Monday, February 2, 2026

လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး လူကယ်ပြန်ဝန်ကြီးဌာန အသိပေးထုတ်ပြန်

လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်သည့် ကြိုတင်ပြင်ဆင်ရမည့် အချက်အလက်များကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ယနေ့ ဖေဖေါ်ဝါရီ(၂) ရက်၌ အသိပေးထုတ်ပြန်ထားသည်။ ရာသီဥတုဖြစ်စဉ်များနှင့် ပတ်သက်ပြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း...

မုံရွာမြို့၊ သုဓမ္မစာရီ ဗိမာန်ကျောင်းတိုက်နှင့် ရွှေတောင်ဦး...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သုဓမ္မစာရီ ဗိမာန်ကျောင်းတိုက်နှင့် ရွှေတောင်ဦး လယ်တီဝိပဿနာ ရိပ်သာကြီးများ၏ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တကောသလဥာဏ၏ ဝိဇာတမွေးနေ့ မင်္ဂလာနှင့် ဂုဏဝိသိဌပူဇော်ပွဲမင်္ဂလာကို...

ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၁၀၂)ကြိမ်မြောက် ညံရိုးပူဇော်ပွဲ

ပဲခူးတိုင်း၊ ပြည်မြို့ရှိ ရွှေဆံတော်စေတီတော်မြတ်ကြီး ၏ (၁၀၂)ကြိမ်မြောက် ညံရိုးပူဇော်ပွဲအား ဖေဖော်ဝါရီ ၁ ရက်(တပေါင်းလပြည့်နေ့)နံနက်ပိုင်းကကျင်းပရာ လာရောက်ပူဇော်သူများဖြင့် စည်ကားများပြားလျက်ရှိသည့် မြင်ကွင်းပုံရိပ်များအား စုစည်းဖော်ပြလိုက်ရပါသည်။ Photo-ပြည်ရွှေဆံတော်ဂေါပကအဖွဲ့

MOB ဘဏ်နှင့် ARCCI တို့နားလည်မှုစာချွန်လွှာလက်မှတ်ထိုး

ဧရာဝတီတိုင်း၏ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုး တက်မှုအတွက် ဘဏ်များ၏ပံ့ပိုးကူညီမှုသည် အရေး ကြီးသောအခန်းကဏ္ဍတွင်ပါဝင်ဟု ဧရာဝတီတိုင်းဝန် ကြီးချုပ်ပြော မြန်မာအရှေ့တိုင်းဘဏ်(MOB)နှင့် ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအ သင်း(ARCCI)တို့ကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းကို ဇန်နဝါရီ...
HomePoemကချေသည်လိုမြို့ကလေး

ကချေသည်လိုမြို့ကလေး

နန်းတွင်းကြီးရဲ့ ရင်ခွင်အရိပ်အငွေ့နဲ့
ခြောက်သွေ့သွေ့ အပူဒဏ်ပွေ့ပိုက်ကာ
ကျွန်တော်တို့ မြို့ကလေးဟာ
အညာမြေတစ်ဝိုက်က
မူမှန်၊ နေရာမှန်တဲ့ဒေသပေါ့။

ရာဇဝင်သမိုင်းကြောင်းမှာ
မင်းတုန်းမင်း အရှင်ဘုရင်နဲ့
နန်းတော်မြို့ ကြီး ဟုတ်ခဲ့သလို
ဒဏ်ရာအနာတရတွေကများ
သိက္ခာပါးပါးလေးကြားထဲက
ယဉ်ကျေးမှုဟန်တွေ ဖိတ်လျှံနေတဲ့
ကချေသည်လို မြို့ကလေးလည်း ဟုတ်ရဲ့။

ကျွန်တော်တို့မြို့မှာ
ပြအိုး၊ ပစ္စင်၊ ပြာသာဒ်မျာနဲ့
ခမ်းနားစွာ တင့်တယ်လှပနေတယ်
လှပယဉ်ကျေးပြီးတော့
နှလုံးသားအမှန် အရိုးခံစိတ်ထား
ဘာသာတရားလည်း ထွန်းကားတယ်။

အဲဒီမြို့လေးက
‘မန္တလေး’တဲ့။

နာမည်နဲ့လိုက်အောင်လှတယ်
‘မန္တလေး’က
လှပပြီး သန့်ရှင်းသာယာတယ်
‘မန္တလေး’မှာ
သာယာလွန်းလို့ ငြိမ်းချမ်းတယ်။

‘မန္တလေးမြို့’ဟာ
ငြိမ်းချမ်းပြီး အေးချမ်းချက်ရှိတယ်။
မန္တလေးနွေကို
အရည်ကျိုသောက်ထားတဲ့
မန္တလေးသားတွေကို
နွေပူမှာကြောက်သလားမေးရင်တော့
ရိုးအီပြီး ကြည့်တဲ့မျက်နှာတွေကလည်း
ချစ်စရာ။

ယခုအခါဆို
မြို့သားတွေကိုလည်း ရင်ဘတ်မှာနှစ်
ဧည့်သည်တွေကို တကယ်ချစ်တော့
ကျွန်တော်တို့
မန္တလေးမြို့ရဲ့ နေ့စွဲတွေက
ပိုပိုပြီး ကျစ်လျစ်ခိုင်မာလာခဲ့တယ်။

ဘုန်းမောင် (မန္တလေး)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071