Tuesday, June 3, 2025

ပြည်နယ်အဆင့် မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်မှုပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သံလွင်မြစ်အတွင်း ယ‌နေ့ဇွန်လ(၃)ရက် နံနက်ပိုင်း၌ ပြည်နယ်အဆင့် မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်မှုတစ်ခု ပြုလုပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ လေ့ကျင့်မှုကို...

IBEC ကျောင်းတော်ကြီး၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)ကျောင်းတော်ကြီး၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမဆုံးကျောင်းဖွင့်ရက်ဖြစ်သော ဇွန် ၂ ရက်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအား IBEC...

ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်း (တောင်ကြီး)...

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းရုံးဌာနတွင် ရက်ကန်းနှင့်အသက် မွေးပညာသင်တန်းကျောင်း (တောင်ကြီး) ၌ ၂၀၂၅ ခုနှစ်၊ ပညာသင်နှစ်အတွက် သင်တန်းသားများခေါ်ယူထားကြောင်း...

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂ဝ၂၅-၂ဝ၂၆ ခုနှစ်ပညာသင်နှစ်တွင် ကျောင်းသား၊...

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာရေးဝန် ကြီးဌာန၏ အခြေခံပညာကျောင်းများအား ဇွန် ၂ ရက်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူသိန်း(၆၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။ နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ...
HomePopular Academy2017 Academyကျန်းမာရေး အခြေအနေကြောင့် ဒီနှစ်...

ကျန်းမာရေး အခြေအနေကြောင့် ဒီနှစ် အကယ်ဒမီ ပေးပွဲကတက်ဖြစ်မတက်ဖြစ်ဆိုတာ မသေချာသေးဘူးလို့ မင်းသမီးကြီး ခင်သန်းနုပြော

အကယ်ဒမီများရှင် မင်းသမီးကြီး ခင်သန်းနုက မကြာခင်ကျင်းပ တော့မယ့် အကယ်ဒမီပေးပွဲကြီးကဆိုရင် ရုပ်ရှင်ထူးချွန်ဆုအဖြစ် ဆုများ ၁၁ ဆု ချီးမြှင့်မှာဖြစ်သလို တစ်သက်တာဆုကြီးလည်း ချီးမြှင့် ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့် ဒီနှစ်အကယ်ဒမီပေးပွဲကြီးက တကယ့်ကို အားရကျေနပ်စရာ ကောင်းတဲ့ ဆုပေးပွဲ ကြီးဖြစ်လာမှာပါ လို့ဆိုပါတယ်။ အခုလို ဆုများ တိုးမြှင့်ကာ ချီးမြှင့်ခြင်းနဲ့ပတ်သက်ပြီး တော့ရော နောက်ပြီးသူမအနေနဲ့  ဒီနှစ်အကယ်ဒမီပေးပွဲကိုတက်ဖြစ်မလားဆိုတာ ကိုတော့ မင်းသမီးကြီး ခင်သန်းနုက…

“ဒီနှစ်အကယ်ဒမီက အခြေအနေ ကြည့်ပြီးတော့မှ တက်ချင်လည်း တက်မယ်။မတက်ချင်လည်း မတက် ဘူးပေါ့လေ။တစ်နှစ်ကတော့ တက် ဖြစ်ပါတယ်။ အကယ်ဒမီကတော့ ပျော်စရာကြီးပါ။တွေးပြီးတော့ သိပ်ကိုသွားချင်ပါတယ်။ ဒါပေမဲ့လို့ပြပွဲရဲ့ ကာလကြီးက အရှည် ကြီးဆိုတော့ ထိုင်နိုင်ပါ့မလားလို့လေ။ ကျန်းမာရေး ရှုထောင့်အရ ကြည့်ရသေးတာ။ဆုရမယ့်သူတွေကိုလည်း အားပေးချင်ပါ တယ်။ ဒီနှစ်က ဆုတွေကအများကြီး။ ကိုယ်အကယ်ဒမီရ တုန်းကဆို ဆုက ၄ဆုထဲ။ ဦးတင်မောင်ရယ်၊ ကိုဝင်းဦးရယ်၊ ကိုယ်ရယ် ဇာတ်ကားဆုရယ်တည်း။၁၁ ဆုဆိုတော့ အများကြီးအားရစရာကြီး။ဒီလိုပဲဖြစ်သင့်ပါတယ်။ ဒီလိုပဲမြေတောင် မြှောက်ပေးရမှာပေါ့။ ရှိတဲ့သူတွေ ထဲက ထိုက်တန်တဲ့သူတွေ ကိုတော့ပေးသွားရမှာပေါ့” လို့ပြောပြ ပါတယ်။

အနုပညာ အလုပ်နဲ့ ပတ်သက်ပြီး နှစ်အတော်ကြာ မလုပ်ဖြစ် တော့တဲ့ မင်းသမီးကြီး ခင်သန်းနုက ဖေဖော်ဝါရီလ ၁၁  ရက်နေ့ကတော့ ဒါရိုက်တာစင်ရော်မောင်မောင် ရိုက်ကူးတဲ့ ဆေးရုံကြော်ငြာ တစ်ခုကို နေအောင်၊ ဇင်ဝိုင်း၊မေသန်းနုတို့နဲ့ အတူ ရိုက်ကူး ပေးနေပါတယ်။

“ဒီနေ့ကြော်ငြာလေးကိုလေ ကျန်းမာရေးရှုထောင့်ကလည်း  ကောင်းအောင် တကယ်တမ်းတော့လည်း ကန်သာယာဆေးရုံရဲ့ အစွမ်း သတ္တိလေးကိုကြော်ငြာတဲ့သဘောပေါ့လေ။ကန်သာယာ ဆေးရုံ ကြော်ငြာရိုက်တာပေါ့။ဒါ အန်တီပထမဆုံး ကြော်ငြာလောကထဲကိုဝင် လိုက်တာပေါ့လေ။ဒါရိုက်တာက သင်္ကြန်မိုး အဖွဲ့သားတွေနဲ့ အဖွဲ့ သားတွေလည်းစုံတယ်။သင်္ကြန်လည်းနီးပြီဆိုတော့ သင်္ကြန်မိုး ဇာတ် ကားလေးကိုလည်း သတိရတယ်။အခုလိုဆုံရလို့လည်း ဝမ်းသာ တာပေါ့။အရင်တုန်းက စိတ်တွေကို ပြန်ခေါ်ရတာပေါ့။ကိုနေ အောင်ကြီးနဲ့ကတော့ ထုံးစံအတိုင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောဖြစ်ပါတယ်။ ဓာတ်ပုံလေးရိုက်တဲ့အခါ အမြဲတမ်း မြူးမြူး ကြွကြွ ဖြစ်အောင် အမြှဲကစစသမအ လုပ်ပါတယ်။ဒါက ရုပ်ရှင်မူဗီ မဟုတ်ဘူး၊ ကြော်ငြာဆိုတော့ သူတို့ရဲ့ ချစ်ခင်မှုကို လိုလားတောင့် တတယ်ပေါ့။ ပြန်လည်ပြီးတော့ အားပေးဦးမယ်ပေါ့။ နောက်က တော့ကျန်းမာရေးအရ မူတည်ပြီးလက်ခံမယ်ပေါ့နော်” လို့ ပြောပါတယ်။ သူမကို အခုချိန်ထိမမေ့ မလျော့ဘဲအမြဲအား ပေးချစ်ခင်နေတဲ့ပရိသတ်များအတွက် စကားလက်ဆောင်ကို လည်းမင်းသမီးကြီးခင်သန်းနုကအခုလိုပြောပြခဲ့ပါတယ်။

“ဆက်လက်ပြီးတော့ အကြွင်းအကျန်လေးကိုအားပေးပါဦးလို့။ ဘဝရဲ့သက်တမ်းလေးတစ်လျှောက်မှာ ကိုယ်တို့ဆို အသက် တွေကကြီးလာ ပြီလေ သူတို့ရဲ့အားပေးမှုလေးက  ကိုယ့်ရင်မှာ ပိုက်ထွေးပြီးတော့ သက်ဆုံးတိုင်ပဲ ကလေးတွေကိုပျော်ရွှင် ခွင့်ပေးလိုက်ပါလို့ပြောသလိုပဲ အန်တီနုကိုလည်း ပျော်ရွှင်ခွင့် လေးတွေပေးပါ”လို့ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071