Sunday, May 3, 2026

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်(...

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ...

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄...

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း...

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့်...

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ...
HomeNewsLiterature Newsကလေးတွေကို ငယ်စဉ်ကတည်းက စာဖတ်ကျင့်ရှိအောင်...

ကလေးတွေကို ငယ်စဉ်ကတည်းက စာဖတ်ကျင့်ရှိအောင် အကျင့်လုပ်ထားတာ ကောင်းတယ် မဝိုင်း (ကံ့ကော်ဝတ်ရည်)

ma-wine

အိုင်တီနည်းပညာ မဖွံ့ဖြိုးသေး ခင် ကာလများဆီက ကလေးငယ်များမှာ ရွှေသွေး၊ တေဇ၊ မင်္ဂလာမောင်မယ် စတဲ့ ကလေးစာပေတွေနဲ့ တရင်း တနှီး ကျွမ်းဝင်ခဲ့ကြပြီး စာဖတ်ခြင်း ကို စတင်ရင်းနှီးခဲ့ကြပါတယ်။ နည်းပညာ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ စိတ်ဝင်စားဖွယ်ရာ ကဏ္ဍအစုံ စုံ တိုးတက်ထွန်းကားလာတာနဲ့အမျှ ကလေးသူငယ်တွေရဲ့ စိတ်ဝင်စားမှု တွေကလည်း ပျံ့နှံ့ရောက်ရှိသွားခဲ့ပြီး စာပေဖတ်ရှုမှုနှုန်းကျဆင်းလာခဲ့ပါတယ်။ ကလေးစာပေနဲ့ ပတ်သက်ပြီး ကံ့ကော်ဝတ်ရည်စာပေတိုက်မှ ထုတ်ဝေသူ မဝိုင်းကို မေးကြည့်ရာမှာတော့

” ကလေးစာပေလို့ပြောကြတယ်။ ကလေးစာပေလို့ပြောကြတော့ အစ်မ နားလည်တာက ကလေးစာပေမှာ ဘယ်နှနှစ်အရွယ်ကလေးကို ရည်ရွယ် ပါသလဲဆိုတဲ့ မေးခွန်းတော့ရှိတယ်။ အစ်မတို့တိုင်းပြည်မှာ ကလေးစာပေ ထုတ်ဝေတဲ့တိုက်တွေရှိပါတယ်။ သူတို့ လည်း တစ်ပိုင်တစ်နိုင် ထုတ်ကြပါတယ်။ ဒါပေမဲ့ အခုအချိန်ထိ သေချာစနစ် တကျနဲ့ ကျွန်တော်တို့ တိုက်ကတော့ ဘယ်နှနှစ်ကနေ ဘယ်နှနှစ်အထိ အတွက်တော့ ထုတ်ပါတယ်။ ဘယ် အရွယ်ကနေ ဘယ်အရွယ်အတွက် တော့ ကျွန်တော်တို့တိုက်က ဘယ်လို စာအုပ်တွေ ထုတ်ပါတယ်ဆိုတဲ့ သေ သေချာချာ စနစ်တကျနဲ့ Plan လေးဆွဲပြီး လုပ်ထားတာမျိုးတော့ မမြင်မိသေးဘူး” လို့ မဝိုင်း (ကံ့ကော် ဝတ်ရည်)က ကလေးစာပေနဲ့ ပတ်သက်ပြီး သူ့အမြင်ကို ပြောပြပါ တယ်။ ကလေးတွေအတွက် စာဖတ် ကျင့်ရှိအောင် ပြုစုပျိုးထောင်ပေးခြင်းကလည်း ကောင်းသော အလေ့အကျင့်ဖြစ်ကြောင်းကို မဝိုင်း (ကံ့ကော်ဝတ်ရည်) က အခုလို မှတ်ချက်ပြု ပြောပြပါတယ်။

” ကလေးတွေကို ငယ်ငယ်ကတည်းက စာဖတ်ကျင့်ရှိအောင် အကျင့်လုပ်တာ ကောင်းတာပေါ့။ တအားလည်း လုပ်သင့်တဲ့အလုပ်ပဲ။ ကလေးကနေ တစ်ဆင့်ပြီးရင် လူငယ် ဖြစ်လာမှာလေ” လို့ သူ့အမြင်ကို မဝိုင်း (ကံ့ကော်ဝတ်ရည်)က ပြောပြခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ သားနှစ်ယောက်အပေါ် မိခင်တစ်ယောက် အနေနဲ့ စာဖတ်ကျင့်ရှိအောင် ပြုစုပျိုး ထောင်ပေးခဲ့ပုံကို မျှဝေပြောပြခဲ့ရာမှာတော့..

” အစ်မရဲ့သားနှစ်ယောက်မှာ သားအကြီးလေးက စာဖတ်တယ်။ ငယ်ငယ်ကတည်းကလည်း စာဖတ် ကျင့်ရှိအောင် ပျိုးထောင်ပေးထား တယ်။ အိမ်ကမိဘတွေကလည်း စာအုပ်တွေကြားထဲမှာနေတာဆို တော့ သူကလည်း ငယ်ငယ်ကတည်း က စာအုပ်တွေကြားထဲမှာ ကြီးပြင်း ခဲ့တာပေါ့။ သားအကြီး ငယ်ငယ်တုန်း က ဂိမ်းတို့၊ လူမှုကွန်ရက်တို့က အား နည်းသေးတယ်။ အင်တာနက်မရှိ သေးဘူး။ တီဗီကတော့ ဖြိုင်ဖြိုင် ပေါ် နေပြီ။ ရုပ်ရှင်လည်းကြည့်၊ စာအုပ် လည်းဖတ်ပေါ့။ သားအငယ် ခေတ် ရောက်တော့ သူ့မှာ တခြား စိတ်ဝင် စားစရာ အာရုံတွေက တော်တော် များသွားတယ်။ သားငယ်က စာဖတ် တာ တော်တော်အားနည်းတယ်။ အဲဒီ တော့ သူ့ကို ဘယ်လိုလုပ် ပေးရသလဲ ဆိုတော့ သူသည် စာအုပ်ဖတ်နေရင် ပြီးရော။ သားငယ်ကို ကဲ ..ဘာ စာ အုပ်ဖတ်ချင်လဲ။ သူစိတ် ဝင်စားတဲ့ စာအုပ်ပေါ့။ သိုင်းစာအုပ် ဖတ်မလား၊ စုံထောက်လား၊ သရဲ တစ္ဆေစာအုပ်ဖတ် မလား၊ ဖတ်ချင်တဲ့ စာအုပ်ဖတ်ပေါ့။ ဒါပေမဲ့ နည်းနည်းကြီးလာတော့ မိဘ တစ်ယောက်အနေနဲ့ ကိုယ့်သားစာဖတ်ဖို့ တော်တော်များများ လုပ်ပေးရတာ ပေါ့။ သူ့မှာ စာဖတ်တဲ့အလေ့ အကျင့် လေး ဖြစ်လာဖို့အတွက်ပေါ့။ နောက် တော့ သူတဖြည်းဖြည်း ဘာဖတ်လာ သလဲဆိုတော့ သော်တာဆွေဖတ်လာ တယ်။ ရယ်ရလို့။ သော်တာဆွေဖတ် ရာကနေ ရွှေဥဒေါင်းဖတ်လာတယ်။ နောက်တော့ စုံထောက် ဦးစံရှား စာ အုပ်ချပေးတယ်။ စုံထောက်ဝတ္ထု ဆိုတော့ ကလေးက စိတ်ဝင်စားတော့ ဖတ်တယ်။ အဲဒီလိုမျိုး စာဖတ်ကျင့် ရလာအောင် တစ်စတစ်စနဲ့ ဆွဲယူ ရတာပေါ့။ ငယ်ငယ်ကတည်းက ကလေးတွေကို အရုပ်တွေကြည့်တတ် ကတည်းက အရုပ်လေးတွေ ပေးကြည့်၊ နောက်တော့ စာနည်း နည်း၊ ပုံများများ အဲဒီလိုဟာမျိုးလေး တွေ ပေးဖတ်ပေါ့။ ဒီလိုနဲ့ တဖြည်း ဖြည်း ဆွဲယူရတာပေါ့” လို့ မိခင် တစ်ယောက်အနေနဲ့ သားသမီးတွေ အပေါ်မှာ စာဖတ်ကျင့်ရှိလာအောင် ပြုစုပျိုးထောင်ခဲ့ပုံကို မဝိုင်း (ကံ့ကော် ဝတ်ရည်) က မျှဝေပြောပြခဲ့ပါတယ်။

မျိုးကျော် (ကနောင်သွေး)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071