Saturday, June 21, 2025

ချင်းတွင်းမြစ်ရေနှင့် ပဲခူးမြစ်ရေ မြင့်တက်နိုင်ဟု မိုး/ဇလအသိပေး

ချင်းတွင်းမြစ်ရေနှင့် ပဲခူးမြစ်ရေသည် နောက် ၂ ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည်...

ASEAN-Korea Startup Innovation Week...

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်မှ (၂၄) ရက်နေ့အထိ"ASEAN-Korea Startup Innovation Week 2025"...

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ...

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ မပြုလုပ်ကြရန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က ညွှန်ကြားခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်း ညှိနှိုင်းအစည်းအဝေးကို ဇွန်လ (၂၀) ရက်၊ နံနက်ပိုင်းက...

နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ဒေါ်လာ၂ ဒဿမ၃ဘီလျံ ရင်းနှီးမြှုပ်နှံမှုကိုအင်ဒိုနီးရှားနှင့်...

အင်ဒိုနီးရှားနှင့် ရုရှားနိုင်ငံတို့သည် စက်မှုလုပ်ငန်းဆိုင်ရာ အသိပညာ၊ အသုံးချ သုတေသနနှင့် အဆင့်မြင့် ဖြေရှင်းမှုများကို ဖလှယ်နိုင်မည့် နှစ်နိုင်ငံ နည်းပညာလွှဲပြောင်းမှုအတွက် အမေရိကန်ဒေါ်လာ ၂...
HomeMyanmar Theatrical Traditionကလေးတွေ ကို မြန်မာ့ရိုးရာ...

ကလေးတွေ ကို မြန်မာ့ရိုးရာ ဂုံးချိုးပညာ သင်ကြားပေးနေသူ သဘင် မင်းသားကြီး ဦးနန်းဝင်း

ပုဂ္ဂလိကကျောင်းတစ်ကျောင်း မှာ မြန်မာ့အနုပညာနဲ့ပတ်သက်လို့  သင်ကြားပြသပေးနေတဲ့ သဘင်မင်းသားကြီး ဦးနန်းဝင်းက အခုလို သီတင်းကျွတ်ကာလမှာတော့  ကျောင်းသား၊သူတွေကို မြန်မာ့ဂုံးချိုး      ပညာကို သင်ကြားပြသပေးလျက်ရှိပါတယ်။ သူ့အနေနဲ့ ဒီပညာကိုတော့ ငယ်စဉ်ကတည်းက သင်ယူခဲ့တာဖြစ်ပြီး ဇာတ်မင်းသားတို့ တတ်အပ်တဲ့ ပညာရပ်တွေထဲမှာလည်း ဒီပညာရပ်က တစ်ခုအပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။

“ဂုံးချိုးပညာဆိုတာ စက္ကူနဲ့ဝါးနဲ့ဒါပဲလုပ်တယ်။ လုံးဝဆေးရေးမပါပါဘူး။ အမှန်ကတော့ မျက်လုံး နဲ့ တွက်ရတဲ့ ပန်းချီပန်းပုကိုနှစ်ခုပေါင်းထားတဲ့ ပညာပါပဲ။ ပန်းပုမှာဆိုရင် အရင်ဆုံး ရွှံ့နဲ့မံရတယ်။ ပြီးတော့မှ အပေါ်ကနေပြီးတော့ ပန်းပုရုပ်ကို လိုက်ပြီးတော့ ထုတယ်။ နောက်မှ ဆေးခြယ်မယ်ပေါ့။ ဦးတို့ကကျတော့ ဝါးနဲ့ပုံစံအကြမ်းကို ပန်းပုထုသလိုမျိုး ဝါးနဲ့ထုတယ်။ ပြီးရင်စက္ကူကို အပေါ် ကကပ်ပြီးတော့မှ အချောပြန်လုပ် တယ်။ ၁၉၈၈ခုနှစ် ကာလတုန်းက ဆိုရင် ဦးတို့ဇာတ်မကရတဲ့ အချိန်မှာ သမင်လေးတွေ၊ ကားလေးတွေ၊ မီးပုံလေးတွေချိုးပြီး ရပ်ကွက်ထဲက ကလေးတွေကို ဝေခဲ့ တယ်။ ဦးက ဂုံးချိုးပညာကိုဝါသနာကိုပါတာ။ လမ်းထဲမှာရှိတဲ့ ကလေးတွေကို အလကားလုပ်ပေးခဲ့ တာ” လို့ ဂုံးချိုး ပညာရပ်နဲ့ပတ်သက်လို့ သူ့ရဲ့လေ့လာ လိုက်စားခဲ့မှုကို ဦးနန်းဝင်းက ပြောပြပါတယ်။ လက်ရှိမှာတော့ ပဂ္ဂိုလိက ကျောင်းတစ်ကျောင်းမှာ ဂုံးချိုးပညာကို သင်ကြားပေးနေလျက်ရှိပြီး ဝါးရဲ့ အကြောကိုဘယ်လိုချိုးရလဲ၊ ရေးချိုး တိုင်းနည်းတွေကို အသေးစိတ်သင်ပေးလျက်ရှိပါတယ်။

“မြန်မာ့ရိုးရာတွေအသုံးပြုတဲ့ နေရာတွေမှာ တစ်ခြားအရာတွေက အစားထိုးလာကြတယ်။ ဆိုလိုတာက အင်ဖတ်နေရာမှာြ<ွကတ်ြ<ွကတ်အိတ် တွေ အစားထိုးလာတယ်။ နှီးဓနိနဲ့ ချည်တဲ့နေရာမှာ ကြွတ်ကြွတ် အိတ် ကြိုးတွေနဲ့ အစားထိုးလာတယ်။ မြန် မာ့ရိုးရာ ယဉ်ကျေးမှုမီးပုံးလေးတွေ နေရာမှာ တရုတ်မီးပုံးတွေ အစား ထိုးလာကြတာမြင်တော့ ကျောင်းမှာ ကလေးတွေကို ဒီမြန်မာ့ရိုးရာပညာ ရပ်တစ်ခုဖြစ်တဲ့ ဂုံးချိုးပညာကို သင်ကြားပေးနေတာပါ။ အရင်တုန်းကတော့ ဇာတ်ခုံပေါ်မှာ ပရိသတ် တွေရဲ့ လက်ခုပ်သံနဲ့အတူ အနုပညာရှင်တစ်ယောက်ဖြစ်နေခဲ့ပေမယ့် အခုအချိန်မှာ ကျောင်းသားတွေ ကို ကိုယ်တတ်တဲ့ အနုပညာနဲ့ ဖြန့်ဝေရတဲ့အခါမျိုးမှာလည်း ပီတိဖြစ်နေရပါတယ်။ ဝါသနာပါတာနဲ့ စီးပွားရေးအလုပ်တစ်ခုနဲ့ တစ်ထပ်တည်းသွားကျတော့ ကိုယ့်ကိုယ်ကိုယ် ပင်ပန်းမှန်းမသိပါဘူး။ ကျောင်းမှာတစ်နေကုန် စာသင်တယ်။ တစ်နေကုန်ဒီအလုပ်တွေ လုပ်တယ်။ ဒါပေမဲ့ ဦးအနေနဲ့ ပျော် နေတယ်။ ကလေးတွေကို ဒီ ပညာရပ်တွေ သင်ပေးရလို့ပေါ့” လို့ ကလေးတွေကို ဂုံးချိုးပညာသင်ပေး နေရတဲ့ ခံစားမှုကို ဦးနန်းဝင်းက ပြောပြပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071