Friday, May 16, 2025

ပေါ်တူဂီနည်းပြ ပေါ်လိုဆေးလ်ဗားအား ရခိုင်ယူနိုက်တက်အသင်း နည်းပြချုပ်အဖြစ်...

ပေါ်တူဂီ နည်းပြပေါ်လိုဆေးလ်ဗားအား ရခိုင်ယူနိုက်တက်အသင်းက နည်းပြချုပ်အဖြစ် ပြန်လည်ခန့်အပ်လိုက်ပြီဖြစ်ကြောင်း တရားဝင် အသိပေးထားသည်။ လက်ရှိ ယှဥ်ပြိုင်လျက်ရှိသော MNL League Cup 2025 ပြိုင်ပွဲ၀င်...

မြန်မာ – ချုံချင့် စီးပွားရေးနှင့်...

မေ (၁၃) ရက်တွင် မြန်မာ-ချုံချင့် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ကို ရေးထိုးခဲ့ကြောင်း သိရသည်။ မြန်မာ-ချုံချင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီးပွားရေးမိတ်ဆက်ဆွေးနွေးပွဲနှင့်...

ရာသီဥတုဖောက်ပြန်မှုကပုံ​ဖော်​နေ​သော ကမ္ဘောဒီးယား

ကမ္ဘောဒီးယားသည် ၎င်း၏ ပြည်သူ့ကျန်းမာရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ အခြေခံအဆောက်အအုံနှင့် စီးပွားရေးကို ခြိမ်းခြောက်လာနေသည့် ရာသီဥတု စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ အပူချိန်မြင့်တက်လာပြီး မိုးရွာသွန်းမှုပုံစံများ မှန်းဆမရလောက်အောင် ပြောင်းလဲလာသည်နှင့်အမျှ...

ဒိုးလုံး၏တေးသီချင်းများကို စီးပွားဖြစ်အသုံးပြုပါက အသိပေးရန်ကြေညာ

တေးရေး/တေးဆို ခွန်နေလင်းနိုင်(ခ)ဒိုးလုံး၏ တေးသီချင်းများအား စီးပွားဖြစ်အသုံးပြုမည်ဆိုပါက အသိပေးခွင့်တောင်းရန်လိုအပ်ကြောင်း သူ၏ ဇနီးဖြစ်သူက ကြေညာသည်။ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ချောစုတင်(ချောစုခင်)က နိုင်ငံပိုင် သတင်းစာမှ တဆင့်အသိပေး...
HomeInternationalကုလအနေဖြင့် တောင်ကိုရီးယားနှင့်အမေရိကတို့၏စစ်ရေးလေ့ကျင့်မှုအား ရပ်တန့်ရန်တိုက်တွန်းသင့်သည်ဟု...

ကုလအနေဖြင့် တောင်ကိုရီးယားနှင့်အမေရိကတို့၏စစ်ရေးလေ့ကျင့်မှုအား ရပ်တန့်ရန်တိုက်တွန်းသင့်သည်ဟု မြောက်ကိုရီးယားပြော

ဆိုးလ်၊မတ် ၅

အခြေအနေကိုထိန်းချုပ်ရန်ခက်ခဲစေပြီး တင်းမာမှုမြင့်လာနိုင်သည့်အတွက် တောင်ကိုရီးယားနှင့်အမေရိကတို့၏ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုအား တားမြစ်ပေးရန် မြောက်ကိုရီးယားကကုလထံတောင်းဆိုခဲ့ကြောင်း ၎င်း၏နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

တောင်ကိုရီးယား – အမေရိကန်မဟာမိတ်များ၏ စစ်ရေးလေ့ကျင့်မှုနှင့် လေလုံးထွားမှုများသည် လက်လွယ်စပယ်နိုင်ပြီး အဓိပ္ပာယ်မဲ့လွန်းသည်ဟုလည်း အဆိုပါထုတ်ပြန်ချက်၌ပါရှိသည်။

တောင်ကိုရီးယားနှင့်အမေရိကတို့သည် ယခုလအတွင်း ဆယ်ရက်ကျော်ကြာမည့် အကြီးစားစစ်ရေးလေ့ကျင့်မှုတစ်ခုအား နှစ်နိုင်ငံပူးပေါင်းလုပ်ေဆာင်မည်ဖြစ်ပြီး ကုန်း‌၊ရေနှစ်သွယ်စစ်ဆင်ရေးများလည်းပါဝင်မည်ဟု ထုတ်ပြန်ကြေငြာထားသည်။

အမေရိကနှင့်တောင်ကိုရီးယားတို့ကလည်း ကုလလုံခြုံရေးကောင်စီ၏တားမြစ်မှုကြားမှပင် အဖန်တလဲလဲစမ်းသပ်ပစ်လွှတ်နေသည့် မြောက်ကိုရီးယား၏ ဒုံးကျည်နှင့်နျူအစီအစဉ်များကိုတန်ပြန်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှုကအရေးကြီးသည်ဟုတုံ့ပြန်ခဲ့သည်။

ကင်မ်ဂျုံအန်းကမူ ရန်လိုမှုအထင်အရှားပြနေသည်ကိုမြင်နေသည့်ကြားမှ ကုလအနေဖြင့် ငုတ်တုတ်ထိုင်ကြည့်နေသည်ကို အံ့ဩမိကြောင်းနှင့် ကုလအတွင်းရေးမှူးချုပ် မစ္စတာဂူတာရက်စ်သည် တရားမျှတမှုမရှိ ဘဲဘက်လိုက်လွန်းသည်ဟုလည်း ပြီးခဲ့သည့်လကဝေဖန်ခဲ့သေးသည်။

Source : Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပေါ်တူဂီနည်းပြ ပေါ်လိုဆေးလ်ဗားအား ရခိုင်ယူနိုက်တက်အသင်း နည်းပြချုပ်အဖြစ် ပြန်လည်ခန့်အပ်

ပေါ်တူဂီ နည်းပြပေါ်လိုဆေးလ်ဗားအား ရခိုင်ယူနိုက်တက်အသင်းက နည်းပြချုပ်အဖြစ် ပြန်လည်ခန့်အပ်လိုက်ပြီဖြစ်ကြောင်း တရားဝင် အသိပေးထားသည်။ လက်ရှိ ယှဥ်ပြိုင်လျက်ရှိသော MNL League Cup 2025 ပြိုင်ပွဲ၀င် ရခိုင်ယူနိုက်တက်ဘောလုံးအသင်းသည် အသင်းအောင်မြင်မှုများရရှိစေရန် ရည်ရွယ်၍ ပြန်လည်ခေါ်ယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ယမန်နှစ် MNL League Cup ပြိုင်ပွဲတွင် အသင်းအားအကြို ဗိုလ်လုပွဲတက်လုနီးပါးအထိ အကောင်းဆုံးဦးဆောင်ခဲ့ သူတစ်ဦးဖြစ်ကာ ၎င်းသည် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီဖြစ်‌ကြောင်း သိရသည်။ လာမည့် မေလ (၁၇) ရက်၊ ချင်းလန်း အက်ဖ်စီနှင့် ပွဲမှစတင်၍ နည်းပြချုပ်အဖြစ် တာ၀န်ယူကိုင်တွယ်သွားမည်ဖြစ်ကြောင်း သိရသည်။ ရခိုင်ယူနိုက်တက်အသင်းသည်...

မြန်မာ – ချုံချင့် စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

မေ (၁၃) ရက်တွင် မြန်မာ-ချုံချင့် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ကို ရေးထိုးခဲ့ကြောင်း သိရသည်။ မြန်မာ-ချုံချင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီးပွားရေးမိတ်ဆက်ဆွေးနွေးပွဲနှင့် မြန်မာ-ချုံချင့် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ရေးထိုးခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ချုံချင့်မြူနီစီပယ်အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ပိုမိုတိုးတက်စေရေး မြန်မာ-ချုံချင့် စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့် ညွှန်ကြားရေးမှူးချုပ် Mr. Zhang Yongwu တို့က...

ရာသီဥတုဖောက်ပြန်မှုကပုံ​ဖော်​နေ​သော ကမ္ဘောဒီးယား

ကမ္ဘောဒီးယားသည် ၎င်း၏ ပြည်သူ့ကျန်းမာရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ အခြေခံအဆောက်အအုံနှင့် စီးပွားရေးကို ခြိမ်းခြောက်လာနေသည့် ရာသီဥတု စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ အပူချိန်မြင့်တက်လာပြီး မိုးရွာသွန်းမှုပုံစံများ မှန်းဆမရလောက်အောင် ပြောင်းလဲလာသည်နှင့်အမျှ သက်ရောက်မှုများကို ခံစားလာ​နေရသည်။ မကြာသေးမီနှစ်များအတွင်း ဖနွမ်းပင်အပါအဝင် ကမ္ဘောဒီးယားနိုင်ငံတစ်ဝှမ်းရှိ ပြည်နယ်များသည်ရေလွှမ်းမိုးမှုဒဏ်ကို ခံခဲ့ရသည်။ ထောင်နှင့်ချီသော မိသားစုများ အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး အရေးကြီးသော အခြေခံအဆောက်အဦးများနှင့် စိုက်ပျိုးရေးထွက်ကုန်များ အကြီးအကျယ် ဆုံးရှုံးခဲ့ရသည်။ ရာသီဥတုဖောက်ပြန်မှုကြောင့် ပိုဆိုးလာသည့်ရေကြီးမှုများက ပိုပြင်းထန်လာ​ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။ ကမ္ဘောဒီးယား၏ ကမ်းရိုးတန်းဒေသများသည် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းအတွက် နောက်ထပ်ခြိမ်းခြောက်မှုတစ်ခုနှင့် ရင်ဆိုင်နေရသည်။ ကမ်းရိုးတန်းတိုက်စားမှုနှင့် ရေငန်ဝင်ရောက်မှုတို့သည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071