Saturday, May 30, 2026

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဘာသာစကားနှင့် ကွန်ပျူတာသင်တန်းများ ဖွင့်လှစ်မည်

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် (MUFL) တွင် ၂၀၂၆ ခုနှစ် ဇွန်လအတွင်း စတင်ဖွင့်လှစ်မည့် ဘာသာစကားသင်တန်းများ၊ ကွန်ပျူတာသင်တန်းများနှင့် Phonetics and Phonology သင်တန်းများအတွက်...

ချင်းပြည်နယ်၊ တွန်းဇံမြို့အနီး ၄.၂ မဂ္ဂနီကျုဒ်...

၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်နေ့ ညနေ ၆ နာရီ ၅၂ မိနစ် ၅၂ စက္ကန့်အချိန်တွင် ချင်းပြည်နယ်၊...

ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များကို နိုင်ငံတော်သမ္မတ...

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာသို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ် သာမြန်မာဘုန်းကြီးကျောင်းသို့သွားရောက်ခဲ့သည်။ ထိုသို့ သွားရောက်ပြီးနောက်...

ဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ်ထားသည့် ဗုဒ္ဓဂါယာရှိ မဟာဗောဓီစေတီတော်ကို နိုင်ငံတော်သမ္မတ...

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၁ ရက်နံနက်ပိုင်းက ဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ်ထားသည့် ဗုဒ္ဓဂါယာယဥ်ကျေးမှုနယ်မြေရှိ မဟာဗောဓိစေတီတော်ကိုဖူးမြှော်ကြည်ညိုပြီး ရုပ်ပွားတော်မြတ်ကြီးအား ဆွမ်း၊...
HomeCelebrities' Newsကိုယ့်ဘက်က မှန်နေတဲ့ ကိစ္စ...

ကိုယ့်ဘက်က မှန်နေတဲ့ ကိစ္စ တစ်ခုဖြစ်တဲ့ အတွက် ခေါင်းငုံ့ပြီး ငြိမ်နေမှာတော့ မဟုတ်ဟု မျိုးကိုကိုစန်း ပြော

DSC_0032ဇန်နဝါရီလ ၂၃ ရက်နေ့မှာတော့ မျိုးကိုကိုစန်းက ဖမ်းဆီး ထိန်းသိမ်း ခံရခြင်းနဲ့ ပတ်သက်ပြီး စာနယ်ဇင်း ရှင်းလင်းပွဲကို ရန်ကုန်မြို့ရှိ Orchid Hotel  မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ စာနယ်ဇင်း ရှင်းလင်းပွဲမှာတော့ မျိုးကိုကိုစန်းက “ညီမ အနေနဲ့ ပေါ်ပြူလာ ဂျာနယ် အင်တာဗျူး ကို ကြည့်လိုက် ရတယ်ပေါ့နော်။ ကြည့်ရ တဲ့အခါမှာ တရားလို အနေနဲ့ကျတော့ ရဲစခန်းမှာ သူ့ဂုဏ်၊ သိက္ခာ ကျစေတဲ့ အမှုနဲ့ သူတိုင်ကြား တယ်ပေါ့နော်။ တိုင် ကြားတဲ့အခါမှာ သူ့အနေနဲ့ Page Admin  ကို သူတိုင်ကြားတယ် ပေါ့။ ညီမ သိထားတဲ့ ၆၆(ဃ) အမှု ဆိုတာက တိုင်ကြားတဲ့အခါမှာ သက်သေခံ ပစ္စည်းပါ ပူးတွဲပါရမယ် လို့ ဒါညီမသိထားတဲ့ တစ်ချက်ပေါ့ နော်။ အဲဒီမှာ ဘာလဲဆိုတော့ တရား လိုနဲ့ အမှုကို လက်ခံတဲ့ ရဲတွေရဲ့ ကြားမှာ ဘယ်သူ မှန်တယ်။ ဘယ်သူ မှားတယ် ဆိုတာတော့ ညီမ အနေနဲ့ သေချာ မသိ ဘူးပေါ့နော်။ ဘယ်သူ့ကို တရားစွဲရမယ် ဆိုတာလည်း ဒီအချိန် မှာ ဘာမှ မစဉ်းစား ရသေးပါဘူး။ ညီမရဲ့ အုပ်ထိန်းသူတွေ၊ ဥပဒေ အကြံပေးတွေ နဲ့ သေသေချာချာ တိုင်ပင်ပြီးတော့မှပဲ ဆုံးဖြတ်မယ်။ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် ဆိုတာ မပြောလိုဘူး။ သူကရဲနဲ့ တရားလိုကြား က ကိစ္စဖြစ်တဲ့ အတွက်ကြောင့်မို့ ညီမ အနေနဲ့က အစွပ်စွဲခံ တရားခံဖြစ်တဲ့ အတွက် ကိုယ်တရားခံ မဟုတ်မှန်း အစစ်ဆေး ခံပြီးပြီ။ ကိုယ်မဟုတ်မှန်း သက်သေ ပြပြီးပြီဖြစ်တဲ့ အတွက် ဒီကိစ္စကတော့ နည်းနည်း ရှင်းရှင်းလင်းလင်း သိတဲ့ အခါကျ မှ ပြောချင် တာပေါ့။ ကိုယ့် ဘက်က မှန်နေတဲ့ ကိစ္စဖြစ်တဲ့ အတွက် ညီမအနေနဲ့ ခေါင်းငုံ့ပြီး ငြိမ်ခံနေ သွားမှာတော့ မဟုတ်ပါဘူး။ အချုပ်ထဲမှာ ၃ရက် ရောက်ခဲ့တယ်  ဆိုတာက ရေချိုး ချလိုက်တာနဲ့ ပျောက်သွားမယ့် အတိတ်တော့ မဟုတ်ဘူးပေါ့။ ညီမကို သူများ တွေက မျက်ရည် ချူတယ်လို့ ထင်ချင် လည်း ထင်နိုင်ပါတယ်။ သူတို့ကို ညီမပြောချင်တာက ကိုယ်အပြစ် မလုပ်ဘဲ ညီမလိုပဲ အချုပ်ထဲ တစ် ရက်လောက်ပဲ သွားနေကြည့်ကြပါ။ ညီမကို သူတို့ နားလည်နိုင်လာပါ လိမ့်မယ်” လို့ မျိုးကိုကိုစန်းက ပြော ပါတယ်။

အဆိုပါ စာနယ်ဇင်း ရှင်းလင်း ပွဲမှာတော့ မျိုးကိုကိုစန်းရဲ့ မိခင်ဖြစ် သူက သူ့ရဲ့ခံစားချက်ကို ပြောကြား ရာမှာတော့ “အခုလိုဖြစ်သွားတဲ့ ကိစ္စ မှာ တော်တော် များများ ဆုံးရှုံး နစ်နာ မှုတွေ ကြုံခဲ့ရတယ်။ ဒီဆုံးရှုံး နစ်နာ မှုက တစ်နိုင်ငံလုံး သိသွားတဲ့ အပြင် နိုင်ငံရပ်ခြား အထိပါ သူ့ရဲ့ ဂုဏ် သိက္ခာ ကျဆင်းမှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအတွက် သူ့ကို နစ်နာအောင် လုပ်တဲ့သူဘက်က နေပြီးတော့ မျိုး ကိုကိုစန်းဟာ လုံးဝ အပြစ် ကင်းစင် ကြောင်းကို နိုင်ငံတော်ပိုင် သတင်း စာ ကနေပြီးတော့ တရားဝင် တောင်း ပန်စာကို တစ်ပတ် အတွင်း ကျွန်မ အနေနဲ့ လိုချင်ပါတယ်” လို့ ပြောခဲ့ ပါတယ်။

မျိုးကျော် (ကနောင်သွေး)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071