇကိုလည်း
ခင်ဗျားလက်ခုပ်ထဲ
ထည့်ပြီး တီးနိုင်ရမှာပေါ့
အကြိုက်ချင်းမတူရင်တော့
ဝါးစည်းပြေတာပဲ ကိုယ့်လူ
ကိုယ့်ကဗျာအတွက်
အစွန်းရောက် အနက်ယူ
တင်ပြနိုင်ရန် ကုလားဖန်ထိုးသော
ငါ၏ လက်များ သန်မာပါ. . .။
ခင်ဗျားလည်း သိမှာပါ. . .

အမြင့်က ကြည့်နေသူအတွက်
ခင်ဗျားရော ကျူပ်ပါ
သေးသေးနဲ့ဝေးဝေးမို့
မြင်ရမှာမဟုတ်ပါဘူး
ဒါတော့ ထားလိုက်ဗျာ
သိမလားတော့မသိဘူး
ကျူပ်အတွက်တော့
ကဗျာက မမြင်ရတဲ့ နတ်သားဗျ။
ခင်ဗျားလည်း သိမှာပါ. . .

အာသီသ မပြေတိုင်း
မီးခြစ်ထထ စမ်းခဲ့ရတဲ့ ညတွေကို
ဘဝဆက်တိုင်း ရင်ခုန်သံနဲ့
ကင်းလွတ်သော
တိုက်ဆိုင်မှုမျိုးသာ
တွေ့ချင်မိတဲ့ ဆုတောင်း
ကိုယ့်ခန္ဓာထဲမှာရှိရင်
ဖယ်ထုတ်ပစ် မလို့
ကဗျာအတွက်ဆို. . .
ကျူပ် ဧရိယာက သင်္ဂြိုဟ်ပြီးသား…။
ခင်ဗျားလည်း သိမှာပါ. . .

စစ်ပြန်ကွန်မြူနစ်ကြီးတွေတောင်
တစ်ခါက
ကဗျာကို
အလေးပြုခဲ့ကြတာလောက်တော့
သင်္ချာဂိုဏ်းသားတွေလည်း အံဝှက်ပါတဲ့
ကဗျာဆို ဖမ်းပြီးကြည်ညိုလောက်ရဲ့
ဟုတ်ပါတယ်. . .
ကျူပ် ပြောကြည့်ဦးမယ် ကဗျာက
ကျူပ် ဘဝအတွက်
ဓမ္မတာသဘောကို
ကျော်လွန်ပြီးမှ ကျလာတဲ့
ဂရုဏာထောက်ပံ့ကြေးဗျ
ခင်ဗျားလည်း သိမှာပါ. . .
ကိုယ့်ကိုယ်ကိုယ် ပရိုင်းမိတ်တစ်ခုလို
တူးဖော်မိတဲ့ အကြောင်းကို
မခါးခဲ့သော တစ်ခါက. . . . .

ကျူပ်တောင်းယူလိုက်တဲ့
နာကျင် အချိန်ပိုညများမှာ
ကျူပ် နှုတ်ခမ်းဝက ဇက်ကြိုးစေ
လူက ဂီတကတောင် ကဗျာထဖြစ်ရင်
ကျူပ်ကိုယ်ကျူပ် ကဗျာထဲက ပြန်ရွေးဖို့
ဘယ်တော့မှ စိတ်မကူးဘူး. . .။
ခင်ဗျား သိမှာပါ. . ,
ကျူပ် ဗီဇကို ခင်ဗျားလက်ခုပ်ထဲ
ထည့်တီးမိတဲ့ တစ်နေ့. . . . .။

ညီဝလာမိုးထက်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071