တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ရှိ ကော့သောင်းပြည်သူ့ဆေးရုံ၌ ကျောက်ကပ်ဝေဒနာရှင်များအတွက် ကျောက်ကပ်သန့်စင်စက်ထားရှိရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ထားရှိနိုင်ရန်ဆောင်ရွက်နေမှုများအား တနင်္သာရီတိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုမှ ယနေ့ အောက်တိုဘာ ၃၁ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်ကပ်ဝေဒနာရှင်များ အဆင်ပြေချောမွေ့စွာစစ် ဆေးကုသမှုခံယူနိုင်ရေးအတွက် လိုအပ်သည့်ပစ္စည်းကိရိယာများ၊ ဆေးဝါးများလုံလောက်စွာထားရှိရန်၊ ကျောက်ကပ်ဖောင်ဒေးရှင်းဖွဲ့စည်းတည်ထောင်၍ ရန်ပုံငွေတစ်ရပ်ထားရှိနိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်း သိရသည်။
