Tuesday, May 26, 2026

ရန်ကုန်တိုင်းတွင် အခြေခံပညာကျောင်း ၂၇၀၀ ကျော်...

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ရာသီစတင်ချိန်၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ၂၇၁၇ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၃၇၈ ကျောင်းတို့တွင် ကျောင်းသား ကျောင်းသူများ လာရောက်အပ်နှံလျက်ရှိကြောင်း...

ရန်ကုန်၊ မကွေးနှင့် ပဲခူးတို့တွင် သစ်ပင်လဲကျမှုများကြောင့်...

ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် မေ ၂၅ ရက်က သစ်ပင်လဲကျမှုများ ဖြစ်ပွားခဲ့ပြီး လမ်းပိတ်ဆို့မှုများကြုံတွေ့ခဲ့ရသဖြင့် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ဖယ်ရှားရှင်းလင်းပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး...

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ကြမ်းအတွက် အကြံပြုချက်များပေးပို့နိုင်

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ကြမ်းအားရေးဆွဲပြီးနောက် ပြည်သူများလေ့လာနိုင်ရန် နိုင်ငံပိုင်သတင်းစာများ၌ထည့်သွင်းဖော်ပြခဲ့သည်။ ယင်း ဥပဒေကြမ်းအား တတိယအကြိမ်လွှတ်တော်များ ၏ ဒုတိယပုံမှန်အစည်းအဝေးများတွင် ဆွေးနွေးသွားမည်ဖြစ်၍ အကြံပြုချက်များပေးပို့လိုပါက ဇွန် ၂ ရက်နောက်ဆုံးထားပေးပို့နိုင်သည်ဟု...

အမြန်လမ်းတွင် သုံးရက်ဆက်တိုက် ယာဥ်မတော်တဆမှု(၅)ကြိမ်ဖြစ်ပွားပြီး (၂)ဦးသေဆုံး...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယနေ့ မေ ၂၅ ရက်၊ မေ ၂၄ ရက်နှင့် မေ ၂၃ ရက်တို့က သုံးရက်ဆက်တိုက်ယာဥ်မတော်တဆမှု(၅)ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ(၂)ဦးနှင့်...
HomeMoviesကုန်ဈေးနှုန်းတည်ငြိမ်လျော့ကျစေရေးအတွက် ဧပြီလအတွင်း ဒီဇယ်ဆီ...

ကုန်ဈေးနှုန်းတည်ငြိမ်လျော့ကျစေရေးအတွက် ဧပြီလအတွင်း ဒီဇယ်ဆီ တင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့်ပြု

ကုန်ဈေးနှုန်းတည်ငြိမ်လျော့ကျစေရေးအတွက် ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုအပေါ် ကောက်ခံသောအကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် (၂ ရာခိုင်နှုန်း) တို့ကို ဧပြီ ၁ ရက်မှ ဧပြီ ၃၀ ရက်နေ့အထိ ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ယနေ့ တွင် အသိပေးထုတ်ပြန်ထားသည်၊

ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုတွင် အများဆုံး အဓိကအသုံးပြုလျက်ရှိသည့် ဒီဇယ်ဆီ HSD (500 ppm) ဈေးနှုန်းတည်ငြိမ်၊ လျော့ကျစေရေး ဆောင်ရွက်ပေးခြင်းဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်လျော့ကျစေနိုင်မည် ဖြစ်ကြောင်းလည်း အသိပေးချက်တွင် ဖော်ပြထားသည်။

အဆိုပါအခွန်ကင်းလွတ်ခွင့်သည် အကောက်ခွန်ဦးစီးဌာန၌ Import Declaration (ID) ဖွင့်လှစ်၍ တင်သွင်းသည့် ဒီဇယ်ဆီ HSD (500 ppm) များအတွက်သာ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ တွင် အရှေ့အလယ်ပိုင်းဒေသပဋိပက္ခများကြောင့် ကမ္ဘာ့စက်သုံးဆီဈေးနှုန်း မြင့်တက်နေချိန်တွင် ပြည်တွင်းရှိ စက်သုံးဆီဈေးနှုန်းများလည်း တဖြည်းဖြည်းမြင့်တက်လျက်ရှိရာ စက်သုံးဆီ (ဒီဇယ်ဆီ) အသုံးပြုမောင်းနှင်ရသည့် မော်တော်ယာဉ်များဖြင့် သယ်ဆောင်အသုံးပြုလျက်ရှိသည့် အခြေခံစားသောက်ကုန်၊ ကုန်စည်ဈေးနှုန်းများကို ထိန်းညှိပေးရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တိုင်းတွင် အခြေခံပညာကျောင်း ၂၇၀၀ ကျော် နှင့် ကိုယ်ပိုင်ကျောင်း ၃၇၀ ကျော်တွင် ကျောင်းသား ကျောင်းသူများ လာရောက်အပ်နှံနေပြီဖြစ်

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ရာသီစတင်ချိန်၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ၂၇၁၇ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၃၇၈ ကျောင်းတို့တွင် ကျောင်းသား ကျောင်းသူများ လာရောက်အပ်နှံလျက်ရှိကြောင်း သိရဿည်။ ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် မေ ၂၅ ရက်ကနေ ၃၁ ရက်အထိ သတ်မှတ်ထားပြီး ဇွန်လ ၁ ရက်နေ့တွင် ကျောင်းများ စတင်ဖွင့်လှစ်မည်ဖြစ်သည်။ ကျောင်းအပ်နှံရာတွင် မည်သည့် အခကြေးငွေမျှကောက်ခံမှုမရှိဘဲ ကျောင်းဝတ်စုံ၊ သင်ရိုးစာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ဘောပင်များထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။ ယမန်နှစ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောင်းသား ကျောင်းသူ (၁,၁၇၃,၃၄၇) ဦး...

ရန်ကုန်၊ မကွေးနှင့် ပဲခူးတို့တွင် သစ်ပင်လဲကျမှုများကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပွား၊ မီးသတ်တပ်ဖွဲ့များ အချိန်မီရှင်းလင်း

ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် မေ ၂၅ ရက်က သစ်ပင်လဲကျမှုများ ဖြစ်ပွားခဲ့ပြီး လမ်းပိတ်ဆို့မှုများကြုံတွေ့ခဲ့ရသဖြင့် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ဖယ်ရှားရှင်းလင်းပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် (င/က) ရပ်ကွက်၊ ဦးဘဟန်လမ်း၌ နေ့လယ် ၁ နာရီ ၂၀ မိနစ်ခန့်က သစ်ပင်တစ်ပင် လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ရာ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များက အချိန်မီ ဖယ်ရှားရှင်းလင်းပေးခဲ့ကြောင်း သိရသည်။ အလားတူ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ရွှေရောင်တော်ကျေးရွာနှင့် ဂန့်ဂေါမြို့ အမှတ်(၁)ရပ်ကွက် မြောက်ကုန်းရပ်တို့တွင်လည်း သစ်ပင်များ လဲကျခဲ့ပြီး လမ်းပိတ်ဆို့မှုများ...

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ကြမ်းအတွက် အကြံပြုချက်များပေးပို့နိုင်

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ကြမ်းအားရေးဆွဲပြီးနောက် ပြည်သူများလေ့လာနိုင်ရန် နိုင်ငံပိုင်သတင်းစာများ၌ထည့်သွင်းဖော်ပြခဲ့သည်။ ယင်း ဥပဒေကြမ်းအား တတိယအကြိမ်လွှတ်တော်များ ၏ ဒုတိယပုံမှန်အစည်းအဝေးများတွင် ဆွေးနွေးသွားမည်ဖြစ်၍ အကြံပြုချက်များပေးပို့လိုပါက ဇွန် ၂ ရက်နောက်ဆုံးထားပေးပို့နိုင်သည်ဟု ဖိတ်ခေါ်ထားသည်။ အကြံပြုချက်များအား ညွှန်ကြားရေးမှူးချုပ်၊ ပြည် ထောင်စုလွှတ်တော်ရုံး၊ နေပြည်တော်။ ညွှန်ကြားရေး မှူးချုပ်၊ ပြည်သူ့လွှတ်တော်ရုံး၊ နေပြည်တော်။ ညွှန် ကြားရေးမှူးချုပ်၊ အမျိုးသားလွှတ်တော်ရုံး၊ နေပြည် တော်တို့သို့ လိပ်မူပေးပို့နိုင်သည်ဟုအသိပေးဖိတ်ခေါ်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071