Friday, April 24, 2026

LNG တင်သွင်းရေးအတွက် ဒေါ်လာ ၄...

မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM) က သဘာဝဓာတ်ငွေ့ရည် (LNG) တင်သွင်းသည့်ကုမ္ပဏီတစ်ခုသို့ အမေရိကန်ဒေါ်လာ ၄ သန်း ရောင်းချပေးခဲ့ကြောင်း သိရသည်။ ဧပြီလ ၂၃ ရက်နေ့တွင်...

နိုင်ငံတကာတွင် မြန်မာ့အလံလွှင့်ထူနိုင်ရန် Esports Nations...

​မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF) သည် လာမည့် Esports Nations Cup (ENC) 2026 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ကြမည့် အသင်းများကို...

FIFA Football for School...

​မြန်မာနိုင်ငံ၏ အားကစားကဏ္ဍ မြှင့်တင်ရေးအတွက် FIFA Football for School Program နှင့် Smart School အစီအစဉ်ကို ရန်ကုန်၊...

မုံရွာမြို့တွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အောက် ဆက်လက်ကျဆင်းနေ၊...

ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင် ရေနည်းသတိပေးမှတ်အောက်သို့ ရောက်ရှိနေပြီး ရှေ့လာမည့်ရက်များတွင်လည်း ထပ်မံကျဆင်းနိုင်ခြေရှိသဖြင့် မြစ်ကြောင်းတစ်လျှောက် သွားလာနေကြသည့် ရေယာဉ်များအနေဖြင့်အထူးသတိပြုသွားလာကြရန် လိုအပ်ကြောင်း မိုးဇ/လက ယနေ့တွင် သတိပေးထားသည်။ မိုးလေဝသနှင့်...
HomeNewsLocal Newsကုလအဖွဲ့အစည်းများက ကမ္ဘာ့ နိုင်ငံများသို့...

ကုလအဖွဲ့အစည်းများက ကမ္ဘာ့ နိုင်ငံများသို့ Round-5 အဖြစ် ကာကွယ်ဆေးပံ့ပိုးရာတွင် မြန်မာနိုင်ငံကိုပါ ထည့်သွင်း ပံ့ပိုးမည်

ကုလအဖွဲ့အစည်းများက ကမ္ဘာ့ နိုင်ငံများသို့ Round-5 အဖြစ် ကာကွယ်ဆေးပံ့ပိုးရာတွင် မြန်မာနိုင်ငံကိုပါ ထည့်သွင်း ပံ့ပိုးမည်

 

နေပြည်တော်၊အောက်တိုဘာ ၆ရက်

ကမ္ဘာ့ နိုင်ငံများသို့ ကုလအဖွဲ့အစည်းများက Round-5 အဖြစ် ကာကွယ်ဆေးပံ့ပိုးရာတွင် မြန်မာနိုင်ငံကိုပါ ထည့်သွင်းပြီး Pfizer ကာကွယ်ဆေး (၄,၀၄၈,၂၀၀) doses နှင့် Round-6 အဖြစ် Sinovac ကာကွယ်ဆေး (၂,၂၄၂,၈၀၀) doses ကို ပံ့ပိုးပေးသွားရန် ရှိနေသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၈ရက်က GAVI အဖွဲ့မှ လာရောက်၍ နစက ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များနှင့်တွေ့ဆုံပြီး Pfizer ကာကွယ်ဆေးများ ပံ့ပိုးပေးနိုင်ရေးကိစ္စ၊ စက်တင်ဘာလအတွင်းက GAVI, WHO နှင့် UNICEF အဖွဲ့များမှ ကိုယ်စားလှယ်များအပါအဝင် ရန်ကုန်မြို့အခြေစိုက် WHO, UNICEF ရုံးမှ ကိုယ်စားလှယ်များနှင့် နစက ကျန်းမာရေးဝန်ကြီးဌာနတို့ ၄ကြိမ်ထက်မနည်း တွေ့ဆုံဆွေးနွေးအပြီး ကမ္ဘာ့ နိုင်ငံများသို့ ကုလအဖွဲ့အစည်းများက Round-5 အဖြစ် ကာကွယ်ဆေးပံ့ပိုးရာတွင် မြန်မာနိုင်ငံကိုပါ ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် Round-1မှ Round-4 အထိ မြန်မာသည် ကိုဗစ်ကာကွယ်ဆေးရရေးကိစ္စတွင် ချန်လပ်ခံထားရသည်။

နစကကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ UNICEF အဖွဲ့မှ အအေးလမ်းကြောင်း အဆင်သင့်ဖြစ်စေရေးအတွက် Ultra Cold Chain ရေခဲသေတ္တာများနှင့် ကာကွယ်ဆေးထိုးနှံရန် လိုအပ် သည့် ဆေးထိုးအပ် AD Syringe 0.5 ml များ ပံ့ပိုးပေးဖို့ ရှိနေကြောင်းလည်းသိရသည်။

မြန်မာနိုင်ငံအနေဖြင့် (NLDအစိုးရလက်ထက်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ရရှိရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ နှစ် ကုန်ပိုင်းတွင်စတင်၍ GAVI COVAX Facility နှင့် ညှိနှိုင်းခြင်း၊ ကာကွယ်ဆေးထုတ်လုပ်သည့် မိတ်ဆွေ နိုင်ငံများနှင့် နိုင်ငံအချင်းချင်း(Bilateral)ညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး အိန္ဒိယနိုင်ငံမှ ကာကွယ်ဆေး (၃၀)သန်း doses အား စာချုပ်ချုပ်ဆို၍ ဝယ်ယူခဲ့သည်။

သို့ရာတွင် COVAX Facility မှ ၎င်း၏အခြား အဖွဲ့ဝင်နိုင်ငံများသို့ Round-4 အထိ ကာကွယ်ဆေးပံ့ပိုးမှုများ ဆောင်ရွက်ခဲ့သော်လည်း မြန်မာနိုင်ငံသို့ ယနေ့အချိန်အထိ ကာကွယ်ဆေးများ ပို့ဆောင်မှုမရှိသေးဘဲ ပို့ဆောင်မည့်ကာလနှင့်ပတ်သက်၍ အကြိမ်ကြိမ်ရွေ့ဆိုင်းခဲ့ခြင်းများ ရှိခဲ့သည်။

အိန္ဒိယနိုင်ငံအနေဖြင့်လည်း ၎င်းတို့နိုင်ငံတွင် ရောဂါဖြစ်ပွားမှု အခြေအနေအရ ကာကွယ်ဆေးတင်ပို့ခြင်းကို ခေတ္တရပ်ဆိုင်းထားခဲ့ပြီး မြန်မာနိုင်ငံသို့ ကာကွယ်ဆေး လှူဒါန်းမှု(၁.၅)သန်း doses နှင့် ဝယ်ယူမှု(၂)သန်း doses စုစုပေါင်း(၃.၅)သန်း doses သာ ပို့ဆောင်ပေးခဲ့သည်။

နိုင်ငံတွင် ၂၇-၁-၂၀၂၁ ရက်နေ့မှ ၄-၁၀-၂၀၂၁ ရက်နေ့အထိ လူဦးရေစုစုပေါင်း(၈.၆၈)သန်းအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးဖြစ်သည်။ ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ (၃.၉၂)သန်း၊ အသက်(၁၈)နှစ်နှင့်အထက် လူဦးရေ၏ (၁၀.၆၃)ရာခိုင်နှုန်းခန့်ကို အကြိမ်ပြည့်ထိုးနှံပေးပြီးဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071